Sunday, September 11, 2016


The First Weekly ဂျာနယ်တွင် ဖော်ပြထားသည့် ယခင် အစိုးရ လက်ထက် ဒေါ်လာ ၃၈၂ သန်းဖိုး တံတား တစ်ထောင်ကျော် တည်ဆောက်ခြင်းမရှိ ဟူသော သတင်း မှားယွင်းဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပြောကြား The First Weekly ဂျာနယ်တွင် ဖော်ပြထားသည့် ယခင်အစိုးရ လက်ထက် ဒေါ်လာ ၃၈၂ သန်းဖိုး တံတား တစ်ထောင်ကျော် တည်ဆောက်ခြင်းမရှိ ဟူသော သတင်း မှားယွင်းဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောကြားသည်။ ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် အတွဲ (၆) အမှတ် ၂၄၉ စက်တင်ဘာ ၉ ရက်ထုတ် အဆိုပါ ဂျာနယ်ပါ “သမ္မတ ဦးသိန်းစိန် လက်ထက် လမ်းတံတားပေါင်း ၁၃၈၀ တည်ဆောက်ခဲ့တယ်ဟု ဆိုပြီး ဒေါ်လာ ၆၄၀ ဒသမ ၃ သန်းအား သုံးစွဲခဲ့ကြောင်း နိုင်ငံတော် ဘတ်ဂျက် စိစစ်ရေး အဖွဲ့မှ တွေ့ရှိ၊ တည်ဆောက်ခဲ့သည် ဆိုသော တံတားများအား လိုက်လံစစ်ဆေးရာ တံတားပေါင်း ၄၂၄ စင်းသာ တည်ဆောက်ထားကြောင်း တွေ့ရှိရ” ခေါင်းစဉ်တပ်ထားသည့် သတင်းမှာ သတင်းအမှားဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “Facebook မှာ ပျံ့နှံ့နေတဲ့ ဒေါ်လာ သန်း ၇၀၀ ကို အစင်း ၁၀၀၀ ဆောက်ရမှာ ၄၀၀ ကျော်ပဲ ဆောက်တယ်။ ၆၀၀ ကျော် ပျောက်နေတယ် ဆိုတာက လုံးဝ မဟုတ်ပါဘူး။ တစ်စင်းတောင် ပျောက်လို့ မရပါဘူး။ အဲဒီ သတင်းက လုံးဝ သတင်းအမှားပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောကြားသည်။ အဆိုပါ သတင်းတွင် ‘ယခင် အစိုးရက တည်ဆောက်ခဲ့တယ်ဆိုတဲ့ တံတားများကို လိုက်လံစုံစမ်း စစ်ဆေးခဲ့ရာမှာတော့ တည်ဆောက်ခဲ့တဲ့ တံတားပေါင်းဟာ အစင်း ၁၃၈၀ မဟုတ်ဘဲ တံတားပေါင်း ၄၂၄ စင်းသာ တည်ဆောက်ထားတာ တွေ့ရပြီး တံတားအစင်းပေါင်း ၁၀၅၆ ကို တည်ဆောက်ထားတာ မတွေ့ခဲ့ရကြောင်း၊ အဆိုပါ တည်ဆောက်ခြင်း မရှိသော တံတားများရဲ့ တန်ဖိုးမှာ ဒေါ်လာ သန်းပေါင်း ၃၈၂ သန်း ရှိတယ်လို့ စီမံကိန်း ဝန်ကြီးဌာန သတင်းများအရ သိရှိရပါတယ်’ ဟု ဖော်ပြထားသည်။ ဆက်လက်ပြီး အဆိုပါ သတင်းတွင် ‘အဆိုပါ လမ်းတံတား အစင်း ၁၃၈၀ အတွက် တည်ဆောက်ရန်ဆိုပြီး နိုင်ငံတကာမှ ဒေါ်လာ သန်းပေါင်း ၇၀၀ အထိ ချေးယူခဲ့တာကို တွေ့ရကြောင်း စီမံကိန်း ဝန်ကြီးဌာန သတင်းများအရ သိရှိရပါတယ်’ ဟု ရေးသား ဖော်ပြထားသည်။ “နိုင်ငံခြားချေးငွေနဲ့ တံတားဆောက်တာ ရှိပါတယ်။ ဒလတံတား ဖြစ်ပါတယ်။ ဒေါ်လာ ၁၃၈ သန်း ဖြစ်ပါတယ်။ အခုမှ Consultant ရွေးပြီး ဆောက်မှာ ဖြစ်တဲ့အတွက် အဲဒီ ပိုက်ဆံ လုံးဝ မသုံးရသေးပါဘူး။ တကယ်လို့ သုံးမယ် ဆိုရင်လည်း နိုင်ငံခြားကုမ္ပဏီ ဆူဆန်းကုမ္ပဏီကို ငှားထားပြီးပါပြီ။ EDCF Funduae တိုက်ရိုက်ချေးမှာ ဖြစ်တဲ့အတွက် နိုင်ငံခြား Consultant ကနေပဲ တိုက်ရိုက် ချေးမှာ ဖြစ်ပါတယ်။ နိုင်ငံခြားချေးငွေ ဖြစ်တဲ့အတွက် JICA ODA ချေးငွေ၊ ဆင်းရဲနွမ်းပါမှု လျှော့ချရေးအတွက် ဒေါ်လာ ၉၅ သန်း ရှိပါတယ်။ အဲဒီအတွက် နိုင်ငံခြား Consultant ကုမ္ပဏီ Oriental Consultant ကို ငှားထားပါတယ်။ ဂျပန် ကုမ္ပဏီပါ။ ဒေါ်လာ ၉၅ သန်းဖိုး လုပ်ငန်းတွေကို အသေးစိတ် တစ်ဆင့်ချင်း စစ်ဆေးပြီး မှန်ကန်မှ သူတို့က ပိုက်ဆံချေးတာပါ။ နောက်တစ်ခုက မအူပင်-ဖျာပုံလမ်းမှာ ADB ချေးငွေ ရှိပါတယ်။ ဒေါ်လာ သန်း ၈၀ ရှိပါတယ်။ နိုင်ငံခြား Consultant ကုမ္ပဏီ SMECMopaMwvs ကို ငှားထားပါတယ်။ နိုင်ငံခြားချေးငွေတွေ အားလုံးက နိုင်ငံခြား Consultant ငှားကို ငှားရတယ်။ စစ်ဆေးပြီး မှန်ကန်မှ ချေးတာပါ” ဟု အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ယင်းသတင်းနှင့် ပတ်သက်ပြီး ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားသည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ယခင် အစိုးရ လက်ထက်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအုန်းမြင့်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ‘ယခင်အစိုးရအဖွဲ့ ဖြောင်သွားတယ်ဆိုတဲ့ တံတားအစင်း ၁၀၀၀ ကိစ္စ အစည်းအဝေး လုပ်မယ်။ ပြည်ခိုင်ဖြိုး လက်ရှိ တာဝန်ယူထားသူတွေ စွပ်စွဲခံထားရတဲ့ ဝန်ကြီးဌာနက တာဝန်ယူထားခဲ့သူတွေ အချက်အလက် အပြည့်အစုံနဲ့ ရှင်းမယ်၊ ဆွေးနွေးကြမယ်။ လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လုပ်ကြပါမယ်။ တံတားကြီးတွေ ဆောက်ရင် နိုင်ငံခြားငွေ သုံးလိုပါက ပြည်နယ်၊ တိုင်း၊ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ အဆင့်ဆင့် လွှတ်တော်ထိ တင်ခွင့်ပြုမှ သုံးရတာ ဖြောင်သွားနိုင်မလား စဉ်းစားကြည့်’ ဟု ရေးသား ဖော်ပြထားသည်။ Writer: ထက်ရှိုင်း
Source : http://ift.tt/2cmDAqr
via IFTTT

No comments:

Post a Comment