Thursday, March 30, 2017

7Day News Journal

ကုန်တင်ကားနှစ်စီး ညှပ်တိုက်မိသော ပါဂျဲရိုးကားသည် တစ်စီးလုံးနီးပါး ပျက်စီးသွားသော် လည်း ကားပေါ်ပါလာသူ သားအဖသုံးဦး ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့ သောဖြစ်စဥ်တစ်ခု ပြည်ထောင်စု လမ်းမကြီး ကျောက်မဲ-လားရှိုး လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ကျောက်မဲ-လားရှိုး လမ်း ပိုင်း သီပေါမြို့ ဘော်ကြိုဘုရားအနီးတွင် မတ်လ၂၉ ရက် နေ့လယ် က ယင်းဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘အိမ်းစီးကား (ပါဂျဲရိုး)ပေါ် သားအဖသုံးယောက် ပါလာ တယ်။ အလယ်ကနေ မောင်းနေ တုန်း နောက်က ကားက ဝင်တိုက် မိပြီး ရှေ့မှာရှိနေတဲ့ နောက်ထပ် ကုန်တင်ကားတစ်စီးနဲ့ ညှပ်မိသ လိုဖြစ်သွားတာ’’ဟု အထက်ပါရဲအရာရှိကပြောသည်။ ပါဂျဲရိုးကားပေါ်တွင် သား အဖသုံးဦး လိုက်ပါလာပြီး ကား မောင်းသူတစ်ဦးသာ ခါးအနည်း ငယ်နာကျင်ဒဏ်ရာနှင့် ကိုယ်ခန္ဓာ တွင် မှန်ကွဲစထိရှဒဏ်ရာအချို့ရ ခဲ့ပြီး ကားနောက်ခန်း၌ လိုက်ပါ လာသူနှစ်ဦးသည် ဒဏ်ရာပင်မရခဲ့ကြောင်း နယ်စည်းမခြားပရဟိတ (သီပေါမြို့)မှ ကိုမျိုးကပြော သည်။ ‘‘ဒဏ်ရာရသူကို ဆေးရုံကို ပို့ပေးခဲ့တယ်။ ကားကတော့ မြင် တဲ့အတိုင်း ပျက်စီးသွားတာ။ လူ တွေကတော့ ဒဏ်ရာအနည်းငယ် ပဲရတယ်။ မြို့ခံတွေက မယုံနိုင် အောင် အံ့သြနေကြတယ်’’ဟု ပြောသည်။ မန္တလေး-မူဆယ် ပြည် ထောင်စုလမ်းမကြီးတွင် မတ်လ ၂၉ ရက်၌ ယာဥ်တိုက်မှု သုံးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။ ကျောက်မဲ-ဂုတ်တွင်း လမ်းပိုင်းယာဥ်လိုက်မှုတွင် လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ သတင်းရရှိသည်။
Source : http://ift.tt/2odc6um
via IFTTT

Wednesday, March 22, 2017

BBC News

Breaking News အင်္ဂလန် ပါလီမန်နားမှာ ပစ်ခတ်မှု ဖြစ်ပွား
Source : http://ift.tt/2nCk4fN
via IFTTT

Tuesday, March 21, 2017

The Irrawaddy - Burmese Edition

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် လမ်း ၅ဝ အောက်ဘလောက်ရှိ New Wave Services Co.,ltd တွင် မတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီခန့်က အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်းထဲရှိ မျက်မြင်တွေ့ရှိသူများက ပြောသည်။ လမ်း ၅ဝ အောက်ဘလောက် အိမ်အမှတ် ၁၅၊ ၅ လွှာတွင် ဖွင့်လှစ်ထားသော အဆိုပါ ကုမ္ပဏီမှ အသက် ၆ဝ ဝန်းကျင်ရှိ ဦးမင်းဆွေ ဆိုသူက ယနေ့မနက် ၅ နာရီခန့်က ရုံးသို့ လာရောက်ခဲ့ပြီးနောက် မနက် ၈ နာရီခန့်တွင် အနုကြမ်းစီးခံရကြောင်း အခန်း ဝရန်တာမှ တဆင့် အော်ဟစ် အကူအညီတောင်း၍ သိရခြင်းဖြစ်ကြောင်း လမ်းတွင်းနေထိုင်သူများက ပြောသည်။ မျက်နှာချင်းဆိုင်တိုက်တွင်နေထိုင်သူတဦးက ” မနက် ၈ နာရီလောက်က သူထွက်အော်တော့မှ ကျနော်တို့လည်း သိရတာ။ သူ့မှာလဲ သွေးတွေနဲ့။ ကြိုးနဲ့လည်း အတုပ်ခံထားရတယ်ပြောတယ်”ဟု ပြောသည်။ လတ်တလောတွင် ဦးမင်းဆွေကို အခင်းဖြစ်စဥ် ရရှိသည့်ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ကိုမျိုးခိုင်ထွန်း ပြောသည်။ အခင်းဖြစ်စဥ် ပျောက်ဆုံးမှုများနှင့်ပတ်သက်၍ စစ်ဆေးဆဲဖြစ်ကြောင်းလည်း ဗိုလ်တထောင်ရဲစခန်းမှ သိရသည်
Source : https://goo.gl/l4qEV5
via IFTTT

Monday, March 20, 2017

YESC-CallCenter

အများပြ ည်သူသို့အသိပေးပန်ကြားခြင်း- ၁.(၂၁.၃.၂၀၁၇)ရက်နေ့(အဂါၤနေ့)(၁၂း၀၀) နာရီ မှ(၁၄း၀၀) နာရီ အချိန်တွင် အင်းစိန်၊မင်္ဂလာဒုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊လှည်းကူး၊မှော်ဘီ၊တိုက်ကြီး၊ထန်းတပင်၊ထောက်ကြုန့်၊ဥက္ကံ၊ဒါးပိန်၊ဖောင်ကြီး၊အင်းတိုင်၊အဖျောက်၊ရွှေလင်ဗန်းမြို့နယ်များ၏ ရပ်ကွက်အချို့၊CNGဆိုင်အချို့နှင့်စက်မှုဇုန်အချို့တို့တွင် YESCမှလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါ၍ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပါသည်။ ၂.(၂၃.၃.၂၀၁၇)ရက်နေ့(ကြာသပတေးနေ့) (၁၂း၀၀) နာရီ မှ(၁၄း၀၀) နာရီ အချိန်တွင်အင်းစိန်၊မင်္ဂလာဒုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊လှည်းကူး၊မှော်ဘီ၊တိုက်ကြီး၊ထန်းတပင်၊ထောက်ကြုန့်၊ဥက္ကံ၊ဒါးပိန်၊ဖောင်ကြီး၊အင်းတိုင်၊မြောင်းတကာမြို့နယ်များ၏ရပ်ကွက်အချို့၊CNGဆိုင်အချို့နှင့်စက်မှုဇုန်အချို့တို့တွင်YESCမှလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါ၍ယာယီဓာတ်အားပြတ်မည်ဖြစ်ပါကြောင်းလေးစားစွာဖြင့်အသိပေးပန်ကြားအပ်ပါသည်။
Source : http://ift.tt/2n0gV6E
via IFTTT

Friday, March 17, 2017

YESC-CallCenter

[Zawgyi] 16:10 ချိန်​တွင်​ ​တောင်​တွင်းကြီး​- ​ရွှေ​တောင်​ 230 kV မဟာဓာတ်​အားလိုင်း အပြစ်​ဖြစ်​၍ System Break down ဖြစ်​သွားပါ​ကြောင်း အသိ​ပေးတင်​ပြအပ်​ပါသည်​... ။ [Unicode] 16:10 ချိန်တွင် တောင်တွင်းကြီး- ရွှေတောင် 230 kV မဟာဓာတ်အားလိုင်း အပြစ်ဖြစ်၍ System Break down ဖြစ်သွားပါကြောင်း အသိပေးတင်ပြအပ်ပါသည်... ။
Source : http://ift.tt/2ngMVGj
via IFTTT

