Friday, December 15, 2017

MOI Webportal Myanmar

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စ ဆွေးနွေးပွဲ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းမှ ပြောကြားချက်များ (၁၂-၁၂-၂၀၁၇ ရက်၊ နယူးယောက်မြို့) နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ၁၂-၁၂-၂၀၁၇ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့်အစည်းအဝေး၌ ရခိုင်ပြည် နယ်ဆိုင်ရာဖွံဖြိုးတိုးတက်မှုများနှင့် စပ်လျဉ်း၍ မြန်မာအမြဲတမ်း ကိုယ်စား လှယ် ဦးဟောက်ဒိုဆွမ်းမှ ပြောကြားခဲ့ပါသည်။ အမြဲတမ်း ကိုယ်စားလှယ် ပြောကြားသည့်မိန့်ခွန်းတွင် အောက်ပါအဓိကအချက်များပါဝင်ပါသည်- (က) အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာအစိုးရ အနေဖြင့် မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကိုမျှ ထောက်ထားသက်ညှာမည် မဟုတ် ကြောင်းနှင့် တိကျခိုင်မာသော သက်သေအထောက်အထားရှိပါက ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (ခ) လူသားချင်းစာနာမှု အကူအညီပေးရေးနှင့်ပတ်သက်၍ အစိုးရအနေဖြင့် Red Cross Movement နှင့် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) တို့နှင့် ပူးပေါင်းလျက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ဒေသရှိ အသိုက်အဝန်းအားလုံးကို လိုအပ်သောအကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ (ဂ) ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက် မည့်အစီအစဉ်အား မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှနိုင်ငံ တို့အကြား ၂၃-၁၁-၂၀၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့်အချိန်ကာလများအတွင်း နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံမည့်လုပ်ငန်း စတင်နိုင်ရေးအတွက် Joint Working Group (JWG) ဖွဲ့စည်းရန် Terms of Reference (TOR) ကို နှစ်ဘက်ညှိနှိုင်းလျက်ရှိပါကြောင်း၊ (ဃ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့် မောင်တောဒေသ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြု ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနှင့် ကော်မတီ၏ အကြံပေးဘုတ်အဖွဲ့တို့ကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါ ကြောင်း၊ (င) ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ တိုက်ခိုက်မှုဖြစ်စဉ်အပြီး ရခိုင်ပြည်နယ်အရေး ကိစ္စအား ဖြေရှင်းနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ အတွင်း ထူထောင်ဖွဲ့စည်းခဲ့ပါကြောင်း၊ (စ) UEHRD ၏ အဓိကတာဝန်များမှာ (၁) နေရပ်စွန့်ခွာသွားသူများအား ပြန်လည် စိစစ် လက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ (၂) ပြန်လည်နေရာချ ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ (၃) လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးတို့ ဖြစ်ပါကြောင်း၊ (ဆ) UEHRD အနေဖြင့် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက် ခံနိုင်ရေးအတွက် အခြေခံအဆောက်အဦ လိုအပ်ချက်များကို ဖြည့်ဆည်း လျက်ရှိပြီး လူသားချင်းစာနာမှုအကူအညီ များကိုလည်း ကူညီဖြန့်ဝေပေး လျက်ရှိပါကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနေ ပြည်သူများ ဝင်ငွေရရှိခြင်းမှတစ်ဆင့် ၄င်းတို့၏ဘဝကို မြှင့်တင်နိုင်ရန်အတွက် UEHRD မှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်နှင့် ဝင်ငွေတိုးမြှင့်ပေး နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေးဖိတ်ခေါ်လျက်ရှိပါကြောင်း၊ ရလဒ်တစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှနိုင်ငံနှင့် နယ်စပ်ကုန် သွယ်မှုမြှင့် တင်နိုင်ရန်အတွက် မောင်တောဒေသ အထူး စီးပွားရေးဇုံကို တည်ထောင် ထားပြီးဖြစ်ပါကြောင်း၊ (ဇ) ကုလသမဂ္ဂယန္တရားများအောက်တွင် လူ့အခွင့်အရေး အကြောင်းပြ လျက် မြန်မာနိုင်ငံအပေါ် ထပ်ကာထပ်ကာ ခွဲခြားရွေးချယ်ဆက်ဆံခြင်းမျိုးကို မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်ပါကြောင်းကို ပြတ်သားစွာ ပြောကြားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးဖိအားများ သက်ရောက် စေမှုနှင့် အတင်းအကြပ်ဖိအားပေးမှုများသည် ရလဒ်ကောင်းကို ဆောင်ကြဉ်းပေး နိုင်မည် မဟုတ်ကြောင်း၊ (ဈ) ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် အစဉ်ထိန်းသိမ်းလျက်ရှိပြီး နှစ်ဘက်အပြန် အလှန်နားလည်မှုနှင့် လေးစားမှုတို့ကို အခြေခံ၍ ထိတွေ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လမ်းကြောင်းကိုသာ အစဉ်ရွေးချယ်ပါကြောင်း၊ (ည) ယနေ့မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို နားလည်ကြောင်းပြသပေးခဲ့သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်း၊ အပြန်အလှန်နား လည်မှုရှိခြင်း နှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ Ref; Ministry of Foreign Affairs Myanmar
Source : http://ift.tt/2AJm5hK
via IFTTT

No comments:

Post a Comment