ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းငယ်စတင်ဖြစ်ပါပြီ ၁၇-၁၀-၂၀၁၇ နေ့(၃း၁၅)နာရီ။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ဗဟိုချက်အနီးအများဆုံးလေတိုက်နှုန်းမှာ 28 knots ရှိလာပြီဖြစ်ပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ မုန်တိုင်းငယ်၏ လေတိုက်နှုန်းမှာ 28-33 knots ဖြစ်သဖြင့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်တစ်ခုအဖြစ်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မုန်တိုင်းငယ်သည် အများဆုံးလေတိုက်နှုန်း 30 knots( 35 mph) ခန့်ဖြင့်၊ မြောက်-မြောက်အနောက်ယွန်းယွန်းသို့ရွေ့လျှားကာ (၁၉-၁၀-၂၀၁၇)ရက် နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ Andhra Pradesh ပြည် နယ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ခန့်မှန်းရပါတယ်။ ဒေါက်တာထွန်းလွင်
Source : http://ift.tt/2xKx4B9
via IFTTT
No comments:
Post a Comment