Tuesday, February 20, 2018


“ကွယ်လွန်ပြီ” ဆိုတဲ့ ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းလိုက်တဲ့ မင်းသားကြီး Sylvester Stallone မင်းသားကြီး Sylvester Stallone (ဆေဗက်စတာ စတားလုံး) ဟာ “သေဆုံးပြီ” လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ကျန်းကျန်းမာမာ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တုန်းက လူမှုကွန်ရက်မီဒီယာ တခုဖြစ်တဲ့ Facebook မှာ မင်းသားကြီး Sylvester Stallone တယောက် ဆီးကျိတ်ကင်ဆာရောဂါကို ခံစားရပြီး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းတွေဟာ သတင်းအမှားတွေသာဖြစ်ပြီး သူ အသက်ရှင်လျက်ရှိပြီး နေကောင်း၊ ကျန်းမာတဲ့အကြောင်း Rocky ရုပ်ရှင်မင်းသားကြီးက သူ့ရဲ့ တရားဝင် Instagram နဲ့ Twitter အကောင့်တွေမှာ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ မင်းသားကြီးက “ဒီလို ရူးကြောင်ကြောင် သတင်းတွေကို ဥပေက္ခာပြုပေးကြပါ။ ကျနော် အသက်ရှင်လျက်ရှိ၊ ပျော်ရွှင် ကျန်းမာလျက်ပါ။ လက်ရည် သွေးဆဲပါပဲ” လို့ ကောလာဟလ စတင်ခဲ့တဲ့ ပို့စ်ရဲ့ ဓာတ်ပုံနဲ့အတူ တွဲတင်ခဲ့ပါတယ်။ သူ့ရဲ့ ညီဖြစ်သူ Frank Stallone ကတော့ အစ်ကိုဖြစ်သူ ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလတွေကို ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ “ကျနော့်အစ်ကို သေပြီဆိုတဲ့ ကောလာဟလတွေက အမှားတွေပါ။ ဘယ်လောက်တောင် ရက်စက်၊ အောက်တန်းကျတဲ့စိတ်နဲ့ ဒီပို့စ်ကို တင်တာလဲ။ ဒီလိုမျိုး စိတ်ဓာတ် မူမမှန်တဲ့ သူတွေဟာ လူ့အသိုက်အဝန်းမှာ နေထိုင်ဖို့ မထိုက်တန်ပါဘူး” လို့ Frank Stallone က သူ့ရဲ့ Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။ “သေပြီဆိုတဲ့ နောက်ပြောင်မှုဟာ ရယ်စရာ မဟုတ်သလို စိတ်ချမ်းမြေ့ဖို့လည်းမကောင်းပါဘူး” လို့ ထပ်လောင်း ပြောထား ပါသေးတယ်။ ဒါပေမယ့် ပရိသတ်တချို့ကတော့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မင်းသားကြီးအတွက် ဂုဏ်ပြုအမှတ်တရ စကားတွေ ပလူပျံ ခဲ့ပါတယ်။ ပရိသတ်တဦးက “ကျနော်သူ့ရဲ့ ရုပ်ရှင်တွေနဲ့ စိတ်ဓာတ်ကို ကြိုက်ပါတယ်။ ငြိမ်းချမ်းစွာ နားနေ ပါတော့ Sylvester Stallone” လို့ ရေးသားထားပါတယ်။ နောက်ထပ် ပရိသတ်တဦးကတော့ အဲဒီသတင်းတွေကို ချက်ချင်း မယုံကြည်သေးဘဲ “Sylvester Stallone တကယ် သေပြီလားဆိုတာ ငါတော့သိဖို့ လိုအပ်တယ်” လို့ ရေးသားခဲ့ပါတယ်။ Sylvester Stallone က သူ့ရဲ့ တရားဝင် Instagram နဲ့ Twitter အကောင့်တွေမှာ ကောလာဟလကို ပြန်ဖြေရှင်းခဲ့ပါတယ် နောက်ထပ် ပရိသတ်တဦးကလည်း “အထူးသတင်း – အသက် ၇၁ နှစ်အရွယ် ချစ်မြတ်နိုးရပါတဲ့ မင်းသားကြီး Sylvester Stallone ဟာ ဒီမနက် သူ့အိမ်မှာ ငြိမ်းချမ်းစွာ နိုးထခဲ့ပါပြီ” ဆိုတဲ့ ကောလာဟလသတင်း ကို တုန့်ပြန်လိုက်ပါတယ်။ မင်းသားကြီး Sylvester Stallone ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလသတင်း ထွက်ပေါ်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း CNN သတင်းဌာနက တင်ပြပုံရတဲ့ သတင်းတခုမှာ “Creed” ရုပ်ရှင်မင်းသားကြီးဟာ လော့စ်အင်ဂျလိစ်မှာရှိတဲ့ နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်” ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ နောက်တော့ အဲဒီသတင်းဟာ နာမည်ကျော်ကြားသူတွေ သေဆုံးပြီဖြစ်တဲ့အကြောင်း အပြောင်အပျက် သတင်းတွေ ဝေမျှလေ့ရှိတဲ့ ဝက်ဘ်ဆိုက်တခုကနေ တဆင့် သတင်းတွေ စတင်ပျံ့နှံ့ လာခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရပါတော့တယ်။ Ref ; aceshowbiz The post “ကွယ်လွန်ပြီ” ဆိုတဲ့ ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းလိုက်တဲ့ မင်းသားကြီး Sylvester Stallone appeared first on ဧရာဝတီ.
Source : http://ift.tt/2Fg319H
via IFTTT

No comments:

Post a Comment