H1N1 လူနာဦးရေ တိုးလာသော်လည်း ထပ်မံ သေဆုံးသူ မရှိ ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုးတွေ့ လူနာ ၅ ဦး ထပ်တိုးသော်လည်း ထပ်မံသေဆုံးသူ မရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။ သြဂုတ်လ ၁၄ ရက်နေ့တွင် ရာသီတုပ်ကွေး သံသယလူနာ ၁၂ ဦးကို စစ်ဆေးရာမှ ပိုးတွေ့သူ ၅ ဦး ထပ်တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၁၁ ရက်နေ့အထိ H1N1 ကြောင့် သေဆုံးသူ ၂၃ဦး ရှိခဲ့သော်လည်း သြဂုတ် ၁၄ ရက်နေ့ အထိ ၃ရက်တာ အတွင်း ထပ်မံ သေဆုံးသူ မရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ ၁၄ရက်နေ့ နေ့လယ် ၂နာရီ အထိ စာရင်းများအရ ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ၆၂၉ ဦး တွင် H1N1 Positive လူနာ၂၃၅ဦး နှင့် သေဆုံးသူ ၂၃ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဝေဘာဂီ အထူးကုဆေးရုံ၌ H1N1 ပိုးတွေ့ အတွင်းလူနာ ၇ ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီး များတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၆၆ ဦး၊ စုစုပေါင်း ၇၃ ဦး ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာ လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။ The post H1N1 လူနာဦးရေ တိုးလာသော်လည်း ထပ်မံ သေဆုံးသူ မရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2vyQQSh
via IFTTT
No comments:
Post a Comment