Friday, December 15, 2017


၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ မှ လူဦးရေ ၄သိန်း ကို ဦးတည်သည့် စီမံချက်ပေါင်း ၂၅ ခုအတွက် အမေရိကန်ဒေါ်လာ ၉.၈ သန်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်းဆို ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ -MHF မှ လူဦးရေ ၄ သိန်း ကို ဦးတည်သည့် စီမံချက်ပေါင်း ၂၅ ခုအတွက် အမေရိကန်ဒေါ်လာ ၉.၈ သန်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း United Nations OCHA Myanmar ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ (Myanmar Humanitarian Fund-MHF) သည် မြန်မာနိုင်ငံရှိ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များကို တုံ့ပြန် ဆောင်ရွက်နိုင်စေရန် မိတ်ဖက် အဖွဲ့အစည်းများအား ရန်ပုံငွေ ပံ့ပိုးပေးခြင်းများ ရှိကြောင်း ဆိုသည်။ ၎င်းမှ ၂ဝ၁၇ ခုနှစ်တွင် လူဦးရေ ၄၄၃,၃ဝဝ ကို ဦးတည်သော စီမံချက်ပေါင်း ၂၅ ခုအတွက် အမေရိကန်ဒေါ်လာ ၉.၈ သန်းပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါစီမံချက် ဦးတည်လူဦးရေတွင် ၅၄ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဖြစ်ပြီး၊ ၄၉ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အောက် ကလေး၊လူငယ်များ ဖြစ်ကြောင်း ဆိုသည်။ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များရှိ ဘေးဒုက္ခများကို တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများအား ရန်ပုံငွေပံ့ပိုးခြင်း၊ လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး စီမံကိန်း၏ ဦးစားပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ပံ့ပိုးခြင်းနှင့် ရခိုင်ပြည်နယ် ဆိုင်ကလုန်းမိုရာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအား ပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေများပံ့ပိုးရာတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး စီမံကိန်းမှ ချမှတ်ထားသည့် မဟာဗျူဟာ ဦးတည်ချက်များ၊ အခြေအနေ လေ့လာဆန်းစစ်မှုများနှင့် လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ယန္တရားများ အတိုင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများနှင့် လက်ခံလူထု အသိုင်းအဝိုင်း နှစ်ဖက်လုံးအား ဦးတည်ပံ့ပိုးပေးထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ The Ladies News
Source : http://ift.tt/2Bpx8MA
via IFTTT

No comments:

Post a Comment