Wednesday, March 15, 2017

Eleven Media Group

သြစတြေးလျနိုင်ငံသို့ ပျံသန်းနေသော လေယာဥ်ခရီးစဥ် တစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦး၏ နားကြပ် (headphones) မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ထိုအမျိုးသမီး၏ မျက်နှာနှင့် လည်ပင်းတို့၌ မီးလောင်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သြစတြေးလျအစိုးရ အရာရှိများက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ လေယာဥ်ခရီးစဥ်များပေါ်တွင် ဘက်ထရီသုံး ကိရိယာများ၏ အန္တရာယ်ကို သတိပေးနေစဥ်မှာပင် ယခုဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်က ပေကျင်းမှ မဲဘုန်းသို့ ပျံသန်းသည့် နှစ်နာရီကျော်ကြာ လေယာဥ်ခရီးစဥ် တစ်ခုအတွင်း ခရီးသည် အမျိုးသမီး တစ်ဦးသည် ၎င်း၏ ဘက်ထရီသုံး နားကြပ်ဖြင့် သီချင်းနားထောင်ရင်း ငိုက်မျဥ်းနေစဥ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်ခဲ့သည်။ “ကျွန်မ ဟိုဘက်ကို လှည့်လိုက်တဲ့အချိန်မှာ မျက်နှာမှာ မီးလောင်ခံရသလို ခံစားရတယ်။ ဒါကြောင့် ကျွန်မ မျက်နှာကို ခါလိုက်တဲ့အတွက် နားကြပ်ဟာ လည်ပင်းပေါ်ကျသွားတယ်။ ဒါပေမဲ့ ဆက်ပြီး အလောင်ခံရတယ်လို့ ခံစားရတဲ့အတွက် အဲဒီနားကြပ်ကို ဆွဲချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ နားကြပ်က မီးနည်းနည်းထွက်နေတယ်” ဟု ထိုအမျိုးသမီးက ယင်းဖြစ်စဥ်အား စုံစမ်းစစ်ဆေးနေသော သြစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန (ATSB) သို့ ပြောကြားခဲ့သည်။ လေယာဥ်အမှုထမ်းများက ထိုနားကြပ်ပေါ်သို့ ရေဖြင့်လောင်းခဲ့ကြပြီးနောက် နားကြပ်၏ ဘက်ထရီနှင့် ကာဗာမှာ အရည်ပျော်ပြီး ကြမ်းနှင့် ကပ်နေသည်ကို တွေ့ရသည်။ ဓာတ်ပုံများအရ မည်သူမည်ဝါ မဖော်ပြထားသော ထိုအမျိုးသမီး၏ မျက်နှာမှာ မည်းနေပြီး လည်ပင်းနှင့် လက်များတွင် မီးလောင်ဖုများကို တွေ့မြင်ရသည်။ အခြားခရီးသည်များမှာလည်း ဆံပင်နှင့် လျှပ်စစ်ပစ္စည်းများ လောင်ကျွမ်းမှုနှင့် စူးရှသော ပလတ်စတစ် လောင်ကျွမ်းသည့်အနံကို လေယာဥ်ခရီးစဥ်တစ်လျှောက်၌ သည်းခံခဲ့ကြရသည်။ သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်ထဲတွင် နားကြပ်၏ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီကြောင့် မီးလောင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သော်လည်း လေကြောင်းလိုင်းအမည်နှင့် နားကြပ်တံဆိပ်တို့ကို မဖော်ပြခဲ့ပေ။ “ဘက်ထရီ အသုံးပြုတဲ့ ပစ္စည်းတွေ များပြားလာတဲ့အလျောက် အခုလို အလားတူ ဖြစ်စဥ်တွေ လေယာဥ်ခရီးစဥ်အတွင်းမှာ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါတယ်” ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ ထို့ကြောင့် ဘက်ထရီသုံး ကိရိယာများအား အသုံးမပြုပါက အိတ်ထဲတွင်သာ သိမ်းဆည်းထားကြရန်လည်း အကြံပေးခဲ့သည်။ ယခုဖြစ်စဥ်သည် သြစတြေးလျ၌ ဖြစ်ပွားသည့် ပထမဆုံး နားကြပ်မီးလောင်မှု ဖြစ်စဥ် ဖြစ်သော်လည်း ယခင်က ဖုန်းနှင့် အခြားဘက်ထရီသုံး ကိရိယာများနှင့် ပတ်သက်သည့် ဖြစ်စဥ်များ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ ယမန်နှစ်က ခရီးသည်တစ်ဦး၏ လက်ဆွဲအိတ်ထဲမှ လီသီယမ် ဘက်ထရီများသည် မီးလောင်၍ မီးခိုးထွက်လာသဖြင့် ဆစ်ဒနီမှ ထွက်ခွာမည့် လေယာဥ်ခရီးစဥ်ပေါ်မှ ခရီးသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ Ref: AFP
Source : http://ift.tt/2nFflpT
via IFTTT

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial

15.3.2016. 2:46pm ဒဂုံဆိပ်ကမ်းမြို့နယ် ၆၉ရပ်ကွက် level 1 မီးခိုးမြင်ရ
Source : http://ift.tt/2nrjEpx
via IFTTT

Tuesday, March 14, 2017

Eleven Media Group

အိပ်ရေးမဝမှု၊ နို့စို့ကလေးများ၏ ဝုန်းဒိုင်းကြဲမှုနှင့် ဆယ်ကျော်သက်များ၏ လောကကြီးကို စိတ်ပျက်မှုစသည့်ဒဏ်များကို ကျော်လွှားနိုင်ပါက မိဘများသည် ကလေးမရှိသော မိဘများထက် ပို၍အသက်ရှည်ကြောင်း သုတေသနပညာရှင်များက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဖခင်ဖြစ်သူများသည် မိခင်ဖြစ်သူများထက် အထူးသဖြင့် သက်ကြီးပိုင်းအရွယ်တွင် သက်တမ်းပိုရှည်ကြောင်း Journal of Epidemiology & Community Health တွင် ပညာရှင်အဖွဲ့တစ်ဖွဲ့က ရေးသားခဲ့ခြင်းဖြစ်သည်။ အသက် ၆ဝ အရွယ်တွင် ကလေးရှိသူများနှင့် မရှိသူများအကြား သက်တမ်းကွာဟမှုသည် နှစ်နှစ်အထိ ရှိနိုင်ကြောင်း ၎င်းတို့က ကောက်ချက်ချခဲ့သည်။ ၁၉၁၁ ခုနှစ်နှင့် ၁၉၂၅ ခုနှစ်အကြား မွေးဖွားပြီး ဆွီဒင်တွင် နေထိုင်သည့် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁ ဒသမ ၄ သန်းကျော်၏ သက်တမ်းများကို ပညာရှင်များက ခြေရာကောက် လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းစစ်တမ်းတွင် ပါဝင်သူများသည် အိမ်ထောင်ရှိသူနှင့် ကလေးရှိသူများ ဟုတ်၊ မဟုတ်ကိုလည်း ပညာရှင်များက အချက်အလက်များ စုဆောင်းခဲ့သည်။ ကလေးတစ်ဦးထက်မနည်း ယူထားသော အမျိုးသားနှင့် အမျိုးသမီးများသည် ကလေးမရှိသူများထက် အသက်အန္တရာယ် ကြုံတွေ့နိုင်ခြေ နည်းပါးသည်ဟု ၎င်းတို့က ကောက်ချက်ချခဲ့သည်။ အသက် ၆ဝ အရွယ်ရောက်ရှိချိန်တွင် ကလေးရှိသူနှင့် ကလေးမရှိသူ အမျိုးသား၊ အမျိုးသမီးတို့၏ သက်တမ်းကွာဟမှုမှာ အမျိုးသားဆိုလျှင် နှစ်နှစ်ရှိပြီး အမျိုးသမီးများအတွက်ဆိုလျှင် ၁ ဒသမ ၅ နှစ်ဖြစ်ကြောင်း ပညာရှင်များက ရေးသားခဲ့သည်။ အသက် ၈ဝ ရောက်လျှင်မူ ကလေးရှိသူ အမျိုးသားများ၏ သက်တမ်းသည် ခုနစ်နှစ် နှင့် ရှစ်လကျန်ရှိနေဆဲဖြစ်ပြီး ကလေးမရှိသူ အမျိုးသားများမှာမူ ခုနစ်နှစ်သာ ကျန်တော့ကြောင်း ၎င်းတို့က ဆိုခဲ့သည်။ ကလေးရှိသည့် မိခင်များမှာမူ အသက် ၈ဝ တွင် သက်တမ်းကိုးနှစ်နှင့် ခြောက်လ ကျန်နေသေးပြီး ကလေးမရှိသည့် အမျိုးသမီးမှာမူ ရှစ်နှစ်နှင့် ၁၁ လသာ ကျန်ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ယင်းလေ့လာမှုက ဆက်နွှယ်မှုရှိကြောင်းကိုသာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကလေးရှိခြင်းသည် သက်တမ်းရှည်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းကိုမူ ကောက်ချက်မချနိုင်ကြောင်း ပညာရှင်များက ဝန်ခံခဲ့သည်။ သို့သော် ကလေးရှိသူများသည် ၎င်းတို့ အိုမင်းလာချိန်တွင် ကလေးများထံမှ လူမှုရေးနှင့် ငွေရေးကြေးရေး ထောက်ပံ့မှုများ ခံစားရဖွယ်ရှိကြောင်း ပညာရှင်များက ယူဆခဲ့ကြသည်။ ကလေးမရှိသူများမှာမူ ရှိသူများထက် ကျန်းမာရေးနှင့် မညီသောပုံစံများဖြင့် နေထိုင်နိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။ Writer: Ref: AFP
Source : http://ift.tt/2mJeLtR
via IFTTT

