Thursday, May 3, 2018


မြေတောက်ပဲမှ လွဲ၍ အိန္ဒိယပို့ကုန် ပဲဈေးနှုန်းများ ထိုးကျ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလပြီးနောက် အိန္ဒိယပို့ကုန် ပဲများအနက် မြေတောက်ပဲတမျိုးသာ ဈေးကောင်း ရနေပြီး ကျန်ပဲ အားလုံး ဝယ်လိုအား မရှိ၍ ဈေးကွက်ပျောက်နေကြောင်း မန္တလေးပဲ၊ နှမ်းကုန်စည်ဒိုင်မှ သိရသည်။ “အဓိကတော့ ပို့ကုန်(Export) ဈေးကွက် ငြိမ်သွားလို့ ဒီလောက်ထိ ဈေးတွေပြုတ်ကျသွားတာ။ သူတို့ ဝယ်လိုအားမရှိ ရင် ဈေးကွက်က ဘာမှလုပ်လို့ မရဘူးလေ” ဟု မန္တလေး ပဲ၊ နှမ်း ကုန်စည်ဒိုင်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင် က ဧရာဝတီကို ပြောသည်။ ၂၀၁၇ ခုနှစ် အတွင်း မန္တလေး ပဲ၊ နှမ်း ဈေးကွက်၌ ပဲစဉ်းငုံ၊ မတ်ပဲ ဈေးနှုန်းများမှာ ၃ တင်းဝင် ၁ အိတ်လျှင် ကျပ် ၇ သောင်းမှ ၁ သိန်းကျပ် ဝန်းကျင် ရှိခဲ့ရာမှာ ယနေ့ ဈေးကွက်တွင် ပဲစင်းငုံ ၁ အိတ်လျှင် ၃ သောင်း ဝန်းကျင်နှင့် မတ်ပဲ ၁ အိတ်လျှင် ကျပ် ၃၈၀၀၀ ကျပ်အထိ ဈေးနှုန်းရှိသဖြင့် စံချိန်တင် ဈေးကျသွားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ မန္တလေး ဈေးကွက်မှ အိန္ဒိယသို့ ပဲစဉ်းငုံ၊ မတ်ပဲ၊ ကုလားပဲ နှင့် မြေတောက်ပဲ ၄ မျိုးကို အဓိကထား တင်ပို့လျက်ရှိရာ ပဲစဉ်းငုံနှင့် မတ်ပဲတို့သည် အိန္ဒိယ၏ ကန့်သတ်ကုန်အဖြစ် ၂၀၁၇ ခုနှစ်က သတ်မှတ်ခံရပြီး နောက် ပြည်တွင်း၌ ဈေး ကျဆင်းသွားခဲ့သည်။ ကုလားပဲမှာမူ သင်္ကြန်ပြီးနောက် ဝယ်လိုအား မရှိ၍ ဈေးကျသွားခြင်း ဖြစ်သည်ဟု ပဲကုန်သည် များက ပြောသည်။ သင်္ကြန်မတိုင်ခင်က သုံးတင်းဝင် ၁ အိတ်လျှင် ၇ သောင်းကျပ် ဝန်းကျင်ရှိသော ကုလားပဲ(V2) သည် ယနေ့ ဈေးကွက် ၌ ၅၇၀၀၀ ဝန်းကျင် ဈေးကျသွားပြီး ကုလားပဲ (ထိုင်ဝမ်)သည်လည်း သင်္ကြန်မတိုင်ခင်က ၆၆၀၀၀ ကျပ်မှ လက်ရှိ ၅၅၀၀၀ ကျပ်အထိ ဈေးကျသွားသဖြင့် တအိတ်လျှင် ၁ သောင်းဝန်းကျင် ဈေးကျသွား ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မြေတောက်ပဲမှာမူ အိန္ဒိယ ဝယ်လက်သာမက တရုတ်နိုင်ငံမှ အဝယ်ရှိနေသောကြောင့် ဈေး ကောင်းလျက် ရှိပြီး ယနေ့ ဈေးကွက်အတွင်း ၃ တင်းဝင် ၁ အိတ်လျှင် ကျပ် ၁ သိန်းဝန်းကျင်ဖြင့် ဝယ်လိုအားကောင်း၍ မန္တလေး ဈေးကွက် အတွင်း ပစ္စည်းလက်ကျန် နည်းသွားသည်ဟု ဆိုသည်။ “အိတ်စ်ပို့ လိုင်းက မြေတောက်ပဲတမျိုးပဲ အခြေအနေကောင်းတယ်လို့ ပြောရမယ်။ သူကတော့ နှစ်စပိုင်း ကတည်းက ပို့နေရတာ အခုချိန်ထိ ပို့ရတုန်းပဲ။ အဟောင်းလည်း ကုန်သလောက် ဖြစ်သွားသလို အသစ်တောင် လက်ကျန် အတော် နည်းသွားပြီ” ဟု ပဲကုန်သည်လည်း ဖြစ်သူ ဦးကျော်သွင်က ပြောသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လက အိန္ဒိယနိုင်ငံ၌ ပဲစဉ်းငုံ အထွက်များသဖြင့် ဈေးကျခဲ့ရာ ပဲဈေးကွက် ထိန်းနိုင်ရန် အတွက် ပဲစင်းငုံအား ကန့်သတ်ကုန်အဖြစ် သတ်မှတ်လိုက်ပြီး တနှစ်လျှင် တန်ချိန် ၂ သိန်းသာ ဝယ်ယူမည်ဟု အိန္ဒိယ အစိုးရ က ကြေညာခဲ့သည်။ အလားတူ အိန္ဒိယ၏ သွင်းကုန်ပေါ်လစီ အပြောင်းအလဲအရ မတ်ပဲနှင့် ပဲတီစိမ်းကိုလည်း ကန့်သတ်ကုန်စည် အဖြစ် ထပ်တိုး သတ်မှတ်လိုက်ရာ အိန္ဒိယပို့ကုန် အဓိကဖြစ်သော ပဲစင်းငုံနှင့် မတ်ပဲသည် မူလဈေး၏ ထက်ဝက်ခန့် ဈေး ပြုတ်ကျသွားခဲ့ပြီးနောက် လက်ရှိဈေးကွက်တွင်လည်း အောက်ဈေးဖြင့်သာ ဆက်ရှိနေဆဲ ဖြစ်ကြောင်း မန္တလေး ပဲဈေး ကွက်အတွင်းမှ ကုန်သည်များက ပြောသည်။ သို့သော် ကုလားပဲသည် ပဲခွဲစက်များက စားတော်ပဲ အစားထိုး၍ ကြိတ်ခွဲမှုရှိသဖြင့် အိန္ဒိယဝယ်လိုအား ကျသွားသော် လည်း ပြည်တွင်း အသုံးရှိသောကြောင့် ဈေးထပ်မကျနိုင်တော့ဟု ဈေးကွက်အတွင်းမှ ကုန်သည်များက ခန့်မှန်းကြ သည်။ “အိန္ဒိယက မြန်မာပြည်ကို မီဒီယာအားကိုးပြီး လုပ်စားနေကြတာ။ ဒီကလူတွေက သူတို့ထုတ်တဲ့ ကြေညာချက်တွေ အမှန်ယူပြီး အရောင်းအဝယ် လုပ်နေရတယ်။ ပြီးတော့ ငွေအောင်းမခံချင်တော့ အောက်ဈေးနဲ့ ထိုးရောင်းရတယ်။ သူတို့ဆီက ပေါက်ဈေးဖွင့်မှပဲ ဈေးမှန်ရတော့မယ်” ဟု မန္တလေးမြို့ရှိ မုံရွာပွဲရုံမှ ဦးမျိုးဆွေက ဧရာဝတီကို ပြောသည်။ အိန္ဒိယက ပဲစင်းငုံနှင့် မတ်ပဲကို ကန့်သတ်ကုန်အဖြစ် သတ်မှတ်ထားသော်လည်း ယခုနှစ်ဆန်းပိုင်းက နီပေါ သို့ တင်ပို့ ရန် ဟုဆိုကာ အိန္ဒိယ ကုမ္ပဏီတချို့က ယင်းပဲများဝယ်ယူခဲ့ရာ ငွေအောင်းမခံလိုသောကြောင့် မြန်မာ ပဲကုန်သည်များ က အောက်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြကြောင်း ပဲကုန်သည်များက ပြောသည်။ ထို့ကြောင့် တောင်သူများအား ယခုနှစ်ပဲရာသီတွင် ဈေးကွက်အလားအလာ မကောင်းသော ပဲစဉ်းငုံ၊ မတ်ပဲ တို့အား စီးပွားဖြစ် မစိုက်ရန်နှင့် တရုတ်ဝယ်လိုအား ရှိသော ပဲ၊ ပြောင်း၊ သီးနှံများအား အစားထိုးစိုက်ကြရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။ မြန်မာ့ ပဲစဉ်းငုံဈေးမှာလည်း စိုက်ပျိုးစရိတ် အောက်သို့ များစွာကျဆင်းခဲ့ပြီး ကုန်သည်များမှာ မိမိတို့ ငွေအရင်းနှီးများ ချေးငွေများဖြင့် ဝယ်ယူထားသည့် ပဲများမှာ သိုလှောင်ရုံများ အပြည့်အလှျှံ သိုလှောင်နေရသည့် အခြေအနေသို့ ရောက်ရှိနေပြီး လက်ကျန် ပဲစဉ်းငုံများ တင်ပို့ရန် ခက်ခဲနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း က မေလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ တင်ပို့ရန် ခက်ခဲနေသည့် အချိန်တွင် ထပ်မံ စိုက်ပျိုးထုတ်လုပ်ပါက ဖြေရှင်းရခက်သည့် အခြေအနေသို့ ရောက်ရှိမည် ဖြစ်သောကြောင့် တောင်သူများအနေဖြင့် မကြာမီ ကျရောက်မည့် စိုက်ပျိုးချိန်တွင် ပဲစဉ်းငုံများအား စီပွားဖြစ် စိုက်ပျိုးရန် မသင့်လျော်ဘဲ မိမိစိုက်ပျိုးမြေနှင့် ကိုက်ညီမည့် အခြားဈေးကွက်ရှိ ဆီထွက်သီးနှံနှင့် ပဲများကို ပြောင်းလဲ စိုက်ပျိုးကြရန် ယင်းထုတ်ပြန်ချက်တွင် အကြံပြုထားသည်။ The post မြေတောက်ပဲမှ လွဲ၍ အိန္ဒိယပို့ကုန် ပဲဈေးနှုန်းများ ထိုးကျ appeared first on ဧရာဝတီ.
Source : https://ift.tt/2ri1IkS
via IFTTT

No comments:

Post a Comment