Monday, September 12, 2016

The Mirror Daily

ပအိုဝ်းဘာသာ စာပေ သင်ကြားရေး မွမ်းမံသင်တန်း သင်တန်းဆင်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် နောင်တရား စက်တင်ဘာ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပရိယတ္တိ စာသင်တိုက်တွင် ပအိုဝ်းဘာသာစာပေ သင်ကြားရေး မွမ်းမံသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက် က ပြုလုပ်ခဲ့သည်။ အဆိုပါ ပအိုဝ်းစာပေ သင်ကြားရေး သင်တန်းကို ခြောက်ရက်ကြာ သင်ကြားပို့ချခဲ့ပြီး အ.မ.က၊ အ.လ.က နှင့် အ.ထ.က ကျောင်းများ၌ ပအိုဝ်းစာပေ ဘာသာရပ် သင်ကြား ပေးနိုင်ရေး အတွက် သင်တန်း ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။ အခမ်းနားသို့ ပအိုဝ်းစာပေ ပြန့်ပွားရေး သံဃာတော်များ၊ ပအိုဝ်းဘာသာ စာပေ သင်ကြားရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) မှ ခွန်ပညာဗုဒ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ နောင်တရားမြို့ အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ အဖွဲ့ဝင်များ ကျောင်းဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသားများ ၂ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ၊ သင်တန်းသားများ ၁၅ဝ တက်ရောက် ဖြေဆိုခဲ့ပြီး အဆင့် ၁ မှ ၁ဝ အထိ ရရှိသူများကို ဆုပေးအပ် ချီးမြှင့်ခဲ့သည်။ သင်တန်းသူ၊ သင်တန်းသားများသည် မိမိတို့ကျောင်းတွင် ပအိုဝ်းစာပေ ဘာသာရပ်ကို ပြန်လည် သင်ကြား ပေးရမည် ဖြစ်ကြောင်း သိရသည်။ နောင်တရား (ပြန်/ဆက်)
Source : http://ift.tt/2cCNjIi
via IFTTT

No comments:

Post a Comment