Myanmar Earthquake Committee

ရန်ကုန်မှာ ငလျင်လှုပ်တယ် လို့ သိရပြီဆိုရင် များသောအားဖြင့် ခုညဦးက လှုပ်ခဲ့တဲ့ တိုက်ကြီး ဒေသက ပြတ်ရွေ့ငယ်ကြောင့် ပဲ ဖြစ်ပါတယ်။ ဒီ ငလျင်ဇုံက အနောက်ပဲခူးရိုးမ ပြတ်ရွေ့ခေါ်တဲ့ ဖြစ်စဉ်ကြီး တစ်ခု ရဲ့ အခက်အမွှာ တစ်ခု ဖြစ်ပြီး ငလျင်ငယ်လေး တွေ (ပမာဏ ၅ ဝန်းကျင်) တစ်နှစ် တစ်ခါ နှစ်ခါ ဖြစ်လေ့ရှိပါတယ်။ ဒီထက် ကြီးတဲ့ ငလျင် ဖြစ်တတ်တဲ့ အနေအထား မျိုး မှတ်တမ်းမျိုး မရှိပေမယ့် ငလျင် အနက် က ၅ ကီလိုမီတာ ဝန်းကျင် မှာ ဖြစ်လို့ စိတ်လှုပ်ရှားဖွယ် ခံစားရတတ်တာပါ။ တကယ် တမ်း ရန်ကုန် ကို ချိန်းခြောက် တာက အရှေ့ဖက် က စစ်ကိုင်းပြတ်ရွေ့ ပဲခူးအဆစ်အပိုင်း (ပမာဏ ၇ ကျော် လှုပ်နိုင်)၊ နဲ့ အနောက် တောင်ဖက် ဒေးဒရဲ ပြတ်ရွေ့( ပမာဏ ၆ ကျော်လှုပ်နိုင်) တာတွေပါ။ ဒါတွေက တော့ နှစ် ၈၀ - ၁၀၀ မှ တစ်ကြိမ်လှုပ်တာ ဖြစ်ပါတယ်။ ဒီည ဖြစ်တဲ့ ဖြစ်စဉ်နဲ့ မဆိုင်ပါ။ ဒါပေမယ့် သတိ ဆိုတာ ပိုတယ် မရှိပါကြောင်း ရန်ကုန် ပြည်သူ အားလုံး ကို သတင်းပို့ အပ်ပါတယ်။
Source : http://ift.tt/2ngZ0vn
via IFTTT

Monday, March 13, 2017

7Day News Journal

၀၁၆ ဒီဇင်ဘာအတွင်း ခရမ်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှု ကျူး လွန်သူများကို အခင်းဖြစ်ပြီး သုံးလကျော်အကြာတွင် ဖမ်းမိခဲ့ ကြောင်း သတင်းရရှိသည်။ နှစ်လောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်၍ ဒဂုံမြို့သစ် (ဆိပ် ကမ်း)၊ (၈၈)ရပ်ကွက်တွင် နေထိုင်သည့် သိန်းဇော်(ခ) ချစ်ရင်ထူးကို မတ်လ ၁၀ ရက်က မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်လာပြီး ကျော်စိုးနိုင် (ခ) ကုလားကို မတ်လ ၁၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။ ၂၀၁၆ နိုဝင်ဘာအတွင်း မောင်းမကျေးရွာနေ ကျော်စိုးနိုင် (ခ) ကုလားသည် မောင်နှမဝမ်းကွဲ တော်စပ်သူ၏နေအိမ်သို့ ပစ္စည်း တက်ခိုးရာမှ စကားများရန်ဖြစ်ခဲ့ ပြီး မကျေနပ်သဖြင့် ဒဂုံဆိပ်ကမ်းရှိ လူမိုက်သိန်းဇော်နှင့် ပူးပေါင်း ကြံစည်ခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာ ၁ ရက် ညက မောင်းမ ကျေးရွာသို့ သွားခဲ့ပြီး သိန်းဇော် (ခ) ချစ်ရင်ထူးက အခင်းဖြစ်နေ အိမ်ဝရန်တာသို့ ကျော်ဝင်ကာ အိပ်ခန်းအတွင်းရှိ ဗီရိုများဖွင့်၍ ပစ္စည်းများရှာဖွေနေစဉ် အမျိုး သမီးတစ်ဦး နိုးလာသဖြင့် အ သင့်ပါလာသည့် ဓားဖြင့်ထိုးခဲ့ ကြောင်း သိရသည်။ ထို့နောက် ကျန်အမျိုးသမီး တစ်ဦးလည်း နိုးလာသဖြင့် ဓားဖြင့်ထပ်မံထိုးကာ အမျိုးသမီး ဝတ်ဆင်ထားသည့် လက်ဝတ် လက်စားများနှင့် လက်ကိုင်ဖုန်း တစ်လုံးကို ယူဆောင်၍ အသုံး ပြုခဲ့သည့် ဓားကို အခင်းဖြစ်နေ အိမ်ရှိ အိမ်သာအတွင်းသို့ လွှင့် ပစ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိတစ်ဦးကဆိုသည်။ သေဆုံးသူ အသက် (၂၀) နှစ်အရွယ် မဆုနှင်းဝေသည် အ ရှေ့ပိုင်းတက္ကသိုလ်တွင် ပထမနှစ် သမိုင်းဘာသာရပ်ဖြင့် ပညာသင် ကြားနေသူဖြစ်ပြီး မစန္ဒာဝင်းသည် စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူဖြစ် ကြောင်း ခရမ်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားစဉ်က သေ ဆုံးသူ မဆုနှင်းဝေ ဝတ်ဆင်ထား သည့် ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေဆွဲ သီးတစ်ခု၊ လက်စွပ်နှင့် လက် ကောက်အပြင် HUAWEI G 730 အမျိုးအစား လက်ကိုင်ဖုန်းတစ် လုံး ပျောက်ဆုံးခဲ့ပြီး အဆိုပါ ပစ္စည်းများအားလုံးကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။ အမှုနှင့်ပတ်သက်၍ ကျူး လွန်သူ အမျိုးသားနှစ်ဦးကို ခရမ်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၉၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ခရမ်းမြို့မ ရဲစခန်းက သိရသည်။
Source : http://ift.tt/2nv7DOX
via IFTTT

