Thursday, May 3, 2018

ဖခင် ဒေးဗစ်ဘက်ခမ်းရဲ့ ၄၃နှစ်ပြည့်မွေးနေ့ကို အဝေးကနေ ပြန်လာပြီး ပါဝင်ဆင်နွှဲခဲ့တဲ့ ဘရွတ်

ဖခင် ဒေးဗစ်ဘက်ခမ်းရဲ့ ၄၃နှစ်ပြည့်မွေးနေ့ကို အဝေးကနေ ပြန်လာပြီး ပါဝင်ဆင်နွဲှခဲ့တဲ့ ဘရွတ်ကလင်း ဘက်ခမ်း လူငယ်ဆယ်လီတဦးဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းဟာ သူ့ရဲ့ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့ အသက် ၄၃ နှစ်ပြည့် မွေးနေ့မှာ အံ့သြသင့်စေဖို့ နယူးယောက်ကနေ လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဓါတ်ပုံပညာရှင်ဖြစ်ချင်သူ ဘရွတ်ကလင်းဟာ နယူးယောက်မှာရှိတဲ့ Parsons School Of Design ကျောင်းမှာ ကျောင်းတက်ရလို့ အလုပ်များနေပေမယ့် ဖခင်ဖြစ်သူ ဘောလုံးအကျော်အမော်ဟောင်း ဘက်ခမ်းရဲ့ မွေးနေ့ကို ကျင်းပရာမှာ ကူညီဖို့ လန်ဒန်မြို့ကို ပြန်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ဘရွတ်ကလင်းက စားပွဲဆီ လမ်းလျှောက်လာပုံနဲ့ ဖခင်ကို အနောက်ကနေ သိုင်းဖက်လိုက်ပုံကို မြင်တွေ့ရပါတယ်။ အဲဒီအခါမှာ ဒေးဗစ်က “ဒီကို ဘာလာလုပ်တာလဲ” လို့ မေးလိုက်ပါတယ်။ သမီးဖြစ်သူ Harper ကလည်း အနောက်ကနေ “ဘရွတ်ကလင်း ပြန်လာမယ်ဆိုတာ သမီးမသိဘူး”လို့ ပြောလိုက်ပြီး မိသားစုပြန်ဆုံတဲ့ပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။ မိခင်ဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်း ကတော့ “ဒီနေ့ရဲ့ အကြီးဆုံး Surpise ပါပဲ၊ အိမ်ပြန်လာလို့ ကြိုဆိုပါတယ် ဘရွတ်က လင်းဘက်ခမ်း။ မွေးနေ့မှာ ပျော်ရွှင်ပါစေ ဒေးဗစ်ဘက်ခမ်း၊ အရမ်းချစ်ပါတယ်” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။ ဒေးဗစ်ရဲ့မွေးနေ့အစောပိုင်းမှာလည်း သားသမီးတွေ ဖြစ်ကြတဲ့ ရိုမီယို၊ ခရုဇ်၊ Harper တို့နဲ့ အတူ ရိုက်ကူးထားတဲ့ ပုံတပုံ ကိုလည်း တင်ခဲ့ပါတယ်။ ဗစ်တိုးရီးယားက “အကောင်းဆုံး ဒယ်ဒီရေ ပျော်ရွှင်ဖွယ် မွေးနေ့လေးပါ၊ အားလုံးကို အရမ်းချစ်ပါတယ်” လို့ ရေးသား ခဲ့ပါသေးတယ်။ ပြီးတော့ သမီးဖြစ်သူ Harper က သူ့ဖခင်အတွက် ရေးသားထားတဲ့စာကို ဖတ်ပြနေတဲ့ ဗီဒီယိုကိုလည်း တင်ခဲ့ပါသေးတယ်။ Ref: contactmusic The post ဖခင် ဒေးဗစ်ဘက်ခမ်းရဲ့ ၄၃နှစ်ပြည့်မွေးနေ့ကို အဝေးကနေ ပြန်လာပြီး ပါဝင်ဆင်နွဲှခဲ့တဲ့ ဘရွတ်ကလင်း ဘက်ခမ်း appeared first on ဧရာဝတီ.
Source : https://ift.tt/2HNM9HN
via IFTTT

No comments:

Post a Comment