Wednesday, August 16, 2017


ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးငယ်တဦး H1N1 ဖြင့် ထပ်မံသေဆုံး ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) တွင် H1N1ကြောင့် ကလေးငယ်တဦး ယနေ့ ထပ်မံ သေဆုံးခဲ့ကြောင်း နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ သေဆုံးကလေးငယ်သည် အသက် ၂ နှစ် ၆လရှိ ယောက်ျားလေးဖြစ်ပြီး ဧရာဝတီတိုင်းမှဖြစ်ကာ ဇူလိုင်လ ၂၈ ရက်နေ့မှ စကာ ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။ သြဂုတ်လ ၁၆ ရက်နေ့တွင် H1N1 သံသယလူနာ ၃၉ ဦးကို စစ်ဆေးရာ ဗိုင်းရပ်စ်ပိုးတွေ့သူ ၂၀ ဦး ထပ်မံ တိုးလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ၁၆ ရက်နေ့ နေ့လယ် ၂နာရီ အထိ စာရင်းများအရ ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူ ၆၈၇ ဦးတွင် H1N1 Positive လူနာ၂၆၂ဦး ရှိလာပြီး သေဆုံးသူ၂၆ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ The post ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးငယ်တဦး H1N1 ဖြင့် ထပ်မံသေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2weDXgH
via IFTTT

No comments:

Post a Comment