7Day News Journal

အမျိုးသမီးတစ်ဦးကို လက်ဆွဲပြီး နောက်ပြောင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားကို ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ကမာရွတ်မြို့နယ် (၁) ရပ်ကွက်အတွင်း လာရောက်နေ ထိုင်သည့် အသက် (၃၅) နှစ်အ ရွယ် ဗီယက်နမ်နိုင်ငံသားတစ်ဦး က ရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးကို လက်ဆွဲကာ စနောက်ခဲ့ခြင်းကြောင့် ရပ်ကွက် နေသူများနှင့် အချေအတင်ဖြစ် ခဲ့ပြီး ဗီယက်နမ်နိုင်ငံသားကို အမှုဖွင့် အရေးယူထားကြောင်း သ တင်းရရှိသည်။ ကမာရွတ်မြို့နယ် (၁) ရပ် ကွက်အတွင်းရှိ အထပ်မြင့်တိုက် မြေညီထပ်တွင် ငှားရမ်းနေထိုင် သည့် ဗီယက်နမ်နိုင်ငံသားသည် မတ်လ ၁၀ ရက် ည ၈ နာရီခန့်က ရပ်ကွက်နေ အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦး ၎င်း၏ တိုက်ခန်းရှေ့မှ ဖြတ်သန်းစဉ် စနောက်ခဲ့ကြောင်း အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆို သည်။ ‘‘သူတို့က အဲဒီအခန်းမှာနေ တာ ၂ နှစ်လောက်ရှိပြီ။ အရင်က လည်း မူးပြီးသောင်းကျန်းလို့ အ ရေးယူဖူးတယ်။ အခုလည်း တစ် ခါထပ်ဖြစ်လို့ သူ့ကိုအမှုဖွင့်ပြီး အာမခံပေးဖို့ ရဲစခန်းကိုပြောထား ပါတယ်။ အခုကိစ္စမှာ မိန်းကလေး က တရားလိုလုပ်ပြီး ဖွင့်တာပေါ့။ နောက်ပြီး လဝကကလည်း သူ့ကို ထပ်အမှုဖွင့်ထားသေးတယ်’’ ဟု ၎င်းကဆိုသည်။ အဆိုပါ ဗီယက်နမ်နိုင်ငံ သားများသည် ယခင်ကလည်း နေအိမ်ရှေ့ ဖြတ်သွားသည့် မိန်း ကလေးများကို နောက်ပြောင်လေ့ရှိပြီး ယခုတစ်ကြိမ်တွင်မူ ၎င်းတို့အထဲမှ တစ်ဦးက NGO ဝန်ထမ်း ဆရာမတစ်ဦး၏ လက်ကိုဆွဲ၍ အခြားသူငယ်ချင်းများ က ဝိုင်းဝန်းလှောင်ပြောင်ကြ ကြောင်း ရပ်ကွက်နေသူတစ်ဦး ကဆိုသည်။ ‘‘သူတို့က အလုပ်ကြမ်းသမားတွေပါ။ ပညာရှင်တစ်ယောက်မှမပါဘူး။ ဒီတစ်ခေါက် အိမ်စာချုပ်ပြည့်ရင်တော့ သူတို့ကို ထပ်မငှားဖို့ အိမ်ရှင်ကိုလည်း ပြောထားပါတယ်။ ဖေ့စ်ဘွတ်ခ် မှာတက်နေသလို ဘိန်းရှူတယ် ဘာညာဆိုတာက မဟုတ်ပါဘူး’’ ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် လူစု လူဝေး ဖြစ်ပေါ်ခဲ့သော်လည်း ထိ ခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၎င်းကရှင်းပြသည်။ ‘‘သူတို့အလုပ်လုပ်တဲ့ ကုမ္ပဏီတော့မသိဘူး။ ILBC ဘေးနားက ဆောက်လုပ်ရေးလုပ် ငန်းခွင်မှာ အလုပ်လုပ်ကြတာ။ အဲဒီအဆောက်အအုံက ဗီယက်နမ်ကုမ္ပဏီကို ငှားပြီးဆောက်တာ ဆိုတော့ အဲဒီမှာ ဗီယက်နမ်နိုင်ငံသားတွေ အများကြီးပဲ’’ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။ ဗီယက်နမ်နိုင်ငံသားကို ကမာရွတ်မြို့မရဲစခန်းက ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်ကျူးလွန်ခြင်း ပုဒ်မ ၃၅၄ အပြင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကလည်း ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ကမာရွတ်မြို့မရဲစခန်း မှ သိရသည်။
Source : http://ift.tt/2mZwI8g
via IFTTT

7Day News Journal

သင်္ကြန်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ယနေ့ တွေ့ဆုံဆွေးနွေးမည် သင်္ကြန်နှစ်သစ်ကူး ရုံး ပိတ်ရက်သတ်မှတ်ချက်နှင့်ပတ် သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်း ရှင်များ မတ်လ ၁၃ ရက် (ယနေ့) တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသည် အဆိုပါ ရုံးပိတ် ရက်သတ်မှတ်ချက်နှင့်ပတ်သက် ၍ စက်မှုဇုန်များ၊ စက်မှုဇုန်ပြင်ပ ရှိ လုပ်ငန်းရှင်များနှင့် ရှင်းလင်း ဆွေးနွေးမှုရန် မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအဖွဲ့ချုပ်က ဖိတ်ကြား ထားသည်။ ‘‘သင်္ကြန်ပိတ်ရက်အတွင်း လုပ်ငန်းဆောင်တာတွေနဲ့ ပတ် သက်လို့ ဆွေးနွေးကြမယ်ထင် တာပဲ။ အလုပ်သမားဝန်ကြီးပဲ တက်မလား၊ ဘယ်သူတက်မလဲ တော့ မသိဘူး။ အသင်းချုပ်ကို အကူအညီတောင်းလို့ စီစဉ်ပေး တာပါ။ တကယ်ဆိုရင်တော့ ဒါ မျိုးက စောစောစီးစီးလုပ်နိုင်ခဲ့ ရင် ကောင်းတာပေါ့’’ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒုတိ ယဥက္ကဋ္ဌဒေါက်တာမောင်မောင် လေးက ပြောသည်။ ယင်းတွေ့ဆုံပွဲကို မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ရုံး၌ နံနက် ၁၀ နာရီတွင်စတင်ပြု လုပ်မည်ဟု သိရသည်။ အဆိုပါ တွေ့ဆုံပွဲသည် ပြည်ထောင်စုအစိုးရအဖွဲ့က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် သတ်မှတ်ကြေညာပြီးနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိဘဲ လုပ်ငန်းရှင်များနှင့် ပထမဆုံး တွေ့ဆုံသည့်ပွဲဖြစ် သည်။ အလုပ်သမားသမဂ္ဂအဖွဲ့ အချို့က မတ်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် သင်္ကြန်အလုပ်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အမျိုးသားအဆင့်သုံးပွင့်ဆိုင် (အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) တွေ့ဆုံ၍ အကျေအလည် ဆွေးနွေး သင့်ကြောင်း ဖော်ပြထားသည်။
Source : http://ift.tt/2nv2NBF
via IFTTT

7Day News Journal

ရာထူးမှ ဖယ်ရှားခံရပြီး နှစ်ရက်အကြာတွင် တောင်ကိုရီးယား သမ္မတ အိမ်တော်မှ ပက်ခ်ဂွမ်ဟေး ထွက်ခွာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေးသည် သမ္မတ အိမ်တော်မှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။ ပက်ခ်ကို အဂတိ လိုက်စားမှု စွဲချက်ဖြင့် တရားစွဲဆိုရေးကိစ္စ လွှတ်တော်တွင် မဲခွဲ အတည်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အထူးခုံရုံးက ယင်းကိစ္စကို လက်ခံကြောင်း ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက် အနေဖြင့် ပက်ခ်သည် တောင်ကိုရီးယားတွင် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ရွေးကောက် တင်မြှောက်ခံရသော သမ္မတများအနက် ပထမဆုံးအကြိမ် ရာထူးမှ ဖြုတ်ချခံရသူအဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်သွားခဲ့သည်။ တရားရုံး ဆုံးဖြတ်ချက်အပြီး နှစ်ရက်အကြာတွင် ပက်ခ်သည် သမ္မတအိမ်တော်မှ ထွက်ခွာကာ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည်။ သူမသည် အားပေးထောက်ခံသူများကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်နေခဲ့ကြောင်းလည်း သိရသည်။ ပက်ခ်သည် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အရှုပ်အထွေးများတွင် ပါဝင်ပတ်သက်မိရာမှ တရားရေးအရ ပြဿနာများ ကြုံခဲ့ရခြင်း ဖြစ်သည်။ အတိုက်အခံ အင်အားစုများက ပက်ခ်ကို အမြန်ဆုံး စွဲချက်တင် ဖမ်းဆီးရန် အာဏာပိုင်များကို တိုက်တွန်း ဆန္ဒပြနေကြသည်။ မတ် ၁၂ ရက်က သမ္မတ အိမ်တော်ကို စွန့်ခွာလာခဲ့သည့် ပက်ခ်သည် ခုံရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူမ၏ သဘောထားကို ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ရာ၌ “အချိန်အတိုင်းအတာ တစ်ခုထိ ကြာကောင်း ကြာပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ အမှန်တရားဟာ လက်တွေ့ ပေါ်ပေါက်လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ သူမက သမ္မတတစ်ဦး အနေဖြင့် ဖော်ဆောင်ပေးရမည့် တာဝန်များ ပျက်ကွက်ခဲ့ခြင်းအတွက် ထောက်ခံသူများကို ရည်ရွယ် တောင်းပန်ခဲ့သည်။ ပက်ခ်ကို သမ္မတ အိမ်တော်မှ သူမ၏ နေအိမ်သို့ အဆောင်အယောင်အပြည့် ယာဉ်တန်းဖြင့် လိုက်ပါ ပို့ဆောင်ခဲ့သည်။ သူမသည် အနက်ရောင် ဇိမ်ခံကားကြီး တစ်စီးပေါ်တွင် ရှိနေခဲ့ပြီး ယာဉ်တန်း၏ နောက်တွင် မီဒီယာသမားများက လိုက်ပါ သတင်းယူခဲ့သည်ကိုလည်း တွေ့ရသည်။ အိမ်ပြန်အရောက်တွင် ပက်ခ်က သူမကို လာရောက် စောင့်ကြိုနေသည့် ထောက်ခံသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သလို နိုင်ငံရေး မဟာမိတ်များကိုလည်း လက်ဆွဲ နှုတ်ဆက်နေခဲ့သည်။ ပက်ခ်သည် တရားရုံးတွင် ရာဇဝတ်ကြောင်းအရ ဆက်လက် တရားရင်ဆိုင်ရမည့် အလားအလာလည်း ရှိနေသည်။ သူမကို တရားစွဲဆိုရန် ကိစ္စနှင့် ပတ်သက်၍ တောင်ကိုရီးယားတွင် နိုင်ငံရေးအမြင် နှစ်ခြမ်းကွဲသွားပြီး ပက်ခ်သည် နိုင်ငံရေး လုပ်ကြံမှု၏ သားကောင် ဖြစ်ခဲ့ရခြင်းဟု ယူဆသူ အများအပြားလည်း ရှိနေကြောင်း သိရသည်။ Ref: BBC
Source : http://ift.tt/2mZmd4G
via IFTTT

