ဇာတ်ရုပ်ပီပြင်ဖို့အတွက် သီလရှင်ဝတ်လိုက်တဲ့ စိုးပြည့်သဇင် “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအတွက် ဇာတ်ရုပ်ပီပြင်စေရန် အကယ်ဒမီစိုးပြည့်သဇင်က တပတ်ကြာ သီလရှင် ဝတ်လိုက်ပါတယ်။ စိုးပြည့်သဇင်က ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ လှည်းကူးကျောင်းတိုက်မှာ သီလရှင် ဝတ်ခဲ့တာဖြစ်ပြီး တပတ်ကြာ တရားအားထုတ်ရင်း သီတင်းသုံးနေထိုင်သွားမယ်လို့ သိရပါတယ်။ အဲဒီ “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စာရေးဆရာကြီး တင့်တယ်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူး ပုံဖော်နေတာဖြစ်ပြီး ဇာတ်ရုပ်အတွက် ကတုံးအတုနဲ့ ရိုက်သော်လည်း သိသာနေပြီး အဆင်မပြေတဲ့ အတွက် ကတုံးအစစ် တုံးပြီး ရိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ကမ္မဖလ ရုပ်ရှင်ကားကြီးအတွက် စိုးပြည့်သဇင်က တကယ်သီလရှင် ဝတ်ပြီး ကတုံးအစစ်တုံးတာပါ။ (ပထမက ကတုံးအတုနဲ့ ရိုက်ထားပါတယ်။ ကတုံးအတုက သိသာနေလို့ ဆရာက ကတုံးအစစ် တုံးချင်လား သမီး။ သီလရှင် ဝတ်လိုက်မယ်။ ကတုံးအစစ် တုံးလိုက်မယ် ဆိုပြီး သီလရှင်ဝတ်တာပါ” လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် ပြေတီဦး၊ သူထူးစံ ၊ စိုးရန်အောင် ၊ မိုးဟေကို၊ စိုးပြည့်သဇင် ၊ အေးမြတ်သူ ၊ မေပန်းချီတု့ိက အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ စိုးပြည့်သဇင်ကတော့ ငယ်စဉ်ကတည်းက အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့ပြီး “မိုးည အိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အသက် ၁၈နှစ်အရွယ်မှာ အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သူတယောက် ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – “ကမ္မဖလ” ရုပ်ရှင်မှာ ဇာတ်မင်းသား ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် စိုးရန်အောင် The post ဇာတ်ရုပ်ပီပြင်ဖို့အတွက် သီလရှင်ဝတ်လိုက်တဲ့ စိုးပြည့်သဇင် appeared first on ဧရာဝတီ.
Source : https://ift.tt/2uIm9t4
via IFTTT
No comments:
Post a Comment