ပထမဆုံး One Lady Show ကျင်းပမယ့် အိမ့်ချစ် တေးသံရှင် အိမ့်ချစ်ရဲ့ ပထမဆုံး One Lady Show ဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပသွားမှာ ဖြစ်ကြောင်းနဲ့ သူမရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို Beyond The Success Solo Concert လို့ အမည်ပေးထားတယ် လို့ အိမ့်ချစ်က ဧရာဝတီကို ပြောပါတယ်။ “ဒီပွဲကို စိတ်ကူးယဉ်ခဲ့တာကြာပါပြီ စိတ်ကူးယဉ်တဲ့ အတိုင်း အကောင်အထည် ဖော်နိုင်တော့မယ် ဆိုတော့ ဝမ်းသာပီတိ ဖြစ်ပါတယ်။ အစ်မရဲ့ ဖျော်ဖြေတင်ဆက်မှု အပိုင်းမှာတော့ ပရိသတ်ကို အပြည့်အဝ တင်ဆက်နိုင်အောင်လို့ အခု ကတည်းက ပြင်ဆင်နေပါတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။ အိမ့်ချစ်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကိုတော့ Myanmar Event Management က စီစဉ်တင်ဆက်ပေးမှာ ဖြစ်ပြီး High Bird Music Band က တီးခတ်ပေးမှာ ဖြစ်တယ် လို့ သိရပါတယ်။ “လာကြည့်မယ့် ပရိသတ်တွေက လူငယ်တွေလည်း ပါသလို လူကြီးတွေရော၊ ကျောင်းသား/သူ တွေ၊ ဝန်ထမ်းတွေ၊ ငွေကြေး ပြည့်စုံသူတွေလည်း ပါမယ်။ လူတန်းစား အလွှာစုံ လာရောက် ကြည့်ရှုအားပေးလို့ ရအောင်၊ အစ်မရဲ့ ပွဲကို ကြည့်ချင်လို့ လက်မှတ်ခ ဈေးကြီးလိုက်တာ ဆိုပြီး မဖြစ်ရအောင် အကောင်းဆုံး ဖြစ်အောင် စီစဉ်နေပါတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။ သူမရဲ့ Beyond The Success Solo Concert မကျင်းပမီ အနုပညာမောင်နှမများနှင့် အိမ့်ချစ်တို့ရဲ့ Pre Party ပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Beyond The Success Solo Concert ဖျော်ဖြေပွဲ အတွက် လက်မှတ်ဝယ်ယူ ထားတဲ့ ပရိသတ်များ အနေနဲ့ အဲဒီ Pre Party ကို တက်ရောက်နိုင်တယ် လို့ သိရပါတယ်။ “ဒီပွဲမတိုင်ခင်မှာ Pre Party လည်း လုပ်ဖို့ရှိတယ်။ အနုပညာမောင်နှမတွေကိုလည်း ဖိတ်မယ်။ အဲဒီ Pre Party ကို ပရိသတ်တွေထဲက တက်ချင်တယ် ဆိုရင်တော့ ဖျော်ဖြေပွဲရဲ့လက်မှတ် ဘယ်လောက်တန်း ကနေ ဘယ်လောက်အတွင်း လက်မှတ် ဝယ်ထားရင် တက်ရောက်ခွင့်ရှိမယ်၊ ဆိုတာမျိုး စီစဉ်ထားတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။ တေးသံရှင် အိမ့်ချစ်ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ကလည်း သူမရဲ့ဖခင်ဖြစ်သူ အဆိုတော် ချစ်ကောင်းနဲ့ အတူ “ချစ်ကောင်း အိမ့်ချစ် ၅၂၈” ဖျော်ဖြေပွဲလည်း ပြုလုပ်ခဲ့ပါတယ်။ The post ပထမဆုံး One Lady Show ကျင်းပမယ့် အိမ့်ချစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2w6pSmr
via IFTTT
No comments:
Post a Comment