Wednesday, February 21, 2018


တရုတ်နိုင်ငံသား EXO အဖွဲ့ဝင် အဆိုတော် “Lay” အဖွဲ့လှုပ်ရှားမှုတွေမှာ မပါဝင်တော့တဲ့ အကြောင်းအရင်း နိုင်ငံတဝှမ်းမှ ဆယ်ကျော်သက် မိန်းကလေးတွေ သဲသဲလှုပ် အားပေးကြတဲ့ နာမည်ကျော် တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ EXO အဖွဲ့မှ တဦးတည်းသော တရုတ်နိုင်ငံသားအဖွဲ့ဝင် အဆိုတော် Lay (နာမည်ရင်း Zhang Yixing -ကျန်းရီရှင်း) ဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ပြုလုပ်ခဲ့တဲ့ အဖွဲ့ရဲ့ အနုပညာခြေလှမ်းသစ်မှာကတည်းက EXO အဖွဲ့နဲ့ ပရိုမိုးရှင်းတွေ လုပ်ကိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ အဲဒီအတွက် သူဟာ အဖွဲ့ဝင်မှ ထွက်ခွာခဲ့ကြတဲ့ Kris, Luhan နဲ့ Tao တို့ရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး အဖွဲ့ထဲက သူ့ရဲ့ နေရာကနေ နိုင်ငံတကာမှာ နာမည်ကျော်တဲ့အထိ အခွင့်အရေးကို ရယူသွားပြီလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့ လာနေပါတယ်။ မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ Instagram Live တခုမှာဆိုရင် EXO ရဲ့ ဂီတထုတ်လုပ်သူ Marz ဟာ တောင်ကိုရီးယားမှာ အဖွဲ့ဝင်တွေနဲ့အတူ ပရိုမိုးရှင်းလုပ်ငန်းတွေမှာ Lay ပါဝင်ခြင်း မရှိတော့တဲ့ အကြောင်းဟာ တရုတ်နိုင်ငံနဲ့ ကိုရီးယား နိုင်ငံကြားက နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဒီလိုလုပ်တာ အကောင်းဆုံး ဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။ တရုတ်နိုင်ငံကို ရောက်လာတဲ့ EXO အဖွဲ့ဝင် Chen, Baekhyun, Xiumin တို့နဲ့ Lay တွေ့ဆုံစဉ် Marz က “ခင်ဗျားတို့ နိုင်ငံရေးအလယ်မှာ အနုပညာရှင်တဦးကို မထားချင်ဘူးလေ၊ ပရိသတ်အတွက်ကတော့ Lay ဟာ စိတ်သက်သောင့်သက်သာဖြစ်ဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။ သူဟာ အချိန်မှန်ရောက်တဲ့အထိ သူ့ကိစ္စတွေကို လုပ်နေ မှာပါ” လို့ ပြောပါတယ်။ တရုတ်နိုင်ငံဟာ နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာနေတဲ့အတွက် ကိုရီးယား အနုပညာရှင်တွေကို ပိတ်ပင်တားဆီးတာမျိုး ရှိတယ်လို့ ဆိုပါတယ်။ Lay ဟာ ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်တာနဲ့ “Idol Producer” အစီအစဉ်မှာ MC (အစီအစဉ် တင်ဆက်သူ) အနေနဲ့ ပါဝင်တာမျိုး စသဖြင့် တရုတ်နိုင်ငံမှာ တကိုယ်တော်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Lay ဟာ EXO အဖွဲ့သားတွေနဲ့ အဆက်အသွယ်ရှိနေတုန်းပဲလို့ ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲ ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ကိုရီးယား-တရုတ်စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပွဲအခမ်းအနားအတွက် တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ Chen, Baekhyun နဲ့ Xiumin တို့ကိုလည်း တွေ့ဆုံခဲ့ပါသေးတယ်။ Ref; aceshowbiz The post တရုတ်နိုင်ငံသား EXO အဖွဲ့ဝင် အဆိုတော် “Lay” အဖွဲ့လှုပ်ရှားမှုတွေမှာ မပါဝင်တော့တဲ့ အကြောင်းအရင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2CzFI7X
via IFTTT

No comments:

Post a Comment