MI : 6 မှာ တွမ်ခရုဇ် ဆက်လက် ပါဝင် သရုပ်ဆောင်ရန် နီးစပ် အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဟောလိဝုဒ် အကျော်အမော် တွမ်ခရုစ်ဟာ သူ့ရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွဲဖြစ်တဲ့ Mission Impossible ရဲ့ နောက်ဆက်တွဲ ဇာတ်ကားသစ်မှာ ဆက်လက် ပါဝင်ဖို့ ပါရာမောင့် ရုပ်ရှင် ကုမ္ပဏီနဲ့ ညှိနှိုင်းတဲ့ နေရာမှာ သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။ လာမယ့် ၂၀၁၇ ဇန်နဝါရီမှာ စတင်ရိုက်ကူးမယ့် Mission Impossible : 6 မှာ အီသန်ဟန့်အဖြစ် တွမ်ခရုစ်ကို အီသန်ဟန့်ခ်အဖြစ် သေချာပေါက် ဆက်လက် မြင်တွေ့ရမယ်လို့ ထင်ခဲ့ကြပေမယ့် သရုပ်ဆောင်ကြေး ညှိနှိုင်းမှုမှာ ပြဿနာ အချို့ ရှိနေခဲ့တာကြောင့် သဘော တူညီမှုရရှိဖို့ ကြန့်ကြာ နေခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပါရာမောင့်နဲ့ တွမ်ခရုဇ်တို့ကြား ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းမှု အဆင်ပြေသွားပြီဖြစ်ကြောင်း ဟောလိဝုဒ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သတင်းတွေ ထွက်ပေါ်လာတာကြောင့် MI 6 မှာ တွမ်ခရုဇ်ကို ဆက်လက် မြင်တွေ့ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခြားဇာတ်ကောင်တွေ နေရာနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့ Mission Impossible ရုပ်ရှင်ကားတွေတိုင်းမှာ ပါဝင်ခဲ့တဲ့ အမေရိကန် ဝါရင့် သရုပ်ဆောင်ကြီး ဗင်ရိန်းစ် မပါဝင်တော့ဘူးလို့ သတင်းတွေ ထွက်နေသလို အမျိုးသမီး သရုပ်ဆောင် နေရာအတွက် ရွေးချယ်မှုကိုလည်း ပါရာမောင့် ထုတ်လုပ်ရေးက ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ Mission Impossible : 6 ရုပ်ရှင်ကားကို ၂၀၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ သတင်းတွေက ဖော်ပြနေကြပေမယ့်လည်း ပါရာမောင့်ကတော့ ဇာတ်ကား ထွက်ရှိလာမယ့်ရက်ကို တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ Ref : flashnews.com
Source : https://goo.gl/KhcqJW
via IFTTT
No comments:
Post a Comment