တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ရန်ကုန်တိုင်း ဒေသကြီးအသင်း အနိုင်ရ ဗိုလ်စွဲ နေပြည်တော် စက်တင်ဘာ ၁၁ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဖြစ် ရန်ကုန်တိုင်း ဒေသကြီး အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင် ဦးအာမိုးဆီ က တတိယဆုရ ရခိုင်ပြည်နယ်အမျိုး သမီးဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်ရေးကော်မတီဝင် ဒေါက်တာ ကျော်သန်းထွန်းက ဒုတိယဆုရ မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ် များကိုလည်းကောင်း၊ အမျိုးသား လွှတ်တော်အမျိုးသမီးနှင့်ကလေး သူငယ်ဆိုင်ရာ အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါ်နော်လှလှစိုးက ပထမဆုရ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီး ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပထမဆုရ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးဘောလုံးအသင်း အား တံခွန်စိုက်ဆုဖလားကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။ (မောင်မောင်ဇော်)
Source : http://ift.tt/2c4lbjg
via IFTTT
No comments:
Post a Comment