Tuesday, July 24, 2018


Gaming စမတ်ဖုန်း ထုတ်တော့မယ့် Samsung မိုဘိုင်း Gaming ဈေးကွက်ကြီးမားလာတာနဲ့အတူ Razer အပါအဝင် စမတ်ဖုန်း ထုတ်လုပ်သူတွေအနေနဲ့လည်း Gaming စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတာ တွေ့ရပါတယ်။ Gaming စမတ်ဖုန်းတွေရဲ့ အစဟာ ၂၀၁၁ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ Sony Ericsson ရဲ့Xperia Play ဖုန်းလို့ ဆိုနိုင်ပေမယ့် ၂၀၁၇ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Razer ဖုန်းကြောင့် Gaming စမတ်ဖုန်းတွေကို လူစိတ်ဝင်စားမှုတွေ ပိုမိုရရှိခဲ့ပါတယ်။ Razer ပြီးနောက်မှာတော့ Xiaomi, Nubia, Asus, Huawei စတဲ့ ဖုန်းကုမ္ပဏီတော်တော်များကလည်း Gaming ဖုန်းတွေ လိုက်ထုတ်လာကြပါပြီ။ အခုထွက်ရှိလာတဲ့ သတင်းတွေအရတော့ Gaming စမတ်ဖုန်းဈေးကွက်ထဲကို Samsung လည်း ဝင်ရောက်လာတော့ မှာဖြစ်တယ်လို့ သိရပါတယ်။ Twitter ကနေတဆင့် ပေါက်ကြားလာတဲ့ ယခုသတင်းအရ Samsung ဟာ မိုဘိုင်း Gaming အတွက် အထူးဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ ဖုန်းတမျိုးကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ယခုကောလာဟလ ထွက်လာတဲ့ သတင်းရင်းမြစ်ဟာ Samsung ဖုန်းတွေနဲ့ ပတ်သက်ပြီး မှန်ကန်လေ့ရှိတဲ့ သတင်းရင်းမြစ်တခု ဖြစ်တာကြောင့် ယခုသတင်းကလည်း အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။ တခု စိတ်ဝင်စားဖို့ ကောင်းတာက Samsung ရဲ့ အခုဂိမ်းမင်းဖုန်းဟာ ကုမ္ပဏီက နှစ်ရှည်လများ အကောင်အထည် ဖော်နေတဲ့ ခေါက်ချိုးဖုန်း “Galaxy X” ဖုန်းလည်း ဖြစ်နေနိုင်ပါတယ်။ အရင်ထွက်ရှိ ထားတဲ့သတင်းတွေအရလည်း ခေါက်ချိုး အသုံးပြုနိုင်မှာဖြစ်တဲ့ ၇ လက်မအရွယ် Galaxy X စမတ်ဖုန်းဟာ မိုဘိုင်း ဂိမ်းကစားသူတွေကို ဦးတည်ထုတ်လုပ် ထားတဲ့ဖုန်းတလုံး ဖြစ်နိုင်တယ်လို့ သိထားရပါတယ်။ Samsung အနေနဲ့ သြဂုတ်လ ၉ ရက်နေ့မှာလည်း Galaxy Note မျိုးဆက်သစ် Galaxy Note 9 ကို မိတ်ဆက်သွားဖို့ ရှိပါတယ်။ Samsung Mobile ဌာနမှူး DJ Koh ကိုယ်တိုင်ကလည်း Note 9 ဖုန်းမှာ လုပ်ဆောင်ချက်အသစ် အများအပြား ပါဝင်လာမယ့် S Pen ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဂိမ်းဆော့တဲ့အခါ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါလာမှာဖြစ်တယ်လို့ ထုတ်ပြောခဲ့ဖူး တာကြောင့် အခု S Pen အသစ်ဟာ Samsung ဂိမ်းမင်းဖုန်းရဲ့ ပထမခြေလှမ်း ဖြစ်နိုင်ပါတယ်။ Ref: Gizmochina, SlashGear The post Gaming စမတ်ဖုန်း ထုတ်တော့မယ့် Samsung appeared first on ဧရာဝတီ.
Source : https://ift.tt/2LBzlt6
via IFTTT

No comments:

Post a Comment