ပန်းချီကို ချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်တဲ့ Loving Vincent (2017) Animation ရုပ်ရှင် “Loving Vincent” ဆိုတဲ့ ရုပ်ရှင်ဟာ ဒတ်ချ် (Dutch) လူမျိုး ထင်ရှားတဲ့ ပန်းချီအနုပညာရှင် တဦးဖြစ်တဲ့ Vincent Van Gogh ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Animation ရုပ်ရှင်ကားတကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် အသုံးပြုထားတဲ့ ပန်းချီကား အားလုံးဟာ ဆီဆေးတွေဖြစ်ပြီး ပန်းချီကားပေါင်း ၆၅၀၀၀ နဲ့ Vincent Van Gogh ကို ပြန်လည် အသက်သွင်းထားကြတာပါ။ဇာတ်လမ်းကတော့ ပန်းချီဆရာ Vincent Van Gogh ဟာ ၁၈၉၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး၊ သူ့ရဲ့အချစ်ဆုံးညီဖြစ်သူ Theo Van Gogh ကို ပို့ဖို့ စာတစောင် ကျန်နေခဲ့ပါတယ်။ Van Gogh ဟာ မကွယ်လွန်ခင် ကတည်းက သူရေးဆွဲခဲ့တဲ့ ပန်းချီ ကားတွေ အကြောင်းနဲ့ သူ့ရင်တွင်းခံစားချက်တွေကို သူ့ညီ Theo ဆီ စာပေါင်းမြောက်မြားစွာ ရေးပြီး ရင်ဖွင့်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ညီဖြစ်သူကလည်း သူ ကွယ်လွန်ပြီး ရက်ပိုင်းလောက်မှာပဲ သေဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ မိသားစုတွေကပါ ပြောင်းရွှေ့ သွားတာကြောင့် Vincent ရဲ့မိတ်ဆွေ စာတိုက်မှူး Joseph Roulin ဟာ စာကို သူ့သားဖြစ်သူ Armand Roulin ကို ပို့ခိုင်းလိုက်ပါတယ်။ Armand တယောက် Vincent ကွယ်လွန်ခဲ့တဲ့ ရွာကိုရောက်ပြီး Vincent ဟာ သူ့ကိုယ်သူ သတ်သေခဲ့တယ် ဆိုတာကိုပါ သိခဲ့ဲပြီးတော့ သူ့ကိုယ်သူ သတ်သေတာရဲ့ နောက်ဆက်တွဲ ထူးဆန်းတာတွေကိုလည်း သိလာခဲ့ပါတယ်။ ဇာတ်ကားမှာ ပန်းချီအနုပညာရှင်များက Vincent Van Gogh ဟန်အတိုင်း ပန်းချီ ပြန်ဆွဲထားတာပါ ဒီလို ထူးဆန်းမှုတွေကြားကနေ Armand ဟာ စာကို ပို့ပေးနိုင်မလားဆိုတာကို ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုရင်းနဲ့မှ သိရှိနိုင်မှာပါ။ ဒီဇာတ်ကားဟာ ကမ္ဘာ့ ပထမဆုံး ပန်းချီဆွဲပြီး ရိုက်ကူးထားတဲ့ Animation ရုပ်ရှင် ဖြစ်ပြီး သရုပ်ဆောင် တွေကို သရုပ်ဆောင်ခိုင်းပြီးမှ ပန်းချီ အနုပညာရှင်အယောက် ၁၂၀ ခန့်က Vincent Van Gogh ဟန်အတိုင်း ပန်းချီ ပြန်ဆွဲထားတာ ဖြစ်ပါတယ်။ အကောင်းဆုံး Animation ရုပ်ရှင်ဆု အပါအဝင်၊ Best Editing နဲ့ Best Music Discovery စတဲ့ ဆုတွေလည်း ရရှိထားပြီး “ပန်းချီချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကား” မို့လို့ ညွှန်းဆိုလိုက်ပါတယ်။ The post ပန်းချီကို ချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်တဲ့ Loving Vincent (2017) Animation ရုပ်ရှင် appeared first on ဧရာဝတီ.
Source : http://ift.tt/2ET6vkD
via IFTTT
No comments:
Post a Comment