Eleven Media Group

အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်မရှိ ရောင်းချသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်စစ်ဆေးရာ လုပ်ငန်းပေါင်း ၂၀၀ ခန့်မှာ ခွင့်ပြုချက်မရှိ ထုတ်လုပ်နေ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ရောင်းချသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်စစ်ဆေးရာ လုပ်ငန်းပေါင်း ၂၀၀ ခန့်မှာ ခွင့်ပြုချက်မရှိ ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စိစစ်တွေ့ရှိချက်အရ သိရသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေးပြီး ခွင့်ပြုချက်ဖြင့် တရားဝင် ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းပေါင်း ၉၉၇ ခုရှိပြီး ခွင့်ပြုချက်မရှိ ထုတ်လုပ်နေသည့် သောက်ရေသန့် ၂၀၀ ခန့်ရှိကြောင်း၊ တရားဝင် ခွင့်ပြုချက်မရှိသည့် လုပ်ငန်းများကို အရေးယူမှုများ ဆောင်ရွက်နေသော်လည်း ချက်ချင်းအရေးယူ၍ မရကြောင်းနှင့် တရားမဝင်သည့် တံဆိပ်များကို စျေးကွက်အတွင်း အမှန်တကယ် ရောင်းချမှု ရှိ မရှိစစ်ဆေးကာ ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။ သောက်ရေသန့်လုပ်ငန်းများ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းကို နောက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲဝေလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။ လက်ရှိ သောက်ရေသန့်လုပ်ငန်းနှင့် ပတ်သက်၍ အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းမှာ အကြိမ်ကြိမ်စစ်ဆေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရာတွင် လုပ်ငန်းကြန့်ကြာမှုများ ရှိနေသည့်အတွက် တိုင်းဒေသကြီးအလိုက် တာဝန်များ ခွဲဝေပေးသွားရန် စီစဉ်ထားကြောင်း၊ ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးကို စတင်လုပ်ဆောင်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းအတွင်းရှိ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ကို စတင်လုပ်ဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ သောက်ရေသန့်လုပ်ငန်းများအား အစားအသောက်ထုတ်လုပ် ခြင်းထောက်ခံချက်ရရှိရေးအတွက် GMP ကွင်းဆင်းစစ်ဆေးခြင်း၊ ရေ နမူနာကောက်ယူ၍ ဓာတုဗေဒ/ အဏုဇီဝ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးစဉ် ညွှန်ကြားချက်များ ပြင်ဆင်၍တင်ပြစေခြင်း၊ ဒုတိယအကြိမ် နှင့်တတိယအကြိမ်အဖြစ် ရေနမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ လုပ်ငန်းအားနည်းချက်များ ပြုပြင်စေပြီး စတုတ္ထအကြိမ် (နောက် ဆုံးအကြိမ် ) ရေနမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေ အမှတ်တံဆိပ်၊ ကွင်းဆင်းစဉ် ညွှန်ကြားချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံခြင်း၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ သို့တင်ပြခြင်းနှင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။ FDA အနေဖြင့် ထောက်ခံချက်ရရှိပြီးသည့် လုပ်ငန်းများအား လေးလတစ်ကြိမ် သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိ ပေးပို့စစ်ဆေးခြင်းများအပြင် စျေးကွက်အတွင်း သောက်ရေသန့်ဘူးများ၏ အရည်အသွေးကို စျေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း အစီအစဉ်ဖြင့် ကျပန်းနမူနာများ ကောက်ယူစစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ တင်ပြလျှောက်ထားသည့် သောက်ရေသန့်လုပ်ငန်းများနှင့် ထောက်ခံချက်ရရှိပြီး သက်တမ်းရှိ သောက်ရေသန့်လုပ်ငန်းများ စျေးကွက်နမူနာ စစ်ဆေးချက်အရ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိလျှင်သော် လည်းကောင်း၊ အရည်အသွေးပြည့် မီမှုမရှိလျှင်သော်လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ကို ဆိုင်းငံ့ခြင်း၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီမှတစ်ဆင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းကို တားမြစ်စေခြင်း၊ လုပ်ငန်းသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ပြီး ကိုက်ညီမှုရှိမှသာ ပြန်လည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချစေခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ Writer: အိသဥ္ဇာကျော်
Source : http://ift.tt/2mATMYw
via IFTTT

Eleven Broadcasting

အီသီယိုးပီးယားနိုင်ငံကအကြီးဆုံးအမှိုက်ပုံတွင်မြေပြိုခဲ့သဖြင့်အနည်းဆုံး၄၆ဦးသေဆုံး (ရုပ်သံ) မြို ့တော်အက်ဒစ်ဘာဘက်မြို ့ပြင်မှာရှိတဲ့အီသီယိုးပီးယားနိုင်ငံရဲ ့အကြီးဆုံးအမှိုက်ပုံကြီးမှာမြေပြိုခဲ့တာကြောင့် အနည်းဆုံး ၄၆ဦးသေဆုံးသွားခဲ့ပြီးလူအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
Source : http://ift.tt/2lSx3tP
via IFTTT

Wednesday, March 8, 2017

Aye Chan Mon

ခိုးရာလိုက်ပြေးသော နဝမတန်းကျောင်းသူတစ်ဦး တည်းခိုခန်းတွင် ချန်ထားခြင်းခံရ၍ မိမိကိုယ်ကိုယ် အဆုံးစီရင် By ဇော်မင်းထိုက် ပဲခူးတိုင်းဒေသကြီး ပြည် မြို့တွင် ခိုးရာလိုက်ပြေးလာသော နဝမတန်း ကျောင်းသူတစ်ဦး တည်းခိုခန်း၌ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု မတ်လ ၆ ရက်က ဖြစ်ပွားခဲ့ပြီး ခိုးယူပေါင်းသင်းသောအမျိုးသားသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် နေထိုင်သော အသက်(၃၀)အရွယ်အမျိုးသား သည် အသက်(၁၅) နှစ်အရွယ် ကျောင်းသူကို ခိုးယူပေါင်းသင်း ပြီး တည်းခိုခန်း၌ ထားခဲ့သဖြင့် မိမိကိုယ်ကိုယ်သေကြောင်းကြံခဲ့ ကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။ ‘‘တည်းခိုခန်းမှာ လာတည်း ခိုနေရင်း နှစ်ရက်မြောက်တဲ့နေ့မှာ ယောကျ်ားလေးဖြစ်သူက ဘဏ် မှာ ပိုက်ဆံသွားထုတ်ဦးမယ်ဆိုပြီး ကောင်မလေးကို တစ်ယောက် တည်း တည်းခိုခန်းမှာ အပ်ထားခဲ့ တယ်။ ကောင်လေးက သူ့မှတ်ပုံ တင်ကိုတော့ ထုတ်ယူသွားတယ်။ မနက်ကတည်းက ထွက်သွားတာ ညနေအထိ ပြန်မလာတော့တဲ့အ ခါ ရှောင်သွားတဲ့ သဘောမျိုးဖြစ် သွားတယ်။ အဲဒီမှာ မိန်းကလေး ငယ်က သေကြောင်းကြံသွား တယ်’’ဟု ၎င်းက ဆိုသည်။ ပြည်မြို့ အဝေးပြေးကား ဂိတ်အနီးရှိ တည်းခိုခန်းတွင် မတ်လ၅ ရက်က လာရောက်တည်းခိုနေစဉ် မတ်လ ၆ ရက်ညနေ၌ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပြီး ပြည်ဆေးရုံ၌ ည ၁၂ နာရီခန့်တွင် ကွယ်လွန်ခဲ့သည်။ သေကြောင်းကြံသူသည် ကိုကာကိုလာအချိုရည်တွင် ဓာတ်ဆီများရောထည့်၍ သောက်ခြင်း၊ ဝဲဘက် လက်ကောက်ဝတ်ကိုကာကိုလာဘူးခွံသတ္တုစဖြင့် လှီးဖြတ်ကာ သေကြောင်းကြံစည် ခြင်းဖြစ်ကြောင်း ရဲစခန်းမှ သိရ သည်။ အသက်မပြည့်သေးသော မိန်းကလေးကို ခိုးယူပေါင်းသင်း သော အမျိုးသားသည် ထွက် ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရန် ဆောင်ရွက်နေပြီး ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။ ‘‘ကောင်မလေးသေဆုံးသွား တာကိုတော့ ပြည်ရဲစခန်းမှာ သေ မှုသေခင်းပဲ ဖွင့်ခဲ့တယ်။ ကောင် မလေးရဲ့ အစ်ကိုဖြစ်သူနဲ့ အဆက်အသွယ်ရပြီး လိုက်လာတဲ့အခါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်း က ကောင်မလေးကို ခိုးယူပေါင်း သင်းသွားတယ်။ ကောင်လေးကို မတ်လ ၂ ရက်ကတည်းက အ သက် မပြည့်သူကို ခိုးယူပေါင်း သင်းမှုရာဇသတ်ကြီးပုဒ်မ ၃၆၃ နဲ့ တော်လတဲ့ရဲစခန်းမှာ အမှုဖွင့်ပြီး သားပါ။ မိသားစုတွေက လိုက်လံ စုံစမ်းဆဲမှာပဲ ဒီလိုဖြစ်ရပ်မျိုးဖြစ် သွားတယ်။ စခန်းက ရဲမေတွေ ရော၊ လူမှုကူညီမှုအသင်းတွေ ရော၊ ဆေးရုံရောစုပေါင်းပြီး ဂရု စိုက်ကြိုးစားကယ်တင်ပေမယ့် မရခဲ့ဘူး။ ငယ်ရွယ်တဲ့ မိန်းကလေး တွေ စိတ်ကစားတိုင်း စိတ်အလို မလိုက်ကြဖို့ သင်ခန်းစာပါပဲ’’ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
Source : http://ift.tt/2mzVb3A
via IFTTT

