Tuesday, July 24, 2018

7Day News Journal

မြောက်ကိုရီးယား၏ အဓိက ဒုံးကျည်စမ်းသပ်ရာ နေရာတစ်ခု စတင်ဖျက်သိမ်းနေ မြောက်ကိုရီးယားသည် ၎င်းတို့၏ အဓိက ဒုံးကျည် စမ်းသပ်ရာ ပစ်စင်နေရာ တစ်ခုကို စတင် ဖျက်သိမ်းနေပြီဟု သိရှိရသည်။ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံများက နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပစ်စင်နေရာတွင် ဖြိုချ ဖျက်သိမ်းမှုများ စတင်နေပြီဖြစ်ကြောင်း ညွှန်ပြလျက် ရှိသည်။ ဆိုဟေး ဒုံးကျည် စမ်းသပ်ရေး စင်တာကို ဖျက်သိမ်းမှုသည် နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်အတွက် မြောက်ကိုရီးယားက ၎င်းတို့ ထားရှိသည့် ကတိကဝတ်နှင့်အညီ လုပ်ဆောင်နေကြောင်း ခိုင်မာသည့် အထောက်အထား တစ်ရပ်ဟုလည်း ဆိုနိုင်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံချိန်၌ ဒုံးကျည်အင်ဂျင် စမ်းသပ်နေရာတစ်ခု ဖျက်သိမ်းမည်ဟု ညှိနှိုင်း သဘောတူခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို မထုတ်ပြန်ခဲ့ချေ။ မြောက်ကိုရီးယား အစိုးရက ဆိုဟေးသည် ဂြိုဟ်တု လွှတ်တင်သည့် နေရာတစ်ခုဟု အစဉ်တစိုက် ပြောဆိုခဲ့သော်လည်း အမေရိကန်ကမူ တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ်ရာ ဇုန်နေရာ တစ်ခုဟုသာ သံသယ ရှိခဲ့သည်။ ဆိုဟေး ပစ်စင်နေရာကို စတင် ဖျက်သိမ်းနေခြင်းကြောင့် မြောက်ကိုရီးယားသည် နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးကျည် စွန့်လွှတ်ရေး ကတိကဝတ် လမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်နေဆဲဟု ယုံကြည်ရသည်။ အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့သည့် ၉ လတာအတွင်း မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားဗုံးနှင့် ဒုံးကျည်စမ်းသပ်မှု လုံးဝ မပြုလုပ်ခဲ့ဘဲ လက်နက် ဖျက်သိမ်းရေး ကဏ္ဍတွင် တိုးတက်မှုများ ဖြစ်ပေါ်နေသည့်အတွက် အလွန်ဝမ်းသာ ကျေနပ်မိကြောင်း ယခုသီတင်းပတ် အစောပိုင်းက မှတ်ချက်ပြု ပြောဆိုထားခဲ့သည်။ Ref: AFP
Source : https://ift.tt/2mDfXOn
via IFTTT

No comments:

Post a Comment