Tuesday, February 20, 2018


The Voice Global အထိ ဖော်ပြခံရတဲ့ “The Voice Myanmar” ပြိုင်ပွဲဝင် အဆိုရှင် နှင်းအိနြေ္ဒရှင် (Honey) သိပ်မကြာသေးခင်က ကျင်းပသွားပြီး လတ်တလော မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ “The Voice Myanmar” သီချင်းဆို ပြိုင်ပွဲအစီအစဉ်လိုပဲ ကမ္ဘာ့နိုင်ငံအများစုမှာလည်း “The Voice UK” , “The Voice Mongolia” , “The Voice Vietnam” စတဲ့ အဆိုပြိုင်ပွဲတွေကို တပြိုင်နက် ကျင်းပနေပါတယ်။ “The Voice” အစီအစဉ် အားလုံးထဲက ကောင်းနိုးရာရာ Video တွေကို ပြန်လည်စုစည်ထားတဲ့ “The Voice Global” Youtube Channel ရဲ့ Hot This Week (20.02.2018) စာရင်းမှာ The Voice Myanmar က ပြိုင်ပွဲဝင် နှင်းအိနြေ္ဒရှင် (Honey) ယှဉ်ပြိုင်သီဆိုထားတဲ့ သီချင်း ပါဝင်လာတာ တွေ့ရပါတယ်။ “The Voice Myanmar” ပြိုင်ပွဲဝင် အဆိုရှင် နှင်းအိနြေ္ဒရှင် (Honey) / Youtube အဆိုပါ Youtube Channel ရဲ့ Hot This Week (20.02.2018) စာရင်းမှာ ပါဝင်လာတဲ့ သီချင်းကတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညက ပြသခဲ့ပြီး “The Voice Myanmar” ပြိုင်ပွဲရဲ့ Blind Audition အဆင့်မှာ နှင်းအိနြေ္ဒရှင် (Honey) သီဆို ခဲ့တဲ့ “Think of Me” သီချင်းပါ။ အဲဒီသီချင်း ဗီဒီယိုဖိုင်ကို You Tube မှာ တင်ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ကြည့်ရှုသူ ဦးရေ 40k (၄ သောင်းကျော်) ရှိလာတာ တွေ့ရပါတယ်။ နှင်းအိနြေ္ဒရှင် (Honey) သီဆို ခဲ့တဲ့ “Think of Me” သီချင်း ဗီဒီယိုဖိုင်လင့်ခ် – သူမက သာမန်အဆိုရှင်တွေတောင် သီဆိုဖို့ ခက်ခဲတဲ့ Opera သီချင်းအမျိုးအစားကို သီဆိုခဲ့တာဖြစ်ပြီး သူမရဲ့ အသံ ဆွဲငင်အား ၊ တမူကွဲပြားတဲ့ သီဆိုဟန်တွေကြောင့် ဒိုင် ၄ ဦးစလုံးရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ “The Phantom of the Opera” ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ “Think of me” သီချင်းကို ပြန်လည် သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒိုင်တွေရဲ့ တောင်းဆိုမှုကြောင့် မြန်မာသီချင်း တပုဒ်ကိုလည်း Opera သီဆိုဟန်နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုခဲ့ပြပါသေးတယ်။ Youtube Channel ရဲ့ Hot This Week (20.02.2018) စာရင်း / Youtube အသက် ၁၉ နှစ်ပြည့်ပြီးကာစ သူမကဒီလို Opera အမျိုးအစားကို သီဆိုနိုင်ဖို့ သီးသန့် သင်ကြားခဲ့တာမျိုး မရှိဘဲ အိမ်မှာပဲ လေ့ကျင်တယ်လို့ ဆိုတာကြောင့် ဒိုင်အားလုံးက ဒုတိယအကြိမ် သူမကို ထပ်မံချီးကျူးခဲ့ပါတယ်။ “Despacito”, “Time to say Goodbye” စတဲ့သီချင်းတွေကို လည်း Opera သီဆိုဟန် နဲ့ Cover Song တွေအဖြစ် ဖန်တီးခဲ့ဖူးပြီး လူစိတ်ဝင်စားမှု အထိုက်အလျောက် ရခဲ့ပါတယ်။ “The Voice Myanmar” မှ ဒိုင်များမှ ချီးကျူး / Youtube သူမက Opera အမျိုးအစားကို ရူးရူးမူးမူး စွဲလမ်းတဲ့ သူတယောက်ဖြစ်ပြီး တခြား အဆိုပြိုင်ပွဲတွေမှာ ပြိုင်ဖူးတာတော့ မတွေ့ရပါဘူး။ မြန်မာနိုင်ငံ ဂီတလောကမှာ Opera သီဆိုဟန်နဲ့ အောင်မြင်ကျော်ကြားလာတဲ့ အဆိုရှင် မရှိသလောက် နည်းပါးတာကြောင့် သူမက အနာဂတ် Opera သီချင်းတွေရဲ့ ကြယ်တပွင့် ဖြစ်လာမလားဆိုတာ အားလုံးစောင့်မျှော် ကြည့်ကြရုံပါ ။ “The Voice Myanmar” အစီအစဉ် ကို MRTV-4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီတိုင်း တင်ဆက် ပြသသွားမှာဖြစ်ပြီး ရွေးချယ်ထားတဲ့ အကဲဖြတ်ဒိုင်တွေနဲ့ အသံပိုင်းဆိုင်ရာ ဦးစားပေးထားတဲ့ အကဲဖြတ်မှုတွေကြောင့် လူကြိုက်များတဲ့ ရုပ်သံအစီအစဉ်တခု ဖြစ်လာဦးမှာပါ ။ The post The Voice Global အထိ ဖော်ပြခံရတဲ့ “The Voice Myanmar” ပြိုင်ပွဲဝင် အဆိုရှင် နှင်းအိနြေ္ဒရှင် (Honey) appeared first on ဧရာဝတီ.
Source : http://ift.tt/2Hx8R7t
via IFTTT

No comments:

Post a Comment