နေပြည်တော် ကျောက်မျက်ပြပွဲ မနှစ်ကထက် ရောင်းအား အနည်းငယ် ကျဆင်း နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သော ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းပြပွဲတွင် အမေရိကန် ဒေါ်လာ ၆၁၂.၄ သန်း (ယူရို ၅၁၈.၈၂ သန်း) ရောင်းရကြောင်း သိရပြီး ယင်းပမာဏသည် ယခင်နှစ်က ရောင်းချခဲ့ရသော ပမာဏ ဒေါ်လာ ၆၂၈.၇ သန်း (ယူရို ၅၃၃.၄၉ သန်း) ထက်ယှဉ်လျှင် ၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။ ၅၄ ကြိမ်မြောက် ကျောက်မျက်နှင့်ကျောက်စိမ်းရောင်းချပွဲကို သြဂုတ်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၆၅၆၁ တွဲပြသခဲ့ပြီး ၅၀၉၂ တွဲကို ယူရို ၅၁၅.၇၅ သန်းဖြင့်ရောင်းချခဲ့ရသည်ဟု သိရသည်။ ကျောက်စိမ်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်တွင် အများဆုံးတူးဖေါ်ရရှိသည်။ မိုးကုတ်နှင့် မိုင်းရှူးမှထွက်သော ပတ္တမြားနှင့်နီလာတို့ကိုပြသရောင်းချသည့် အပိုင်းတွင်မူ ကျောက်မျက် ၃၂၆ တွဲပြသရောင်းချခဲ့ပြီး ၁၀၅ တွဲကို ယူရို ၃.၀၆၈ သန်း (ဒေါ်လာ ၃.၆ သန်း) ဖြင့်ရောင်းချခဲ့ရသည်။ ယခုနှစ်ကျောက်မျက်ရတနာပြပွဲတွင် ကုမ္ပဏီ ၁၁၀၀ ကို ကိုယ်စားပြုသည့် နိုင်ငံခြားသား ၃၄၀၀ ကျော် လာရောက်ခဲ့ပြီး ပြည်တွင်းမှ ဝယ်ယူသူ ၁၈၀၀ ရှိသည်။ မြန်မာနိုင်ငံသည် နိုင်ငံတွင်းတွင် ကျောက်စိမ်း ကုန်ချောထုတ်ကုန်များ အရည်အသွေးမြှင့်တင်ရေးကိုလည်း လုပ်ဆောင်နေသည်။ ကျောက်စိမ်းဈေးကွက်အဖြစ် လူသိများသည့် မန္တလေးတွင် တက်လမ်းအမည်ရှိ ပြည်တွင်းကုမ္ပဏီတခုတွင် ခေတ်မီ ကျောက်စိမ်းကျောက်မျက်ဈေး အဆောက်အအုံတခုကို တည်ဆောက်နေသည်။ ထိုစီမံကိန်းတွင် ကျောက်စိမ်းကုန်ချောများ လက်ရာ ပိုမိုကောင်းမွန်ရေးအတွက် သင်တန်းကျောင်းလည်း ပါဝင်သည်။ The post နေပြည်တော် ကျောက်မျက်ပြပွဲ မနှစ်ကထက် ရောင်းအား အနည်းငယ် ကျဆင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2i1THOD
via IFTTT
No comments:
Post a Comment