အဆောက်အဦးနဲ့ တွဲလျက် ဖန်တီးထားတဲ့ တရုတ်နိုင်ငံက ရေတံခွန် တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ Guiyang မြို့ ၊ Liebian အဆောက်အဦးမှာ တည်ဆောက်ထားတဲ့ ဒီရေတံခွန်ငယ်ကတော့ ၃၇၉ ပေ အမြင့်ရှိပါတယ်။ ရေကန်ထဲက ရေတွေကို စုပ်ယူပြီး ရေတံခွန်ထိပ်ကို ရောက်ရှိဖို့ ပန့်အကြီးစားလေးခုနဲ့ ၁ နာရီကို စတာလင် ၈၉ ပေါင်ခန့် အသုံးပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ရေတံခွန်ငယ်ကို တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကတော့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ဖို့ ဖြစ်ပေမယ့် လတ်တလောမှာတော့ လူအများစုရဲ့ စွမ်းအင်အရင်းအမြစ် ဖြုန်းတီးမှု သက်သက်သာ ဖြစ်တယ်လို့ ဝေဖန်ခြင်း ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြင့်မားလှတဲ့ အမြင့်ကနေ တဟုန်ထိုး စီးဆင်းလာတဲ့ ရေအရှိန်ကြောင့် အောက်ခံမြေသား အပါအဝင် ဆူညံတဲ့ အသံတွေကြောင့် ဒေသခံတွေကတော့ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့လည်း သတင်းတွေက ထွက်ပေါ်နေပါတယ်။ Liebian အဆောက်အဦဟာ Guiyang မြို့ရဲ့ အလယ်ဗဟိုမှာ ရှိနေပြီး စီးပွားရေး အချက်အချာကျတဲ့ နေရာ ဖြစ်တဲ့အတွက် ရေတံခွန်ငယ်ကို တည်ဆောက်ရခြင်းလည်း ဖြစ်ပါတယ်။ အသေးစိတ်အနေနဲ့ ရေကန်ဟာ ၁၂၁ ပေ မြင့်မားပြီး ရေစုပ်ပန့်တွေကတော့ ၁၈၅ ကီလိုဝပ် အသုံးပြုပြီး ရေတံခွန်ကို လည်ပတ်စေတာပဲဖြစ်ပါတယ်။ Guizhou Ludiya Property Management Co. မှ တာဝန်ယူ စီစဉ်ခဲ့တဲ့ ဒီရေတံခွန်ငယ်အတွက် ရေအရင်းအမြစ်ဟာ မိုးရေနဲ့ Recycle စနစ် အသုံးပြုထားတာဖြစ်ပြီး ရေတံခွန်ကို အမြဲတမ်း ဖွင့်ထားတာမျိုး မဟုတ်ဘဲ မြို့ရဲ့ အရေးပါ အရာရောက်တဲ့ ပွဲလမ်းသဘင်တွေ ရှိမှသာ ဖွင့်ထားတာ ဖြစ်တဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ Mr.Cheng က ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ရေသိုလှောင်ဖို့အတွက် မြေအောက်ကန် ၄ ခု အသုံးပြုထားပြီး တနာရီအတွက် လျှပ်စစ်အသုံးပြုခဟာ ယွမ် ၈၀၀ ကျသင့်တာပဲ ဖြစ်ပါတယ်။ ပူပြင်းလှတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ရေတံခွန်ငယ်ရဲ့အရှိန်ကြောင့် အနီးအနား တဝိုက်တွေကိုပါ အေးမြနေစေမှာလည်း ဖြစ်ပါတယ်။ Ref ; www.dailymail.co.uk The post အဆောက်အဦးနဲ့ တွဲလျက် ဖန်တီးထားတဲ့ တရုတ်နိုင်ငံက ရေတံခွန် appeared first on ဧရာဝတီ.
Source : https://ift.tt/2NF2qkN
via IFTTT
No comments:
Post a Comment