နန်ဂျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ် ၈၀ ပြည့် ကြေကွဲမှု အခမ်းအနားကျင်းပ ဒီဇင်ဘာ- ၁၄၊ ၂၀၁၇ ဒုတိယ ကမ္ဘာစစ်အတွင်းက လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့တဲ့ နန်ဂျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးရဲ့ နှစ်ပေါင်း ၈၀ ပြည့် ကြေကွဲမှု အခမ်းအနားကို တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ နန်ဂျင်းမြို့မှာ ဒီဇင်ဘာ ၁၃ ရက်က ကျင်းပတဲ့ အခမ်းအနားကို သမ္မတ စီကျင်းပင်ကိုယ်တိုင် ကြီးမှူးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ထောင်သောင်းချီပြီး ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ နန်ဂျင်းမြို့လယ် ရင်ပြင်မှာ လူပေါင်းများစွာ စုရုံးခဲ့ပြီး သေဆုံးသူတွေကို ရည်ရွယ် အမှတ်ရတဲ့ အနေနဲ့ တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တစ်မြို့လုံးမှာ အချက်ပေး ဥဩသံတွေ ဆူညံခဲ့ပြီး ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးတစ်ခု နှစ်ပေါင်း ၈၀ ပြည့်မြောက်မှုကို ထင်ဟပ်စေခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန် ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှာ ဂျပန်တပ်တွေက အဲဒီတုန်းက တရုတ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နန်ဂျင်းကို သိမ်းယူနိုင်ခဲ့ပြီး ရက်ပေါင်း ၄၀ အတွင်း ဆိုးရွားရက်စက်လွန်းတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ နန်ဂျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး အတွင်းမှာ ဂျပန်စစ်သားတွေ လက်ချက်ကြောင့် အရပ်သားတွေနဲ့ လက်နက်မဲ့ တရုတ်စစ်သည်တွေ အပါအဝင် လူပေါင်း သုံးသိန်းလောက် အသက်ဆုံးရှုံးခဲ့ပြီး တရုတ်အမျိုးသမီး နှစ်သောင်းကျော် မုဒိမ်းကျင့် ခံခဲ့ရပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံ ယူနက်စကို အဖွဲ့ကြီးက လူ့သမိုင်းမှာ အဆိုးဆုံး အနိဋ္ဌာရုံတွေထဲက တစ်ခုအနေနဲ့ ဒီအကြောင်းအရာတွေကို ကမ္ဘာ့မှတ်တမ်းမှတ်ရာ စာရင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ #နန်ဂျင်း #WorldNews #7DayNews #7DayTV (7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Source : http://ift.tt/2yry4ua
via IFTTT
No comments:
Post a Comment