Tuesday, October 17, 2017

MUNA - Myanmar Update News Agency

မန္တလေးမှာ စုံတွဲတစ်တွဲကို ဝိုင်းဝန်းတိုက်ခိုက်တဲ့ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာ ********************** မန္တလေး၊အောက်တိုဘာ ၁၇ မန္တလေးမြို့ ၂၈လမ်း ၇၈လမ်းထောင့်မှာ မနေ့ (အောက်တိုဘာ ၁၆ရက်) ညပိုင်းက စုံတွဲတစ်တွဲကို လူ၃ယောက်က ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်နေတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ လမ်းပေါ် ခိုက်ရန်ဖြစ်ပွားနေတာကို လမ်းသွားပြည်သူတစ်ဦးက ရုပ်သံရိုက်ကူးပြီး ည၁၁း၁၃အချိန် လူမှုကွန်ရက်မှာ "ကျွန်တော် အိမ်ပြန်လာစဉ် ၂၈ လမ်း ၇၈ လမ်း မပေါ်တွင် စုံတွဲ တစ်တွဲ မောင်းလာသော ဆိုင်ကယ်အား...လှမ်းဆဲ ၍ ပြသနာဖြစ်ကြသော မြင်ကွင်း" လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ရုပ်သံပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုးခံကန်ခံရတဲ့ ကံယကံရှင်ဘက်က ရဲစခန်းကိုလာရောက်တိုင်ကြားအမှုဖွင့်တာမျိုး မရှိဘူးလို့သိရပါတယ်။ "ခုလောလောဆယ်တော့ အမှုလာဖွင့်ထားတာမရှိသလို လာရောက်တိုင်ကြားတာမျိုးလဲမရှိသေးပါဘူး အခင်းဖြစ်ပွားချိန် အနီးအနားရှိသူက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားလို့ လှည့်ကင်းတပ်ဖွဲ့ချက်ချင်းသွားရောက်ခဲ့ပေမယ့် လူတစ်ဦးတစ်ယောက်မှ မရှိတော့ဘူး" လို့ အမှတ်(၈)မြို့မရဲစခန်းက တာဝန်မှူးက MUNA ကို ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကိုဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့သိရပါတယ်။ မောင်ရဲနိုင် #MUNA
Source : http://ift.tt/2ggLxyf
via IFTTT

No comments:

Post a Comment