Friday, March 3, 2017

KUMUDRA JOURNAL

အမြတ်ကိုဒေါ်လာနဲ့ရှင်းမယ်၊ ရာခိုင်နှုန်းနဲ့ ဆပွားပေးမယ်၊ ငွေအရင်ထည့်ပါဆိုတိုင်း မယုံပါနဲ့ အွန်လိုင်းစနစ်နဲ့သွားတာဖြစ်ပြီး မမ်ဘာတစ်ယောက်ရှာနိုင်ရင် ဒေါ်လာ ၁၀ အကျိုးအမြတ်ရတယ်လို့ ဆိုပါတယ်။ လက်ဆုတ်လက်ကိုင်မပြနိုင်တဲ့ စီးပွားရေးကို မလုပ်သင့်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ရန်ကုန်၊ မတ် ၁ - နယ်မြို့အသီးသီးက ရိုးသားတဲ့ ပြည်သူတွေဆီကို ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီအမည်တပ်ထားတဲ့ အဖွဲ့တွေ သည်နှစ်ဆန်းပိုင်းက စပြီးပုံစံမျိုးစုံနဲ့ရောက် ရှိလာပါတယ်။ သူပြောတာကတော့ ငွေကြေးပမာဏ တစ်စုံတစ်ရာသွင်းတာနဲ့ အဆမတန် အမြတ်တွေရမယ်ဆိုတာပါပဲ။ အဲသည်ဖြစ်ရပ်က ရန်ကုန်မြို့က ပြည်သူတွေ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ငွေသိန်းနဲ့ သန်းနဲ့ချီပြီး အလိမ်ခံရတဲ့အဖြစ်ကိုပြန် သတိရစေပါတယ်။ နယ်မြို့က ပြည်သူဆီကိုရောက်ရှိလာတဲ့ ကုမ္မဏီတွေရဲ့ဆွဲဆောင်ပုံဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်က ဖျက်သိမ်းလိုက်တဲ့ငွေရင်းနှီးမြှုပ်နှံတဲ့ကုမ္မဏီတွေလုပ်ကိုင်တဲ့ စနစ်တွေနဲ့တူနေတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက စစ်ဆေးပြီး မှန်ကန်မှုမရှိရင်အရေးယူဖို့ စီးပွားရေးပညာရှင်တွေက မျှော်လင့်ကြပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၃ ခုနှစ်ဆန်းပိုင်း ရှစ်နှစ်အထိသာ သက်တမ်းရှိခဲ့တဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီဖြစ်တဲ့ သစ္စာပန်းခင်း၊ ဧရာမြေစတဲ့ ကုမ္မဏီတွေဟာ ထွက်ပြေးတိမ်းရှောင်ပြီး ဒေဝါလီခံဖျက်သိမ်းခဲ့တဲ့အတွက် ပြည်သူလူထုတွေ ငွေကြေးများစွာဆုံးရှုံးခဲ့ပါတယ်။ သတိထားရမယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္မဏီတွေမှာ ဘဏ်ဥပဒေနဲ့အညီ လုပ်ကိုင်တဲ့ကုမ္မဏီတွေဖြစ်ရဲ့လား၊ စီမံရေးနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနရဲ့ထောက်ခံခွင့်ပြုထားတဲ့ ကုမ္မဏီဖြစ်ရဲ့လားဆိုတာ ပြည်သူလူထုတွေက လေ့လာသင့်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ‘အဲဒီလိုထောက်ခံခွင့်ပြုတာတွေမရှိဘူးဆိုရင် ပြည်သူလူထုတွေအနေနဲ့ လုံးဝမယုံကြည်သင့်ဘူး၊ ခွင့်ပြုချက် မရဘဲ ကုမ္မဏီတွေကလုပ်နေတယ်ဆိုရင် တည်ဆဲဥပဒေနဲ့အရေးယူလို့ရတယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုပါတယ်။ ကုမ္မဏီတွေမှာ အပ်ငွေတွေထည့်ပြီး ကုမ္မဏီဘက်ကအတိုးပေးမယ်ဆိုတဲ့အလုပ်က မြန်မာနိုင်ငံရဲ့ဘဏ်ဥပဒေနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့အလုပ်ဖြစ်ပြီး ကုမ္မဏီတွေအနေနဲ့ငွေစုငွေချေးလုပ်မယ်ဆိုရင် အစိုးရကသတ်မှတ်ထားတဲ့ ဘဏ်တွေကပဲ လုပ်ပိုင်ခွင့်ရှိတယ်လို့ ဦးလှမောင်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကခွင့်ပြုထားတဲ့ဘဏ်လုပ်ငန်းမှာပဲ ငွေထည့်ပြီးအတိုးရတာဖြစ်တဲ့အတွက် နယ်မြို့တွေ မှာ ငွေအတိုးချကုမ္မဏီတွေလုပ်ကိုင်နေတာက ငွေကြေးဥပဒေနဲ့ကိုက်ညီမှုမရှိဘူးလို့ ကမ္ဘေဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်ကပြောပါတယ်။ ‘ဘဏ္ဍာခွန်နဲ့လဲလျင်ဖို့ အရေးယူဖို့လိုတယ်၊ ဥပဒေမဲ့လုပ်တဲ့ကိစ္စတွေဖြစ်တယ်၊ ဒေါ်လာနဲ့ ကစားချင်ရင် ဗဟိုဘက်က လိုင်စင်ရှိရမယ်လို့ ဦးသန်းလွင်က ပြောပါတယ်။ ငွေအတိုးများများပေးတဲ့ ငွေအတိုးချကုမ္မဏီမှာ လုပ်ငန်းလုပ်ကိုင်တော့မယ်ဆိုရင် အစိုးရကခွင့်ပြုထားတဲ့ ဘဏ်တွေ အသေးစားငွေချေးလုပ်ငန်းတွေနည်းတူ ကြီးကြပ်နိုင်မှုနဲ့ထောက်ခံမှု မရှိနိုင်ဘူးလို့ Thura Swiss ကုမ္မဏီတည်ထောင်သူ ဒေါက်တာအောင်သူရက ပြောပါတယ်။ ‘တစ်ခုခုဖြစ်ရင်တာဝန်ယူမှုတာဝန်ခံမှုတွေမရှိဘူး၊ အတိုးတွေကအစ ဖြေရှင်းပေးမယ့်ပုဂ္ဂိုလ်တွေလဲ မရှိဘူး၊ အဲဒါတွေကို ဂရုပြုသင့်တယ်လို့ ဒေါက်တာ အောင်သူရက ပြောပါတယ်။ MLM လိုပုံစံမျိုးတွေပါလာပြီဆိုရင် ပြည်သူတွေအနေနဲ့ အန္တရာယ်များလွန်းတဲ့အတွက် လုံးဝမလုပ်ကိုင်သင့်ဘူး လို့ သူကဆက်ပြောပါတယ်။ လုပ်ဆောင်ပုံ ၁၉၉၅ မှ ၂၀ဝ၃ ခုနှစ် လဆန်းအထိလုပ်ကိုင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီတွေဟာ ပြည်သူလူထုအပ်ထားတဲ့ ငွေတွေကို သုံးလကိုနှစ်ရာခိုင်နှုန်း၊ ခြောက်လကိုလေးရာခိုင်နှုန်း၊ ၁၂ လကို ခြောက်ရာခိုင်နှုန်း အတိုးပြန်ပေးတဲ့ ပုံစံနဲ့လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်သူလူထုအနေနဲ့ အတိုးများများရတဲ့အတွက် ကုမ္မဏီတွေကပေးတဲ့ မက်လုံးနောက်ကိုလိုက်ပြီး ရင်းနှီး မြှုပ်နှံတာဖြစ်ပါတယ်။ အဲသည်အတွက် ပြည်သူလူထုတွေအတွက် ဆုံးရှုံးမှုတွေများလိမ့်မယ်လို့ ဦးလှမောင် က ပြောပါတယ်။ ‘ရှိစုမဲ့စုပင်စင်သမားတွေလဲပါသွားတယ်၊ သိန်းထောင်ချီသမားတွေလဲပါသွားတယ်၊ နောက် ဆုံးထွက်ပြေးသွား တော့ ဘယ်သူမှပြန်မရကြဘူးလို့ ဦးလှမောင်က ပြောပါတယ်။ လတ်တလောမှာငွေစုပြီးအတိုးပြန်ထုတ်ပေးတဲ့ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီတွေအများလုပ်ကိုင်တဲ့နေရာတွေ ကတော့ မော်လမြိုင်၊ ပြည်၊ ပဲခူး၊ ကျုံပျော်မြို့တွေ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကျုံပျော်မြို့ကို ဝင်ရောက်နေတဲ့ ကုမ္မဏီကတော့ SCL (Saxon Capital Group – SCL Club Myanmar) ဖြစ်ပါတယ်။ အဲသည်ကုမ္မဏီဟာ ကမ္ဘာဘဏ်နဲ့ချိတ်ဆက်ထားတဲ့ ကုမ္မဏီတစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံပြင်သစ်မှာအခြေ စိုက်ထားတာဖြစ်ပြီး ထိုင်းနိုင်ငံမှရုံးခွဲဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆွဲဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒီဇင်ဘာလမှာ စတင်ကာ ရင်းနှီးမြှုပ်နှံမှုစတင်လုပ်ခဲ့တာဖြစ်တယ်လို့ ကျုံပျော် မြို့သူမြို့သား များပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာ SCL နဲ့ လုပ်ဆောင်နေတဲ့ ကျုံပျော်မြို့က ဦးဓမ္မသာရက