Thursday, May 3, 2018


အရသာရှိပြီး အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ သရက်သီးယို အခုလို သရက်သီးပေါချိန်မှာ သရက်သီးကို အသီးချည်းပဲ ဒီတိုင်းစားရတာ ရိုးနေပြီဆိုရင်တော့ သရက်သီး ရှားပါး သွားတဲ့အချိန်မှာပါ စားလို့ရတဲ့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ သရက်သီးယိုပြုလုပ်နည်းလေးကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ သရက်သီးယိုပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ကြိုက်နှစ်သက်ရာ သရက်သီးအစိမ်း ၅ လုံး၊ သကြား ၂၅ ကျပ်သား၊ ကွမ်းစားထုံး ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ဆားလက်ဖက်ရည်ဇွန်းတဝက်တို့ပဲ ဖြစ်ပါတယ်။ သရက်သီးကို အခွံခွာပြီး မိမိကြိုက်နှစ်သက်သလို မထူမပါး လှီးထားပါ။ လှီးပြီးသား သရက်သီးတွေကို နာရီဝက် လောက် ရေစိမ်ထားပြီး ရေကိုသွန်ပစ်ပေးပါ။ နာရီဝက်တခါလောက် ရေစိမ်လိုက်သွန်လိုက်ကို နှစ်ခါလောက် ပြုလုပ်ပေးပါ။ ပြီးရင် တော့ ကွမ်းစားထုံးကို ရေခပ်များများနဲ့ဖျော်ပြီး ထုံးရေကြည်ရတဲ့အထိ အကြည်ထိုင်ထားပါ။ ထုံးရေကြည်ပြီဆိုရင် လှီး ထားတဲ့ သရက်သီးတွေပေါ်ကို ထုံးရေကြည်မြုပ်တဲ့အထိ ထည့်ပြီး အနည်းဆုံး ၈ နာရီခန့်ထားပြီးစိမ်ပေးပါ။ စိမ်ပြီးပြီဆိုရင် သရက်သီးတွေကို ဇကာနဲ့စစ်ထားပေးဖို့ လိုပါတယ်။ သရက်သီးယို စထိုးဖို့အတွက် ပထမဦးဆုံးအနေနဲ့ အိုးထဲကိုသရက်သီးထည့် အပေါ်က ဆားဖြူးပြီး မီးဖိုပေါ် တင်ပါမယ်။ မီးအရှိန်အရမ်းမပြင်းစေဖို့ သတိထားဖို့လိုပြီး မီးအေးအေးနဲ့ပဲ ထားပါမယ်။ ဆားဖြူးထားတဲ့ သရက်သီးပေါ်ကို သကြား ၁၀ ကျပ်သားလောက်ကို အရင်ထည့်ပြီး ဖြည်းဖြည်းချင်း အထက်အောက်မွှေပေးပါမယ်။ သရက်သီးထဲက အရည်တွေ ကုန်ခါနီး လောက်ကျမှ နောက်ထပ်ကျန်တဲ့ သကြားတွေကို ထပ်ထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးရာကနေ သရက်သီး ထဲက အရည်တွေကုန်ပြီး ခြောက်သွားပြီဆိုရင်တော့ သရက်သီးယို ရပါပြီ။ ရလာတဲ့ သရက်သီးယိုကို အအေးခံကာ ပုလင်း တလုံးထဲထည့်၊ အဖုံးလုံအောင်ပိတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးမယ်ဆိုရင်တော့ ကြာရှည်ခံပြီး အချိန်မရွေး စား လို့ရတဲ့ သရက်သီးယိုကို ရရှိမှာပဲ ဖြစ်ပါတယ်။ Ref. https://ift.tt/2HPu5gk The post အရသာရှိပြီး အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ သရက်သီးယို appeared first on ဧရာဝတီ.
Source : https://ift.tt/2jsK2OV
via IFTTT

No comments:

Post a Comment