အမျိုးသမီးများ အရေးကြုံလာလျှင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် နည်းလမ်းများ အမျိုးသမီးတွေအနေနဲ့ တစုံတခု အရေးအန္တရာယ် ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်နိုင်အောင် “ကိုယ်ခံပညာ” တတ်ထားသင့်ပါတယ်။ အမျိုးသမီးများအတွက် ရုတ်တရက် အန္တရာယ်ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခုခံ ကာကွယ်နိုင်မယ့် နည်းလမ်း အချို့ကို မျှဝေရေးသားလိုက်ပါတယ်။ (၁) လက်အဆွဲ ခံရတဲ့အခါ လက်တဖက် အဆွဲခံရပြီဆိုရင် တခြားလက်နဲ့ အဆွဲခံရတဲ့ လက်ကိုကိုင်ပါ။ ပြီးရင် တံတောင်ဆစ်ကို ရန်သူရဲ့ မျက်နှာနားထိ မြှင့်ပြီး ဝိုက်ချပါ။ (၂) နောက်ကနေ အချုပ်ခံရတဲ့အခါ အနောက်ကနေ ချုပ်ခံရပြီဆိုရင် ချုပ်တဲ့သူရဲ့လက်ကိုဆွဲပြီး ကိုယ်ကိုဘေးနည်းနည်းရောက်အောင်လုပ်ပါ။ ပြီးရင် လွတ်သွားတဲ့ လက်နဲ့ ရန်သူရဲ့ချက်ကောင်းကို တိုက်ခိုက်ပါ။ (၃) အနောက်ကနေ ဆွဲမြှောက်ခံရတဲ့အခါ သင့်ကို အနောက်ကနေဖက်ပြီး မြှောက်တဲ့အခါ သင့်ရဲ့ခြေထောက်နဲ့ ရန်သူရဲ့ပေါင်ခြံကို အဆက်မပြတ် ကန်ပါ။ (၄) လည်ပင်း အညှစ်ခံရတဲ့အခါ ရန်သူက သင့်အရှေ့တည့်တည့်လာပြီး လည်ပင်းညှစ်ဖို့ ကြံတဲ့အခါ လက်မောင်းကို မြှောက်ပြီး သူ့လက် နှစ်ဖက်လုံးကို အားသုံးပြီး ဖယ်ချပါ။ တစ်ဆက်တည်းမှာပဲ လက်ကို ပြန်မ,တင်တဲ့အခါ တံတောင်ဆစ်နဲ့ မျက်နှာကို တိုက်ခိုက်ပါ။ (၅) ဆံပင် အဆွဲခံရတဲ့အခါ သင့်ဆံပင်ကို တစုံတယောက်က လာဆွဲတဲ့အခါ ဆွဲတဲ့သူရဲ့လက်ကို မြဲမြံစွာ ကိုင်ထားပါ။ ပြီးရင် ခန္ဓာကိုယ်ကို တပတ် လည်အောင် လှည့်ပြီး ရန်သူကို ပြန်လည် တိုက်ခိုက်နိုင်ပါတယ်။ နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းကတော့ – တယောက်က အနားကပ်ပြီး အန္တရာယ်ပြုတော့မယ်ဆိုရင် မျက်နှာကိုသာ ကုတ်ဆွဲပါ။ – ဒါမှမဟုတ် Zig Zag ပုံစံပြေးပါ။ အော်ပါ။ အထက်ပါ နည်းလမ်းတွေက အရေးပေါ်အခြေအနေမှာ ကာကွယ်နိုင်မယ့် နည်းလမ်းတွေပါ။ အောက်က ဗီဒီယို ဖိုင်မှာ အမျိုးသမီးများအတွက် လျှပ်တပြက် ခုခံကာကွယ်နည်းလမ်းတွေ သရုပ်ပြထားပါတယ်။ အမျိုးသမီးများအတွက် လျှပ်တပြက် ခုခံကာကွယ်နည်းများ The post အမျိုးသမီးများ အရေးကြုံလာလျှင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် နည်းလမ်းများ appeared first on ဧရာဝတီ.
Source : http://ift.tt/2ESamP7
via IFTTT
No comments:
Post a Comment