SCL ကုမ္မဏီတွေအနေနဲ့ အမြတ်ရဲ့ သုံးပုံတစ်ပုံကို ရင်းနှီးမြှုပ်နှံသူကိုပေးပြီး သုံးပုံနှစ်ပုံကို ကုမ္မဏီကယူတာဖြစ်ပါတယ်။ လူတန်းစားပေါင်းစုံပါဝင်နိုင်တယ်လို့ မိန့်ပါတယ်။ ‘ကျုံပျော်မြို့မှာ လူတန်းစားပေါင်းစုံက လူဦးရေ ၁၀ဝဝ လောက် မမ်ဘာဝင်ထားပါတယ်၊ အွန်လိုင်းစနစ်နဲ့သွားတာဖြစ်ပြီး မမ်ဘာတစ်ယောက်ရှာနိုင်ရင် ဒေါ်လာ ၁၀ အကျိုးအမြတ်ရတယ်လို့ ဦးဓမ္မသာရက မိန့်ပါတယ်။ SCL ကုမ္မဏီဟာ ဇန်နဝါရီလမှာ မြန်မာနိုင်ငံရဲ့ကုမ္မဏီများညွန်ကြားမှုဦးစီးဌာနရဲ့ကုမ္မဏီမှတ်ပုံတင် ရရှိထားတာဖြစ်တယ်လို့ ဦးဓမ္မသာရကမိန့်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာနက ကုမ္မဏီတွေကို မှတ်ပုံတင်ချပေးထား တာသာဖြစ်ပြီး လိုက်လံစစ်ဆေးတာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပဲ သက်ဆိုင်တယ်လို့သိရ ပါတယ်။ SCL ကုမ္မဏီက ကျုံပျော်မြို့မှာ ဇန်နဝါရီလကစတင်ပြီး မြန်မာငွေ ကျပ် ၁၂၅,၅၀ဝ ကို ရင်းနှီးမြှုပ်နှံရင် ရက်ပေါင်း ၉၀ မှာ သုံးသိန်းကျော်ပြန်လည်ရရှိမယ်လို့ ဆွဲဆောင်စည်းရုံးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလမှာလည်း အနည်းဆုံး ၁၈၇,၅၀ဝ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရက်ပေါင်း ၁၂၀ ကြာတဲ့ အခါငွေကျပ် ၃၃၇,ဝဝဝ ရရှိမှာဖြစ်ပြီး အဲသည်နောက်ပိုင်းမှာတော့ ဒေါ်လာ ၃၀ဝ အထက် ရင်းနှီး မြှုပ်နှံနိုင်တဲ့သူနဲ့သာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စည်းရုံးဆွဲဆောင်ခဲ့ပါတယ်။ ကုမ္မဏီတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ငွေရင်းနှီးမြှုပ်နှံပြီးဆပွားအတိုးပေးနေ တဲ့ကုမ္မဏီတွေဟာ တရားဝင်ကုမ္မဏီတွေမဟုတ်ဘူး လိမ်လည်နေတဲ့ ကုမ္မဏီတွေသာဖြစ်တယ်လို့ သတင်းစာတွေကို ပြောခဲ့ပါတယ်။ လက်ရှိမှာ SCL ကုမ္မဏီအပြင် တခြားကုမ္မဏီတွေလည်း အတိုးနှုန်းများများနဲ့ပြန်ရဖို့ဆိုတဲ့ကြော်ငြာချက် တွေနဲ့ အွန်လိုင်းမှာကြော်ငြာခဲ့ပါတယ်။ အဲသည်ကုမ္မဏီထဲက တစ်ခုကတော့ Forex Trading ကုမ္မဏီဖြစ်ပါတယ်။ Forex Trading ကုမ္မဏီဟာ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင် ဒေါ်လာ ၃၀ဝဝ ကစတင်ပြီးရင်း နှီးရမှာဖြစ်ပြီး တစ်လကို အမေရိကန်ဒေါ်လာ ၅၀ဝ မှ ဒေါ်လာ ၁၀,ဝဝဝ အထိရရှိနိုင်တယ်။ စီး ပွားရေးနဲ့ကွာခြားချက်တွေအခက်အခဲမရှိတာတွေကို ပြောဆိုပြီးဆွဲဆောင်ထားပါတယ်။ နောက်တစ်ခုကတော့ Aust-ralia ရဲ့ celebrates 2017 ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲသည် အစီအစဉ်ကတော့ လူတစ်ဦးဟာ မိမိသွင်းလိုက်တဲ့ငွေ deposit ရဲ့ ၂၀ ရာခိုင်နှုန်းဘောနပ်ရချင်ရင် အကောင့်တစ်ခုဖွင့်ရမယ်။ အမြဲတမ်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူး။ အချိန်ကန့်သတ်ချက်တွေရှိ တယ်လို့ ဖေ့စ်ဘုတ်ခ်ကတစ်ဆင့်ကြေညာထားပါတယ်။ အဲသည်ကြော်ငြာချက်နဲ့လုပ်ကိုင်ပုံတွေက အရင်ကဖျက်သိမ်းခဲ့ရတဲ့ ကုမ္မဏီရဲ့လုပ်ဆောင်ချက်တွေနဲ့ တူနေပြီးလိမ်ညာမှုတွေသာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေကသုံးသပ်ကြပါတယ်။ ငွေကြေးကန့်သတ်ချက် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နေတဲ့ ကုမ္မဏီတွေဟာ ဒေါ်လာနဲ့အပေးအယူလုပ်မယ်ဆိုပြီး ပြည်သူတွေကို ဆွဲဆောင်နေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒေါ်လာနဲ့အပေးအယူလုပ်ဆောင်လို့မရဘူး လို့ ဗဟိုဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဟိုတယ်တွေ၊ လေဆိပ်တွေ၊ ရောင်းဝယ်မှုတွေမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်တွေဟာ ဒေါ်လာနဲ့လုပ်ဆောင်တာတွေမရှိတော့ဘူးလို့ ဦးလှမောင်ကဆိုပါတယ်။ ‘တကယ်လို့ ဒေါ်လာနဲ့ငွေကစားနေပြီဆိုရင် လုံးဝဥပဒေနဲ့မညီဘူးလို့ ဦးလှမောင်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါ ဒေါ်လာနဲ့ကစားချင်ရင် ဗဟိုဘဏ်က လိုင်စင်ရှိမှလုပ်ဆောင်နိုင် မှာဖြစ်ပြီးဒေါ်လာကို နိုင်ငံသားတွေအနေနဲ့ကိုင်ဆောင်ခွင့်ရှိပေမဲ့ အပေးအယူလုပ်ခွင့်မရှိပါဘူးလို့ ဦးသန်းလွင်က ပြောပါတယ်။ SCL ကုမ္မဏီမှာ ကမ္ဘာ့ဘဏ်နဲ့ချိတ်ဆက်ထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။ ကုမ္မဏီတစ်ခုမှာ ငွေထည့်ပြီးငွေရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ပြည်သူတွေအနေနဲ့ မြန်မာစာချုပ်ဥပဒေနဲ့ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး ကုမ္မဏီအနေနဲ့လက်မှတ်တွေထိုးခိုင်းရင်လည်း အလွတ်မရှိတဲ့စာရွက်မှာ လက်မှတ်မထိုးပေးသင့်ဘူးလို့ ဦးလှမောင်က ပြောပါတယ်။ SCL ကုမ္မဏီမှာ အွန်လိုင်းချိတ်ဆက်တဲ့စနစ်ကနေသွားနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ လက်ဆုတ်လက်ကိုင်မပြနိုင်တဲ့ စီးပွားရေးကိုမလုပ်သင့်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ SCL (ဆင့်ပွားစနစ်) လုပ်ငန်းတွေက မြန်မာနိုင်ငံကိုဝင်ရောက်လာခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တည်းကဖြစ်ပြီး ၂၀၁၆ ခုနှစ်ကမှ SCL ရဲ့ဆိုးကျိုးကို စတင်သတိပြုမိလာကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာနေထိုင်သူတချို့ကတော့ လက်မခံတဲ့အတွက် နယ်မြို့တွေကို ဦးတည်လာတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ သက်ဆိုင်ရာက အမြန်ဆုံးအရေးယူသင့်တယ်၊ အရင်ကလဲ နမူနာတွေရှိ တဲ့အတွက် အမြန်ဆုံး တားဆီးသင့်တယ်လို့ ဦးလှမောင်က ဆက်ပြောပါတယ်။ SCL လုပ်ငန်းတွေကို သေချာစိစစ်လေ့လာဖို့ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနစတဲ့ ဌာနဆိုင်ရာတွေပူး ပေါင်းတဲ့အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။ ‘ကုမ္မဏီမှတ်ပုံတင်ထားတာရှိ မရှိကိုစစ်ဆေးဖို့ လုပ်ဆောင်နေတယ်၊ ထိထိရောက်ရောက်အရေးယူနိုင် ဖို့လို့ ဦးသန်းအောင်ကျော်က ပြောပါတယ်။ Author – မို့မို့သန္တာ
Source : http://ift.tt/2ll9Lwt
via IFTTT


