Friday, December 15, 2017


KIA နှင့် TNLA က လမ်းလုပ်သား ၇ ဦးကို ဖမ်းဆီးသွားကြောင်း တပ်မတော် ထုတ်ပြန် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ မူဆယ်မြို့သို့ သွားသည့် ပြည်ထောင်စု ကားလမ်းမကြီးတွင် လမ်းပြုပြင်နေ သည့် Oriental Highway ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသား ၇ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ သတင်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူ ၇ ဦးတွင် တဦးသည် တာဝန်ခံ အင်ဂျင်နီယာ ဖြစ်ပြီး ကျန် ၆ ဦးသည် ဝန်ထမ်းများ ဖြစ်ကြောင်း၊ ဖမ်းဆီး ခံရသည့် နေရာသည် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြစ်ကြောင်း တပ်မတော် ၏ သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုသတင်း ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂နာရီ ၄၅ မိနစ်ခန့်က Oriental Highway ကုမ္ပဏီမှ ဝန် ထမ်း များ လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်းများ ပြုလုပ်နေစဉ် KIA နှင့် TNLA တပ်ဖွဲ့ဝင် ၄၀ ခန့် ရောက်ရှိလာပြီး သေနတ်များ ပစ်ဖောက်၍ လမ်းခင်းနေသည့် ဝန်ထမ်း ၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုလည်း ပါရှိ သည်။ KIA ကို ဆက်သွယ်မေးမြန်းရာ KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက“အဲ့ဒီ သတင်း ကတော့ ကျနော် မကြားမိလို့ပါ။ ဟုတ်တယ်လို့ အတည်ပြု ပြောလို့ မရဘူး။ မဟုတ်ဘူးလို့လည်း ပြောလို့ မရဘူး။ ကျနော် အဲ့ဒီအကြောင်း မကြားလို့ပါ”ဟု ပြန်လည် ဖြေကြားသည်။ ဧရာဝတီက TNLA ကို မေးမြန်းရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိပါ။ ထိုသို့ ဝန်ထမ်း ၇ဦးကို ဖမ်းဆီးသွားသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ပြုလုပ်သွားမည် ဟု လည်း သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ The post KIA နှင့် TNLA က လမ်းလုပ်သား ၇ ဦးကို ဖမ်းဆီးသွားကြောင်း တပ်မတော် ထုတ်ပြန် appeared first on ဧရာဝတီ.
Source : http://ift.tt/2zdQC4I
via IFTTT

No comments:

Post a Comment