Saturday, May 12, 2018


ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၁) တကယ့် အဖြစ်အပျက်တွေကို ရုပ်ရှင်ရိုက်ဖို့ဆိုရင် ဒါရိုက်တာတွေဟာ ရုပ်ရှင်စမရိုက်ခင် တချို့သော လေ့လာ ဆန်းစစ်ချက်တွေကို ပြုလုပ်ရပါတယ်။ တကယ့် အဖြစ်အပျက်ကနေ သွေဖယ်မသွားရအောင်နဲ့ ကြည့်ရှုသူ စိတ်ဝင်စားစေဖို့အတွက် တချို့သော အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့လေ့ရှိတာကြောင့် ဒီထဲကမှ တချို့သော ဖြစ်ရပ်မှန် ဇာတ်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Catch Me If You Can (2002) ပုံတူကူး ပညာရှင်တယောက်ဖြစ်တဲ့ Frank Abagnale ကို FBI ကဖမ်းဖို့ကြိုးစားတဲ့ ဒီရုပ်ရှင်ရဲ့ တကယ့် အဖြစ်အပျက် မှာတော့ Frank အိမ်ကထွက်ပြေးတဲ့အချိန်အထိ သူ့ဖခင်ကို တခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒါရိုက်တာက သားနဲ့အဖေကြားက မေတ္တာကို ပြသချင်တာကြောင့် ရုပ်ရှင်ထဲမှာ Frank ဟာသူ့ဖခင်နဲ့ လက်ပွန်းတတီး ရှိခဲ့ပါတယ်ဆိုတာကို ရိုက်ပြခဲ့ပါတယ်။ နောက်တခုကတော့ တကယ့် Frank ဟာ ပထမအကြိမ် FBI ကဖမ်းမိခဲ့စဉ်က ထောင်ဖောက်လွတ်မြောက်ခဲ့ဖူးတယ် ဆိုတဲ့ အချက်ကို FBI ရဲ့ပုံရိပ်ထိခိုက်မှာစိုးတဲ့အတွက်ကြောင့် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကြီး မင်းသားနှစ်လက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (၂) The Terminal (2004) လူအများစု ကြည့်ဖူးပြီးသားဖြစ်တဲ့ ဒီရုပ်ရှင်ကတော့ အရှေ့ဥရောပက လူတယောက်ဖြစ်တဲ့ Viktor Navorski ဟာ John F.Kennedy လက်ထက်မှာ New York လေဆိပ်မှာ ခိုကိုးရာမဲ့ဖြစ်ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံထဲကိုလည်း ဝင်ခွင့်မရှိ၊ ကိုယ့်နိုင်ငံကိုလည်း ပြန်ခွင့်မရှိတဲ့သူ တယောက်ရဲ့ အခက်အခဲတွေကို ရိုက်ကူး ပြသထားတာပဲ ဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်ကတော့ အဲ့ဒီလူရဲ့စာရွက်စာတမ်းတွေဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ အခိုးခံလိုက်ရပြီး အမေရိကန်လေဆိပ်မှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Tom Hanks က အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ (၃) Dallas Buyers Club (2013) အော်စကာဆုတွေ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ AIDS ရောဂါခံစားနေရတဲ့ လျှပ်စစ်ပညာရှင် Ron Woodroof ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူ့လိုပဲ ရောဂါခံစားနေရတဲ့သူတွေကို ဆေးရောင်းပြီး အသက်မွေး ဝမ်းကြောင်းပြုသူ တယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ တကယ့်ပုဂ္ဂိုလ်တို့ရဲ့ ကွဲပြားမှုကတော့ တကယ့်ဇာတ်ကောင်ဟာ မရိုင်းစိုင်းသလို လူတွေနဲ့လည်း အမြဲတမ်း ရန်ဖြစ်မနေဘူး ဆိုတာပဲဖြစ်ပါတယ်။ (၄) Dunkrik (2017) ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်စာရင်းဝင်ဖြစ်တဲ့ ဒီဇာတ်ကားရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းနဲ့ ကွဲလွဲနေတဲ့ အချက်ကတော့ သမိုင်းဆိုင်ရာ အချက်အလက်တချို့နဲ့ မကိုက်ညီတာရယ်၊ တကယ့်အဖြစ်အပျက်မှာ ပြင်သစ်နဲ့ အိန္ဒိယစစ်သား အနည်းငယ်သာ ပါဝင်ပြီး ရုပ်ရှင်ထဲမှာတော့ အများအပြား ပါဝင်နေတာရယ်ပဲ ဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်မှာ စစ်ဆင်ရေး မတိုင်ခင်တည်းက Dunkrik ကမ်းခြေဟာ ပျက်စီးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ Ref; brightside.me/wonder-films The post ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၁) appeared first on ဧရာဝတီ.
Source : https://ift.tt/2rDTm6v
via IFTTT

No comments:

Post a Comment