Tuesday, July 24, 2018


လာအိုတွင် ဆည်ကျိုး၍ လူ ၁၀၀ ခန့် ပျောက်ဆုံး လာအိုနိုင်ငံ အရှေ့တောင်ပိုင်း အက်တပီအူ ပြည်နယ်ရှိ ရေအားလျှပ်စစ်ထုတ်လုပ်သည့် ဆည်တခု ကျိုးပေါက်ရာ လူအများအပြားသေဆုံးပြီး ရာနှင့်ချီကာ လတ်တလော ပျောက်ဆုံးနေကြောင်း Bangkok Post သတင်းကဆိုသည်။ ဆည်ကျိုးသည့်အတွက် ရေလီတာ ၅ဘီလျှံခန့် ဖုံးလွှမ်းသွားကြောင်း၊ အစိုးရက လှေများဖြင့် ဆန်ဆိုင်းခရိုင်အတွင်း ရှိလူများကို ကူညီရွှေ့ပြောင်းနေကြောင်း လာအိုသတင်းဌာနက ဆိုသည်။ ယင်းဆည်တမံကို ဇီပိန်း-ဇီနန်နွိုင်း လျှပ်စစ်စွမ်း အားကုမ္ပဏီတည်ဆောက်ခြင်းဖြစ်ပြီး ယင်းဆည်တမံ မတော်တဆကျိုးပေါက်သွားရခြင်းအသေးစိတ်ကို မသိရရှိသေးပေ။ လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်မျှော်မှန်းချက်အပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများက စိုးရိမ်မှုမြင့် တက်နေသည်မှာ နှစ်များစွာတိုင်ခဲ့ပြီဖြစ်သည်။ ယင်းစိုးရိမ်မှုများတွင် မဲခေါင်မြစ်ပေါ် ဆည်တမံတည်ဆောက်ခြင်း၏ အကျိုးဆက်အနေဖြင့် ကျေးလက်လူနေမှုဘဝများနှင့်ဒေသတွင်းစီးပွားရေးအပေါ် တည်မှီနေမှုလည်း ပါဝင်သည်။ The post လာအိုတွင် ဆည်ကျိုး၍ လူ ၁၀၀ ခန့် ပျောက်ဆုံး appeared first on ဧရာဝတီ.
Source : https://ift.tt/2JOlNpr
via IFTTT

No comments:

Post a Comment