Tuesday, July 24, 2018


Spice Girls အဖွဲ့ကို အမှန်တကယ် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း အဖွဲ့ဝင် Mel B ပြော ဗြိတိန်ပေါ့ပ်အဖွဲ့တခုဖြစ်တဲ့ The Spice Girls အဖွဲ့ဟာ ထပ်ပြီးတော့ ပြန်လည်စုစည်းမိကြမှာ ဖြစ်တဲ့ အကြောင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ Mel B က ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ Scary Spice လို့လူသိများတဲ့ အဆိုတော် Mel B က အဖွဲ့ဝင် ငါးဦးလုံးဟာ ပြန်လည်ပေါင်းစည်းဖို့ သဘောတူညီပြီး ဖြစ်တယ်လို့ ဗြိတိသျှရုပ်သံအစီအစဉ်တခုကို ပြောကြားခဲ့တာဖြစ်ပါတယ်။ သူက “ကျမတို့ ပြန်ဆုံကြဖို့ သေချာပါတယ်” လို့ ITV ရုပ်သံလိုင်းရဲ့ Loose Women အစီအစဉ်မှာ ဖြေကြားခဲ့ပါတယ်။ အခြားအဖွဲ့ဝင် ၄ ဦးကတော့ Victoria Beckham (Posh Spice), Melanie Chisholm (Sporty Spice), Emma Bunton (Baby Spice) နဲ့ Geri Horner (Ginger Spice) တို့ပဲ ဖြစ်ကြပါတယ်။ ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဟာ သူတို့ရဲ့ အနုပညာသက်တမ်းအတွင်းမှာ အယ်လ်ဘမ်ချပ်ရေ ၁၀ သန်း ကျော် ရောင်းချခဲ့ရပြီး Wannabe နဲ့ Say You’ll Be There တို့လိုမျိုးသီချင်းတွေဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ ဂီတဇယား တွေမှာ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အဖွဲ့ဝင် Halliwell က ၁၉၉၈ ခုနှစ်မှာ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး ကျန်ရှိတဲ့ အဖွဲ့ဝင်တွေကတော့ ၂၀၀၀ ပြည့်နှစ်မှာ “Forever” အယ်လ်ဘမ်ဖြန့်ချိခဲ့ပြီးတဲ့နောက် ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့ကို ၂၀၀၇-၂၀၀၈ ခုနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ နယ်လှည့်ဖျော်ဖြေပွဲတခုအတွက် ပြန်လည်ဖွဲ့စည်းခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ ပြန်လည်ပေါင်းစည်းရေးအတွက် အဖွဲ့ဝင်တဦးချင်းစီက အရိပ်အမြွက် ပြောကြားနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုတော် Mel B က “နေ့တနေ့ရဲ့အဆုံးသတ်မှာ ကျမတို့ဟာ ညီအမတွေ ဖြစ်ကြပါတယ်။ ကျမတို့ ဖြတ်သန်းခဲ့တာဟာ တော်တော်လေးကို ထူးခြားပြီး အံ့သြဖို့ကောင်းတဲ့ ခရီးစဉ်တခုဖြစ်ခဲ့ပြီးတော့ ကျမတို့ ပြန်လည်စုစည်းကြတော့မှာဖြစ်ပါ တယ်။ နည်းနည်းလေးခက်နေတာ တခုတော့ ရှိပါတယ်။ ဒါပေမယ့် သူ (Victoria Beckham) ပြန်ပါလာမှာပါ” လို့ ဇူလိုင် ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး အဖွဲ့ကို ပြန်လည်ပေါင်းစည်းမယ်ဆိုပြီး အဖွဲ့ဝင်တွေကြားမှာရော၊ ပရိသတ်တွေကြားမှာပါ အရိပ်အမြွက် ပြောကြားတာတွေ၊ ထင်ကြေးပေးတာတွေ နှစ်တော်တော်များများ ကြာရှိခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။ အဖွဲ့ဝင်တွေမှာလည်း အခါအားလျော်စွာ တွေ့ဆုံတာမျိုး ရှိခဲ့ပေမယ့် အဖွဲ့ဝင် တဦးဖြစ်တဲ့ Victoria Beckham က အဖွဲ့ကို ပြန်လည်ပေါင်းစည်းပြီး အဖွဲ့ထဲမှာ ပြန်လည်ပါဝင်လာဖို့ မကျိန်းသေသေးဘူးဆိုပြီး ပြောကြားခဲ့တာလည်း ရှိခဲ့ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – Spice Girls အဖွဲ့ ပြန်လည် ပေါင်းစည်းမှုမှာ Victoria Beckham ပါဝင်မည် မဟုတ် Ref: asiaone The post Spice Girls အဖွဲ့ကို အမှန်တကယ် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း အဖွဲ့ဝင် Mel B ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2v1w1xh
via IFTTT

No comments:

Post a Comment