လွိုင်ကော်မြို့ရှိ ရှေး ဟောင်းဘုန်းကြီးကျောင်းအပေါ် ထပ်တွင် ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်ထား သည့် ကျောင်းထိုင်ဆရာတာ် ပျံလွန်ခဲ့ကြောင်း ကယားပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မေလ ၉ ရက် သန်းခေါင် ကျော်တွင် ယင်းဖြစ်စဥ် ဖြစ်ပွားပြီးသက်တော် (၈၅)နှစ်၊ ဝါတော် (၆၇)ဝါရှိ ဆရာတော် ဘဒ္ဒန္တပညိန္ဒသီရိသည် မီးလောင်ဒဏ်ရာများ ရရှိကာ ပျံလွန်ခဲ့သည်။ ‘‘မီးလောင်တဲ့အချိန်ကကျောင်းမှာ ဦးပဥ္စင်းတစ်ပါးနဲ့ ကျောင်းသားတစ်ယောက်ပဲ ရှိ တာ။ သူတို့ကကျောင်းအောက် ထပ်မှာနေတာပေါ့။ ကျောင်းပေါ် မှာ မီးလောင်နေတာကိုသိတဲ့အ ချိန်မှာ ဆရာတော်ကြီးကိုကယ် ဖို့ လုပ်ပေမယ့် မီးကအရမ်းများ တော့ မကယ်နိုင်တော့တာ’’ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိသူက ပြောသည်။ မီးလောင်မှုကို လွိုင်ကော် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဥ်၊ ရေသယ်ယာဥ်၊ အုပ်ချုပ် မှုယာဥ်စုစုပေါင်း ၁၈ စီးအပြင် ပြည်သူများပါ ဝိုင်းဝန်းငြှိမ်းသတ် သဖြင့် မေလ ၁ဝ ရက် နံနက် ၁ နာရီခွဲကျော်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီ ၁ဝ မိနစ်၌ မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း ပြည်နယ်မီး သတ်ဦးစီးဌာနဦးစီးမှူးက ပြော သည်။ မီးလောင်မှုကြောင့် ကျပ် သိန်း ၆ဝ ခန့်ဆုံးရှုံးပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက မီးလောင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထား သည်။
Source : https://ift.tt/2KVNjmn
via IFTTT
No comments:
Post a Comment