Saturday, December 16, 2017

The Voice

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသို့ ၈၀ ကျပ်သားခန့်ရှိ ရွှေကြာပန်းလှူဒါန်း မန္တလေး ဒီဇင်ဘာ ၁၆ မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသို့ ထိုင်းနိုင်ငံမှ အလှူရှင်မိသားစုတစ်စုက အလေးချိန် ၈၀ ကျပ်သားခန့်ရှိ ရွှေကြာပန်းတစ်ခုကို ဒီဇင်ဘာလ ၁၃ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။ ရေတော်ဆရာတော်ဘုရားကြီးနှင့်အတူ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းရွှေကြာပန်းကို ဘုရားကြီးမျက်နှာသစ်တော်နှင့် သက်ဆိုင်သည့်နေရာတွင် ယာယီထားရှိကြောင်း၊ မည်သည့်နေရာတွင် ထားရှိမည်ကို ဂေါပကအဖွဲ့အနေနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောကြားသည်။ ထိုင်းနိုင်ငံမှ အလှူရှင်မိသားစုတစ်စုမှ အလေးချိန် ၈၀ ကျပ်သားကျော်ရှိ ရွှေကြာပန်းတွင် စိန်ပွင့် ၁၃ ပွင့်ကို စီခြယ်ထားကြောင်း၊ အောက်ခံကြာကလပ် ပါဝင်ပါက အလေးချိန် တစ်ပိဿာခန့်ရှိကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
Source : http://ift.tt/2okbpQC
via IFTTT

No comments:

Post a Comment