Tuesday, February 20, 2018


“ဟာသကားတိုင်းကို ပေါကားလို့ မျက်စိမှိတ်၊ နားပိတ် အော်နေရင် မှားသွားလိမ့်မယ်”လို့ ဆိုတဲ့ ဖွေးဖွေး ထပ်ဆင့် အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးက လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းက သူ့ရဲ့ Facebook Page ကနေ “ဟာသကားတိုင်းကို ပေါကားလို့ မျက်စိမှိတ်၊ နားပိတ် အော်နေရင် မောင်မင်း မှားသွား လိမ့်မယ်ကွယ်” ဆိုပြီး ပို့စ်တခု ရေးသားထားပါတယ်။ အဲဒီပို့စ်မှာ “ဟာသကားတိုင်း ကို ပေါကား လို့ မျက်စိမှိတ် နားပိတ် အော်နေရင်တော့ မောင်မင်းမှားလိမ့်မယ် ကွယ်…Very Good Real Comedy တွေ ဆို အိုင်လဲ သိပ်ကြိုက်တာပဲလေ”လို့ ရေးထားပါတယ်။ “ဟာသကားဖြစ်ပြီး တကယ် မရယ်ရမှ၊ Romance ကားဖြစ်ပြီး ရင်ခုန်မှင်သက်စရာ မကောင်းမှ၊ သရဲကားဖြစ်ပြီး ကြောက်စရာ မကောင်းမှ၊ သည်းထိပ်ရင်ဖိုကား ဖြစ်ပြီး ပျင်းစရာကောင်းနေမှ တန်ဖိုးမရှိတဲ့ ပေါကား” လို့လည်း ရေးထားပါတယ်။ ၀၁၇ ခုနှစ် မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ တွေ့ရတဲ့ ဖွေးဖွေး / ယုဖြူဟန်/ ဧရာဝတီ “တကယ် ဟာသမြောက်တဲ့ ဟာသကား ဆိုရင်တော့ ဒါ အနုပညာထဲက အနုပညာအမျိုးအစားတခုပဲလေ.. တယောက်နဲ့ တယောက်လည်း အကြိုက် မတူနိုင်သလို မတူတာကိုလဲ လူအချင်းချင်း အပြစ်လိုက်ဖို့ ကိုယ့်နှလုံးသားနဲ့ ကိုယ်လွတ်လပ်စွာ ကွဲလွဲမှုအပေါ် စိတ်အနှောက်အယှက် ပြစ်မှုအကြီးကြီး တခုလို လိုက်လိုက် ပြောနေရတာ မော မစိုးလို့ ကြည့်ပေ့စေပေါ့။ ကိုယ့်မျက်စိနဲ့ကိုယ် သူ့မျက်စိနဲ့သူ ဒါပဲ” ဆိုပြီး ဖွေးဖွေးက ဟာသကားများအပေါ် ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။ မြန်မာဇာတ်ကားများနဲ့ ပတ်သက်ပြီး လတ်တလော လူမှုကွန်ရက် စာမျက်နှာများပေါ်မှာ ပရိသတ်များရဲ့ ဝေဖန်မှုများ များပြားလာတဲ့ နောက်ပိုင်းမှာ အနုပညာရှင်များအနေနဲ့လည်း အဆိုပါ ဝေဖန်မှုများကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ များမှတဆင့် ပြန်လည် ရေးသားမှုများ ရှိလာတာ တွေ့ရပါတယ်။ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးဟာ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု နှစ်ဆု ရရှိထားပြီး ၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ဇာတ်ကားနဲ့ တကြိမ်၊၂၀၁၅ ခုနှစ်မှာ “ကျွန်မက နှင်းဆီပါမောင်”ရုပ်ရှင်ဇာတ်ကားနဲ့ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ The post “ဟာသကားတိုင်းကို ပေါကားလို့ မျက်စိမှိတ်၊ နားပိတ် အော်နေရင် မှားသွားလိမ့်မယ်”လို့ ဆိုတဲ့ ဖွေးဖွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2ofklEk
via IFTTT

No comments:

Post a Comment