Saturday, December 16, 2017

၈၈ ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီက ပါတီ မှတ်ပံ

၈၈ ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီက ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများကို အပြီးသတ်ဆွေးနွေးမှုပြုလုပ် ၈၈ ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ ( ဗဟိုလုပ်ငန်း ကော်မတီ စုံညီအစည်းအဝေး) ကို ဒီဇင်ဘာလ ၁၆ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ကာ ပါတီမှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်း ကော်မတီဝင် ဦးမင်းဇေယျာက The Ladies News သို့ ပြောကြားသည်။ ပါတီမှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စ၊ ပါတီဖွဲ့စည်းပုံ ရေးဆွဲခြင်းနှင့် ပါတီအမည်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ယခု အစည်းအဝေးတွင် အပြီးသတ် အတည်ပြုဆွေးနွေးမှာ ဖြစ်သည်ဟု ၄င်းကဆိုသည်။ `ဗဟိုစုံညီ အစည်းအဝေးက နယ်မှာရှိတဲ့ ပါတီဖြစ်မြောက်ရေး ကော်မတီဝင်ရော အကုန်လုံးစုပြီးတော့ ပါတီ ပါတီမှတ်ပုံတင် ဖို့၊ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းတွေ၊ ပါတီနာမည်ကိစ္စကို အပြီးသတ် အတည်ပြုဖို့ လုပ်နေတာ´ ဟု ဦးမင်းဇေယျာက ပြောကြားသည်။ မနက်ဖြန် ဒီဇင်ဘာ ၁၇ ရက်နေ့ အစည်းအဝေး ဒုတိယနေ့ အပြီးတွင် ပါတီအမည်နှင့် ပါတီဖွဲ့စည်းပုံကို တရားဝင် ကြေညာပြီး သတင်းစာ ရှင်းလင်းပွဲပါ တစ်ခါတည်း ပြုလုပ်မည်ဟု ၄င်းက ပြောကြားသည်။ အစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းအသီးသီးမှ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ ကိုယ်စားလှယ်များနှင့် လေ့လာသူများ၊ သတင်းမီဒီယာများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။ အောင်ရဲနောင် The Ladies News
Source : http://ift.tt/2CJlav5
via IFTTT

No comments:

Post a Comment