Tuesday, July 24, 2018


ထမ့်လုံဂူ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ သြစတြေးလျနိုင်ငံသားများ ဆုချီးမြှင့်ခံရ ထိုင်းနိုင်ငံမြောက်ပိုင်းက ထမ့်လုံဂူထဲ ပိတ်မိနေခဲ့တဲ့ တောဝက်အသင်းသားတွေ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သြစတြေးလျ နိုင်ငံသားတွေကို သြစတြေးလျ အစိုးရမှ ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။ ဒေါက်တာ ရစ်ချက်ဟားရစ် နဲ့ သူ့သူငယ်ချင်း Craig Challen တို့ကိုတော့ နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး ကြယ်ဆုတံဆိပ်ဖြစ်တဲ့ ရဲစွမ်းသတ္တိဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခဲ့ကြတာပဲဖြစ်ပါတယ်။ ဒေါက်တာဟာ ကယ်ဆယ်ရေးအတွင်းမှာ ပိတ်မိနေတဲ့ နည်းပြနဲ့အသင်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်း ဒေါက်တာ Craig Challen ကပါ ဝိုင်းဝန်းကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးအပြင် အခြားသော ဆုတံဆိပ် ချီးမြှင့်ခံရသူတွေလည်း ရှိပါသေးတယ်။ သူတို့တွေဟာလည်း ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြသူများဖြစ်ပြီး သြစတြီးယားနိုင်ငံ ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရေတပ် အဖွဲ့ဝင် တဦးတို့ပဲ ဖြစ်ပါတယ်။ သူတို့ကိုလည်း သူတို့ရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဆုတံဆိပ်တွေကို ချီးမြှင့်ခဲ့ပါတယ်။ ယခုဆု ချီးမြှင့်ခံရတဲ့အဖွဲ့မှာတော့ Justin John Bateman ၊ Kelly Craig Boers ၊ Benjamin Walter Cox ၊ Troy Matthew Eather ၊ Matthew Peter Fitzgerald ၊ Robert Michael James ၊ Christopher John Markcrow တို့ပါဝင်ပါတယ်။ သူတို့တယောက်ချင်းစီအတွက်တော့ ဒီကယ်ဆယ်ရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေခဲ့တာပဲဖြစ်ပါတယ်။ တယောက် ချင်းစီရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေဟာ ကယ်ဆယ်ရေးကို ရုပ်လုံးပေါ်စေခဲ့တာဖြစ်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြရတာလည်း ဖြစ်ပါတယ်။ “ကမ္ဘာ့ဖလားဟာ ရုရှားနိုင်ငံမှာ ကျင်းပခဲ့ပေမဲ့ တကယ့် အကြိတ်အနယ်ရှိခဲ့တဲ့ ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျနော်တို့ရဲ့ သူရဲကောင်းတွေက ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့အတွက် ဂုဏ်ယူပီတိ ဖြစ်ရပါတယ်”လို့ သြစတြေးလျ နိုင်ငံရဲ့ ဒုသမ္မတ Mr. Turnbull က ဆုပေးပွဲ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ “ကယ်ဆယ်ရေးဟာ ကျေနာ်တို့ ထင်ထားတာထက် ခက်ခဲခဲ့ပြီး ရဲဘော်၊ ရဲဘက်တွေ အများအပြား ပါဝင်ခဲ့ကြပါတယ်” လို့ ဒေါက်တာ ဟားရစ်က ပြောပြခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာ Challen ကတော့ “ကျနော်နဲ့ ဟားရစ်ဟာ လုပ်စရာရှိတာလုပ်ခဲ့ကြရုံပါ။ ကျနော်တို့မှာ နောက်ထပ် ရင်ဆိုင်စရာတွေ အများကြီး ရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ The post ထမ့်လုံဂူ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ သြစတြေးလျနိုင်ငံသားများ ဆုချီးမြှင့်ခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2v235F8
via IFTTT

No comments:

Post a Comment