ရုပ်ရှင်ကားသစ်တခုမှာ အတူတွဲသရုပ်ဆောင်မယ့် Chris Hemsworth နဲ့ Dwayne Johnson နာမည်ကျော် ဟောလိဝုဒ်မင်းသား Dwayne Johnson ဟာ မင်းသား Chris Hemsworth နဲ့အတူ တွဲပြီး သရုပ်ဆောင်ဖို့ ရုပ်ရှင် ဇာတ်လမ်းတခုကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ မင်းသား The Rock ဟာ သူ့ရဲ့ နောက်ဆုံးထွက် ရုပ်ရှင် “Rampage” ကို ကမ္ဘာတဝန်းမှာ အောင်မြင်မှုရရှိစေဖို့ လုပ်ဆောင်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ဧပြီ ၂၇ ရက်၊ သူရဲ့ Instagram အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် “Avengers: Infinity War” ရုပ်ရှင်ဟာ သီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေစာရင်းမှာ သူ့ရုပ်ရှင်ကို ကျော်တက်ပြီး ထိပ်ဆုံးကနေ ဦးဆောင်မှာကို မျှော်လင့်နေတဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။ သူက “ကြီးမားတဲ့အပြေးပြိုင်ပွဲလိုပဲ အဆုံးဆိုတာ ရှိလာပါတယ်၊ အခုတော့ ကျတော့်ကို Avenger တွေက ကျော်တက်သွားပါပြီ” လို့ ဗီဒီယို့ပို့စ်ထဲမှာ ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် အခုလိုမျိုး ခက်ခဲတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတဲ့ သရုပ်ဆောင်တွေကို ဂုဏ်ပြုလိုတဲ့ အကြောင်းကို လည်း ပြောခဲ့ပါတယ်။ မင်းသား The Rock က “ရုပ်ရှင်က အခြေအနေအရမ်းကောင်းတဲ့အတွက် ကျနော်အရမ်းပျော်ပါတယ်”လို့ ဆိုပြီး နောက်ဆုံးထွက် Marvel ရုပ်ရှင်မှာ Guardians of the Galaxy ရဲ့ Star-Lord အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Chris Pratt နဲ့အတူ အလုပ်အတူတွဲလုပ်ဖို့ မျှော်လင့်နေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သူက “တပတ်လောက် ပရိသတ်တွေက ကျနော်နဲ့ Chris Pratt တို့ တခုခုအတူတူတွဲလုပ်ကြဖို့ ပြောကြ ဆိုကြပါတယ်၊ ပရိသတ်တွေ လိုချင်တာကို ကျနော်အမြဲတမ်းနားထောင်ပါတယ်၊ ကျနော့်ရဲ့ အားကစားခန်းမမှာ ဘုတ်ပြားတခု ရှိပါတယ်၊ အဲဒီဘုတ်ပေါ်မှာ ကျနော်တို့ရဲ့ နာမည်တွေ ဖြစ်တဲ့ Rock & Pratt ကို ချရေးလိုက်ပြီးတော့ လူတွေပြောတာ နားထောင် နေပါတယ် ၊ ကျနော် အိုင်ဒီယာတခုရခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မင်းသား Pratt ကတော့ မင်းသား The Rock ဆိုလိုတဲ့ ရုပ်ရှင်အတွက် တခုခု မတုန့်ပြန်သေးပေမယ့် Avengers ရုပ်ရှင်မှာ “Thor” အဖြစ် သရုပ်ဆောင်ထားတဲ့ Hemsworth ကတော့ ရုပ်ရှင်သစ်တခုမှာ သူရဲ့ စွမ်းရည်တွေကို မင်းသား Johnson နဲ့အတူ ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ မင်းသား The Rock ရဲ့ပို့စ်မှာ မင်းသား Hemsworth က “ကျနော့် နာမည်ကိုလည်း ဘုတ်ပြားပေါ်မှာ ရေးပေးပါ” လို့ မှတ်ချက်ရေးခဲ့ပြီးတော့ မင်းသား The Rock က ရုပ်ရှင်အတွက် အစီ အစဉ်တွေကို စဉ်းစားနေပြီလို့ ဆိုလိုက်ပါတယ်။ မင်းသား The Rock က “ မင်းအရင်ခေါင်းညှိမ့်တာ သဘောကျတယ်၊ မင်းရဲ့ဆန္ဒကလည်း ငါလုပ်ချင်နေတာပါပဲ၊ ဘုတ်ပေါ်မှာ ရေးလိုက်ပါပြီ” လို့ ပြန်လည် ရေးသားခဲ့ပါတယ်။ Ref: aceshowbiz The post ရုပ်ရှင်ကားသစ်တခုမှာ အတူတွဲသရုပ်ဆောင်မယ့် Chris Hemsworth နဲ့ Dwayne Johnson appeared first on ဧရာဝတီ.
Source : https://ift.tt/2w89G4J
via IFTTT
No comments:
Post a Comment