Wednesday, August 16, 2017


မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်လာ ၅ သောင်း ဆုချ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲတွင် မြန်မာ လူငယ်ဘောလုံး အသင်းသည် သြဂုတ် ၁၄ ရက်၊ တနင်္လာနေ့က ပြိုင်ဘက် စင်ကာပူ အသင်းကို ၂ ဂိုး၊ ဂိုးမရှိနှင့် အနိုင်ရသောကြောင့် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ရရှိခဲ့သည်။ မြန်မာအသင်းသည် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပါဝင်သည် ဟု ဆိုသည့် အညိုရောင်စာအိတ် တခုကို လက်ခံရယူနေသည့် ဓာတ်ပုံကို Thai Futbol ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ သတင်း ရင်းမြစ်များ၏ အဆိုအရ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကို ကမ္ဘောဇအုပ်စု ဥက္ကဌလည်း ဖြစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယကလည်း ဖြစ်သူ ဦးအောင်ကိုဝင်းက ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဋ္ဌဟောင်း ဦးတေဇတို့က အမေရိကန်ဒေါ်လာ ၁၀၀၀၀ စီချီးမြှင့်ခြင်း ဖြစ်သည် ဟု ဆိုသည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ် အထိ ရောက်မည် ဟု အသင်းနည်းပြ Gerd Zeise က မျှော်လင့်ထားပြီး ထို အသင်းတွင် အသက် ၂၀ အောက် ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလားတွင် ပါဝင်ခဲ့သူ ၈ ဦးနှင့် နောက်ဆုံး ကျင်းပသည့် ဆီးဂိမ်းတွင် ငွေတံဆိပ် ရခဲ့သောကြောင့် ထိုအသင်း အပေါ် မျှော်လင့်ချက်များ လွန်စွာ မြင့်မားနေသည်။ ဆက်စပ်ဖတ်ရှုရန် – ဆီးဂိမ်း ဘောလုံးပွဲ ဘယ်သူဗိုလ်စွဲမလဲ The post မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်လာ ၅ သောင်း ဆုချ appeared first on ဧရာဝတီ.
Source : http://ift.tt/2uOKsn3
via IFTTT

No comments:

Post a Comment