ကမ္ဘောဒီးယား နဲ့ တီမော၊ မြန်မာနဲ့ စင်ကာပူကို ခြေစွမ်းပြကာ ဗိုလ်လုပွဲတက် ဘရူနိုင်းမှာ ကျင်းပနေတဲ့ ၆ကြိမ်မြောက် အာဆီယံ လူငယ်ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(ဆီမီး ဖိုင်နယ်) ပွဲစဉ်တွေမှာ ကမ္ဘောဒီးယားနဲ့ တီမော- လက်စတီတို့က ချန်ပီယံဟောင်း မြန်မာနဲ့ စင်ကာပူ တို့ကို အနိုင်ရကာ မနေ့ ဗိုလ်လုပွဲကို တက်သွားပါတယ်။ ကမ္ဘောဒီးယားအသင်းဟာ ပထမပိုင်းမှာ ကတည်းက မြန်မာအသင်းဘက်ကို နှစ်ဂိုးဆက်တိုက်သွင်းပြီး ဦးဆောင် ကစားခဲ့ ရာ မြန်မာဘက်မှ တဂိုးပြန်သွင်းနိုင်ခဲ့သော်လည်း ပွဲပြီးသည်အထိ ၂ဂိုး-၁ဂိုးဖြင့် ကမ္ဘောဒီးယား အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အလားတူ နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ တီမော-လက်စတီအသင်းနဲ့ စင်ကာပူတို့ ပွဲစဉ်မှာလည်း တီမောအသင်းက ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဗိုလ်လုပွဲတက်သွားတဲ့ ကမ္ဘောဒီးယားနဲ့ တီမော-လက်စတီတို့ဟာ လာမည့်စနေနေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲကို ဘရူးနိုင်းဘုရင် စူလတန်ဟာဆာနယ်ဘော့ကိုင်းက ၁၉၉၇ ခုနှစ်က အစပျိုးကျင်းပပေးခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံးပြိုင်ပွဲကို ၂၀၀၂ ခုနှစ်က ကျင်းပရာ အင်ဒိုနီးရှားအသင်း က ဗိုလ်စွဲခဲ့သည်။ မြန်မာအသင်းကလည်း ၂၀၁၄ ခုနှစ်က အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည်။ The post ကမ္ဘောဒီးယား နဲ့ တီမော၊ မြန်မာနဲ့ စင်ကာပူကို ခြေစွမ်းပြကာ ဗိုလ်လုပွဲတက် appeared first on ဧရာဝတီ.
Source : https://ift.tt/2w8hinN
via IFTTT
No comments:
Post a Comment