Saturday, September 17, 2016

RFA Burmese

ကုလသမဂ္ဂမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စ EU ဆုံးဖြတ်ချက် တင်သွင်းမှာမဟုတ် ~~~~~~~~~~~~ ■ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၂၅ နှစ်လုံးလုံး တင်သွင်းလာခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လာမယ့်တနင်္လာနေ့မှာ စတင်မယ့် ၇၁ ကြိမ်မြောက်ညီလာခံမှာ တင်သွင်းတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့၊ လူ့အခွင့်အရေးတိုးတက်ဖို့ အစိုးရသစ်က အပြုသဘော ခြေလှမ်းသစ်တွေ ချမှတ် ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အထွေထွေညီလာခံ တတိယကော်မတီ အစည်းဝေးမှာ မြန်မာ့ လူ့အခွင့်အရေး အခြေနေတွေကို ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းမှာ မဟုတ်ကြောင်း EU ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒီကနေ့ ရန်ကုန်ထုတ် Myanmar Times သတင်းစာက ရေးပါတယ်။ ဒီထုတ်ပြန်ချက်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ တနင်္လာနေ့မှာ စတင်မယ့် အထွေထွေညီလာခံ ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းမပြောခင် ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ EU အဖွဲ့ဟာ ၁၉၉၁ ခုနှစ်ကတည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနတွေကို ဝေဖန်ရှုတ်ချတဲ့ အဆိုမူကြမ်းကို နှစ်စဉ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ EU ရဲ့ အခု ဆုံးဖြတ်ချက်အပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်ထားပါတယ်။ @LH
Source : http://ift.tt/2cQRQqw
via IFTTT

No comments:

Post a Comment