Saturday, December 16, 2017

The Voice

အင်တာနက်လိုင်းတိုးမြှင့်ရန် တယ်လီနောက ကန်ဒေါ်လာ သန်း ၈၀ ထပ်မံ ရင်းနှီးမြှုပ်နှံမည် ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောက 4G အင်တာနက်လိုင်း အသုံးပြုမှုကို နှစ်ဆတိုးမြှင့်ရန်နှင့် ကွန်ရက်အဆင့် မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၈၀ ထပ်မံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ ယခုနှစ် မေလအတွင်းက 1800 Mhz လှိုင်းနှုန်းစဉ်၏ ပထမဆုံး 2X 10Mhz ကို တယ်လီနောက အမေရိကန်ဒေါ်လာသန်း ၈၀ ဖြင့် ထပ်ဆောင်းရယူခွင့် ရရှိထားခြင်းဖြစ်ပြီး ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ထင်ရှားသည့် ခရီးသွားနေရာများအပါအဝင် နေရာ ၅၀ ကို အင်တာနက်လိုင်း တိုးချဲ့နိုင်ရန် စီစဉ်ထားကြောင်း တယ်လီနောထံမှ သိရသည်။ တယ်လီနောသည် လုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး တာဝါတိုင်ပေါင်း ၈၀၀၀ ခန့်ကိုအသုံးပြု၍ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အနှံ့မှ သုံးစွဲသူ ၁၉ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း တယ်လီနောထံမှ သိရသည်။
Source : https://goo.gl/X2fgqo
via IFTTT

No comments:

Post a Comment