Thursday, May 3, 2018


Su-30SM အမျိုးအစား ရုရှားတိုက်လေယာဉ် ဆီးရီးယားတွင် ပျက်ကျ ရုရှားလေတပ်မှ ဆူခွိုင်းအမျိုးအစား Su-30SM တိုက်လေယာဉ်တစီးသည် ယနေ့နံနက်ပိုင်းက ဆီးရီးယားနိုင်ငံ လတ်တာကီယာ ကမ်းရိုးတန်းတွင် ပျက်ကျသွားရာ လေယာဉ်မောင်း ၂ဦး သေဆုံး သွားကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ အဆိုပါ Su-30SM တိုက်လေယာဉ်သည် Khmeimim လေတပ်စခန်းမှ ပျံတက်ခဲ့ခြင်းဖြစ်ပြီး မြေထဲပင် လယ်အတွင်း ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ဦးဟာ နောက်ဆုံး အချိန်တိုင်အောင် လေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ ဒီလေယာဉ်ပျက်ကျမှုဟာ ငှက်နဲ့ တိုက်မိ၍ ဖြစ်နိုင်ကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခြင်းမရှိကြောင်း ဆိုသည်။ Su-30SMသည် နှစ်ယောက်စီး၊ အင်ဂျင် ၂လုံးတပ်၊ မည်သည့်ရာသီမဆို အသုံးပြုနိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်သည်။ အလားတူ အမေရိကန်စစ်လေယာဉ်တစီးလည်း ဂျော်ဂျီယာပြည်နယ်မှာ လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကြရာ အနည်းဆုံး လူ ၅ဦးသေဆုံးသွားတယ်လို့ Reuters သတင်းကဆိုသည်။ The post Su-30SM အမျိုးအစား ရုရှားတိုက်လေယာဉ် ဆီးရီးယားတွင် ပျက်ကျ appeared first on ဧရာဝတီ.
Source : https://ift.tt/2wd4QDy
via IFTTT

No comments:

Post a Comment