Thursday, May 10, 2018


ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ ရာပြည့် အကြို မွေးနေ့ပွဲ ကျင်းပ ကဗျာဆရာကြီး ဒဂုန်တာရာ ရဲ့ မွေးနေ့ ရာပြည့်အကြို ၉၉ နှစ်မြောက် မွေးနေ့ပွဲကို ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ဆရာကြီး ရဲ့ ဂူဗိမာန်မှာ မေလ ၁၀ ရက် မနက်ပိုင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါတယ်။ မေလ ၁၀ ရက်မှာ ကျရောက်တဲ့ ဆရာကြီးရဲ့ ၉၉ နှစ်မြောက် မွေးနေ့ပွဲမှာ အမှတ်တရ စကားများ ပြောကြားခြင်း၊ ကဗျာရွတ်ဆို ပွဲများ ပြုလုပ်ခြင်း၊ စာအုပ်လက်ဆောင် မဲဖောက်ပေးခြင်းများ နဲ့ အကျွေးအမွေး အစီအစဉ်များကို ပြုလုပ်ကြပါတယ်။ မွေးနေ့ပွဲကို မြန်မာနိုင်ငံ တဝန်း ရန်ကုန် မန္တလေး နဲ့ အနယ်နယ် အရပ်ရပ်က ဆရာ့ကို ချစ်မြတ်နိုး တန်ဖိုးထားကြတဲ့ စာရေးဆရာ၊ ကဗျာ ဆရာများ အပါအဝင် စာပေအနုပညာ သမားများ၊ နိုင်ငံရေး သမားများ၊ ဒေသခံများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက်လာ ကြပြီး ဂါရဝပြုကြပါတယ်။ အဲဒီအပြင် ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်မှာ ကျရောက်မယ့် ဆရာကြီး ဒဂုန်တာရာ ရဲ့မွေးနေ့ နှစ်တရာပြည့်ပွဲ ခမ်းနားစွာ ကျင်းပနိုင်ရေး အတွက် အစည်းအဝေး ကျင်းပပြီး ရာပြည့်ကော်မတီ ဖြစ်မြောက်ရေး ကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ The post ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ ရာပြည့် အကြို မွေးနေ့ပွဲ ကျင်းပ appeared first on ဧရာဝတီ.
Source : https://ift.tt/2I5v805
via IFTTT

No comments:

Post a Comment