Monday, December 18, 2017

Chit

အလယ်ပိုင်းမှတောင်သူများ ကမ်းရိုးတန်းမှ ဆားသမားငါးသမားနဲ့ တောင်သူများ အထူးသိပြုရန် (2018 Jan Feb March နဲ့ April လများအတွက် ပြောင်းလဲဖြစ်ပေါ်လာမည့် မိုးလေဝသ အခြေအနေ (တင်ပြချိန် 18/12/2017 နေ့လည် 12:12) စိုက်ပျိုးရေး သဘာဝဘေး ရေလုပ်ငန်း ဆားလုပ်ငန်းနဲ့ ပါတ်သက်တာဝန်ရှိသူတွေလည်း လိုအပ်သလို ကြိုတင် ဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါတယ်။ အခုအောက်မှာ ပြထားတာကတော့ လာမဲ့ (၂၀၁၈ ဇန္နဝါရီ ဖေဖေါ်ဝါရီ မတ် ဧပြီ လ) များအတွက် မိုးရွာသွန်းမှုနဲ့ အပူချိန် (ည/နေ့) ခန့်မှန်းချက်များ ဖြစ်ပါတယ်။ ပုံမှာ မိုးရာသွန်းမှု ခန့်မှန်းချက်တွင် အစိမ်းနုကနေ အပြာအထိက မိုးအနည်းအများ ဖြစ်ပါတယ်။ အဝါနုကနေ အညိုက မိုးလျော့နည်းမှုကို ပြတာပါ။ အပူချိန် ခန့်မှန်းချက်မှာ ပန်းရောင်အနုကနေ နီညိုရောင်က အပူချိန် အနည်းအများ ဖြစ်ပါတယ်။အပြာနုကနေ အပြာရင့်က အေးမယ့်သဘော အပူချိန်လျော့ကျနိုင်မှုကို ပြတာပါ။ ဒါကိုကြည့်ရင် ပုံမှန်မိုးမရွာတဲ့ မိုးအလွန်နည်းတဲ့ ဒီ ၄ လမှာ မိုးတွေရွာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၈ ဇန္နဝါရီမှာ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေ ရွာသွန်းမြဲထက် ပိုရွာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီမိုးက လေပွေလှိုင်းတွေနဲ့ ဒွန်တွဲပြီး ရွာမှာတာ ဖြစ်ပါတယ်။ အပူချိန်က အလွန်မအေးဘူး။ ဆောင်းရဲ့အေးစက်မှုက အထက်ပိုင်း အလယ်ပိုင်းအထိသာ ညအပူချိန် လျော့ပြီး အေးနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ အရေးကြီတာက ၂၀၁၈ဖေဖေါ်ဝါရီ မတ် ဧပြီလများဖြစ်ပါတယ်။ မိုးရွာသွန်းမဲ့ အခြေအနေဟာ တနင်္သာရီတိုင်းမှအလယ်ပိုင်းဒေသ (မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း) အထိ မိုးရွာနိုင်ပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအရှေ့၊ ကရင်၊ မွန် နဲ့တနင်္သာရီက မိုးများများ ရွာနိုင်တယ်လို ခန့်မှန်းထားပါတယ်။ ဖေဖေါ်ဝါရီ မတ်လတွေမှာ မိုးရွာနိုင်စရာအကြောင်းက လေပွေအဆင့်နဲ့ မရွာနိုင်ဘဲ မုန်တိုင်းငယ်တွေကြောင့်သာ မိုးရွာနိုင်ပါတယ်။ ဒီအတွက် ပင်လယ်ပြင်က ငါးဖမ်းသမာများ Feb March လတွေ သတိထားဘို့ လိုပါတယ်။ တောင်သူများနဲ့ ဆားသမားများအတွက်တော့ ပိုပြီးအရေးကြီးပါတယ်။ နေ့စဉ်မိုးလေဝသသတင်းတွေ လပါတ်မိုးလေဝသတင်းတွေ စောင့်ကြည့်ဖတ်ရှုပြီး အထူးအလေးထား လုပ်ဆောင်ပြင်ဆင်ခြင်းဖြင့် ပုံမှန်မဟုတ်သောမိုးလေဝသ ဖြစ်စဉ်များကြောင့် ထိခိုက်မှုကို လျော့ချနိုင်မှာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ လက်ရှိ ဒီဇင်ဘာလ ၁၈ အခြေအနေကတော့ အထက်ပိုင်းဒေသတွေ အေးနေပြီး တောင်ပိုင်းဒေသတွေအအေးလျော့နေပါတယ်။ နောက်အနွေးဓါတ် နဲနဲထပ်ရင် တောင်ပိုင်းဒေသ (ဧရာဝတီ ရန်ကုန် မွန်တနင်္သာရီ) မိုးရွာနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၃ ၂၄ ၂၅ ရက်တွေ မွန်တနင်္သာရီ မိုးရွာနိုင်ပြီး ၂၆ ၂၇ ရက်တွေရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်းတောင်ပိုင်းတွေမိုးရွာနိုင်ပါကြောင်း အသိပေးလိုပါတယ်။
Source : http://ift.tt/2BDN7GN
via IFTTT

No comments:

Post a Comment