Tuesday, February 20, 2018


“အသည်းကျန်းမာရေး” အတွက် အထောက်အကူပြုတဲ့ အစားအစာ ၁၀ မျိုး အသည်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အသည်းရဲ့ အရေးကြီး လုပ်ငန်းကတော့ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ချေဖျက် စွန့်ထုတ်ပေးတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာရေး မကောင်းတော့ဘူး ဆိုရင်တော့ “အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်းနဲ့ နာတာရှည် အသည်းရောဂါ” တွေကို ခံစားရစေနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်ပွားရအောင် အသည်းကျန်းမာရေးအတွက် အခုဖော်ပြပေးမယ့် အစားအစာ ၁၀ မျိုးကို စားသင့်ပါတယ်။ (၁) သံပုရာမျိုးဝင် အပင်တွေဖြစ်တဲ့ သံပုရာသီး၊ ရှောက်သီးနဲ့ လိမ္မော်သီးတို့မှာပါတဲ့ ဗီတာမင်စီဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ (၂) ပန်းသီးမှာ ပါဝင်တဲ့ malic အက်ဆစ်ဟာ ကင်ဆာရောဂါ ဖြစ်ပွားစေမှုကို ဟန့်တားပေးနိုင်ပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေကို အထောက်အကူဖြစ်စေပါတယ်။ (၃) ဂရိတ်ဖရုသီးမှာ ပါဝင်တဲ့ သကြားဓာတ်၊ ဗီတာမင်စီနဲ့ Antioxidant ဓာတ်တွေဟာ အသည်းကို သန့်ရှင်းစေနိုင်တဲ့ အတွက် ဂရိတ်ဖရုသီး ဖျော်ရည်ကို နေ့စဉ်သောက်သုံး ပေးသင့်ပါတယ်။ (၄) ကြက်သွန်ဖြူဟာ အသည်းကိုသန့်ရှင်းစေတဲ့ အကောင်းဆုံးအစားအစာပဲ ဖြစ်ပါတယ်။ ကြက်သွန်ဖြူ စားသုံးခြင်းဟာ အသည်းရဲ့အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို အားကောင်းစေပါတယ်။ (၅) မုန်လာဥနီ စားသုံးပေးခြင်းဟာ အသည်းရဲ့ လုပ်ဆောင်မှု တခုလုံးကို ပံ့ပိုးပေးပြီး သွေးကို သန့်စင်ပေးနိုင်ပါတယ်။ (၆) Green Tea သောက်သုံးပေးခြင်းဟာ အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးခြင်းနဲ့ အသည်းအဆီဖုံးခြင်းကို သက်သာစေပါတယ်။ (၇) ထောပတ်သီးကို အနည်းဆုံး တပတ်တခါ စားသုံးပေးခြင်းဖြင့် အသည်းပျက်စီးနိုင်ခြေ လျော့နည်းစေပါတယ်။ (၈) သစ်ကြားသီးမှာ Amino Acid နဲ့ Omega3 တို့ ပါဝင်တာကြောင့် အသည်းကျန်းမာရေးအတွက် ပုံမှန်စားသုံးပေး သင့်ပါတယ်။ (၉) ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ (၁၀) အစားအစာ ချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ ဆနွင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို တိုးတက်စေပြီး အသည်း ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို မြင့်မားစေပါတယ်။ Ref ; glaminati.com The post “အသည်းကျန်းမာရေး” အတွက် အထောက်အကူပြုတဲ့ အစားအစာ ၁၀ မျိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2okSeD1
via IFTTT

No comments:

Post a Comment