Tuesday, February 20, 2018


သဘာဝအတိုင်း ဆံပင်ရှည် မြန်စေမယ့် လွယ်ကူတဲ့ နည်းလမ်း ၅ ခု ဆံပင်အရှည် “မြန်ခြင်း၊ နှေးခြင်း”ဟာ မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။ ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင် ဆံပင်ဟာ တလကို လက်မဝက်လောက်သာ ရှည်လေ့ရှိပါတယ်။ ဆံပင် ညှပ်လိုက်ပြီးမှ အရမ်း တိုသွားတာမျိုးနဲ့ သာမန်အားဖြင့် ဆံပင်အရှည် နှေးတတ်တဲ့သူတွေ အတွက်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးဝင်စေမှာပါ။ (၁) ဆံပင်အရှည် မြန်အောင် ပထမဆုံး လုပ်ရမယ့်နည်းလမ်းကတော့ ရေများများ သောက်ပေးတာပါပဲ။ ရေသောက်ခြင်းဟာ ဆံပင်အရှည် မြန်စေသလို ဆံသားတွေကိုလည်း သန်မာစေပါတယ်။ (၂) ပရိုတိန်းဓာတ် ပါတဲ့ ပဲနဲ့ ဥအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်များ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းကလည်း ဆံပင်အရှည် မြန်စေမှာ ဖြစ်ပါတယ်။ (၃) ဆံပင်အရှည် မြန်စေဖို့အတွက် တပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်ခန့် ခေါင်းလျှော်ပေး သင့်ပါတယ်။ ခေါင်းလျှော်တဲ့ အခါတိုင်း Conditioner (ဆံပင်ပျော့ဆေး) ကို ပုံမှန် အသုံးပြုသင့်ပါတယ်။ သတိပြုရမှာကတော့ ခေါင်းလျှော်ရည် ဝယ်တဲ့အခါ ဘူးရဲ့ နောက်ကျောဘက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီးမှ ဝယ်ယူသင့်ပါတယ်။ ခေါင်းလျှော်ရည် အများစုမှာ ပါတတ်တဲ့ Sodium Laurel Sulphate ဟာ ဆံသားကို အလွယ်တကူ ခြောက်သွေ့ပျက်စီး စေနိုင်ပါတယ်။ (၄) နောက်ထပ် ပြောပြပေးမယ့် နည်းလမ်းက ပန်းသီးရှာလကာရည် အနည်းငယ်ကို ဆံသားပေါ်မှာ လိမ်းပေးပြီး ၅ မိနစ် ခန့် ကြာရင် ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းက ဆံပင်အရှည် မြန်စေသလို ဆံသားတွေကိုလည်း ပျော့ပျောင်း စေမှာပါ။ (၅) ခေါင်းမလျှော်ခင် အုန်းဆီ (သို့မဟုတ်) သံလွင်ဆီကို ဆံသားအနှံ့ လိမ်းပြီး ၁၅ မိနစ်ခန့် နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော် ပေးခြင်းဟာ ဆံပင်အရှည်မြန်စေတဲ့အပြင် အကြောအခြင်လည်း ပြေစေပါတယ်။ Ref ; glaminati.com The post သဘာဝအတိုင်း ဆံပင်ရှည် မြန်စေမယ့် လွယ်ကူတဲ့ နည်းလမ်း ၅ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2ojAKak
via IFTTT

No comments:

Post a Comment