ထွန်းထွန်းမင်း၊ တူးတူးတို့ ပါဝင်ထိုးသတ်မည့် ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ယနေ့ကျင်းပမည် မြန်မာလက်ခမောင်း ကုမ္ပဏီက ပထမဆုံးကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို မတ် ၃ ရက် (ယနေ့) ညနေ ၆ နာရီတွင် မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိ ဂေါ့ဖ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး နာမည်ကြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားများဖြစ်သည့် ထွန်းထွန်းမင်းနှင့် တူးတူးတို့ ပါဝင်ထိုးသတ် မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၀ ပွဲ ပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာပွဲစဉ် လေးပွဲနှင့် ပြည်တွင်းပွဲစဉ် ခြောက်ပွဲ ထည့်သွင်းကျင်းပမည် ဖြစ်သည်။ အဓိကတွဲဆိုင်းအဖြစ် နာမည်ကြီး လက်ဝှေ့သမား ထွန်းထွန်းမင်းနှင့် အင်္ဂလန် နိုင်ငံသား နီကိုလက်စ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အခြားပွဲစဉ်များအဖြစ် တူးတူးနှင့် အက်ဒီ (သြစတြေးလျ)၊ ဖိုးသော်နှင့် ဂျန်ခိုင်ဂျီ (မလေးရှား)၊ ကျားပေါက်နှင့် ပတ်ချန်ဆင် (ကမ္ဘောဒီးယား) တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်
Source : http://ift.tt/2ml2g8i
via IFTTT

Shwe Myitmakha Media Group

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်သို့ ခြေလျင်တက်သူတစ်ဦး အမောဆို့သေဆုံး အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မတ်လ (၃) ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်သို့ ကျီးကန်းပါးစပ်ဂူမှ ခြေလျင်တက်သူတစ်ဦး အမောဆို့သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။ “သေတဲ့သူက မိသားစုနဲ့အတူ ဘုရားဖူးလာတာ။ ရင်ပြင်တော်ပေါ်ကနေ ကျီးကန်းပါးစပ်ကိုဆင်းပြီး ပြန်တက် လာတယ်။ ပြီးတော့ တောင်အောက်ပြန်ဆင်းမယ်ဆိုပြီး ကားပေါ်တက်ထိုင်တဲ့အချိန်မှာ မူးတယ်ဆိုပြီး လဲသွား တာ။ အဲဒါကို သူ့သားက ရင်ပြင်တော်ဆေးခန်းလာပို့တဲ့အချိန်မှာပဲဆုံးသွားတယ်။”ဟု သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးကပြောသည်။ ကျိုက်ထီးရိုးရင်ပြင်တော်ဆေးခန်းတွင် လူတစ်ဦးသေဆုံးနေကြောင်းသတင်းအရ ရင်ပြင်တော်လုံခြုံရေးအဖွဲ့ဝင် များ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရန်ကုန်မြို့နေ ဦးလှနုမောင်(၄၃)နှစ်ဖြစ်ပြီး မတ် ၂ ရက်က မိသား စုများနှင့်အတူဘုရားဖူးလာစဉ် အမောဆို့သေဆုံးသွားခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃ /၂၀၁၇ ဖြင့် အမှုဖွင့်လှစ် ထားကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Source : https://goo.gl/WBHaOW
via IFTTT

Wednesday, March 1, 2017

The Voice

လိပ်ကျွန်းအမှု အယူခံကို တရားရုံးက( သေဒဏ် )အဖြစ် ထပ်မံဆုံးဖြတ် ==================================== ၁..၃..၁၇ - ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်း လူသတ်မှု့နဲ့ သေဒဏ် အပြစ်ပေး ခံထား ရတဲ့ ( ဇော်လင်း နဲ့ ဝင်းဇော်ထွန်း ) တို့ ၂ ဦးရဲ့ အမှု့ ကို ယနေ့ ( ၁..၃..၁၇ ) ကော့စမွေတရားရုံးမှာ တရားလိုဖြစ်တဲ့ ခရိုင်ဥပဒေအရာရှိ ကို အယူခံတရားရုံး တရားသူကြီးတွေကခေါ်ယူပြီး အယူခံတရားရုံးရဲ့ စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။ - စီရင်ချက်ကတော့ အောက်ရုံးက စီရင်ချက် အတိုင်းပဲ အယူခံရုံးကလည်း မြန်မာ၂ဦးကို သေဒဏ်အဖြစ်ပဲ သတ်မှတ် ပါတယ်လို သတင်းမှာဖော်ပြ ထားပါတယ်။ - မေလ ၂၃ ရက်နေ့မှာ အယူခံ တင်သွင်းထားပြီး ဒီလို အယူခံတရားရုံးက စီရင်ချက်ချတာကို တရားခံရဲ့ရှေ့နေတွေဆီ လုံးဝ အကြောင်းမကြားပါဘူး။ - ထိုင်းသတင်းမှာပါလာမှ ရှေ့နေတွေက သိရတာပါ။ ထို့အတူ ဒီစီရင်ချက်ကို ကာယကံရှင်တွေဖြစ်တဲ့ ၂ဦးရှိရာ နွန်ထဘူရီ ဘန်ခွမ်အကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝရီ၂၃ ရက်နေ့ကတည်းက သွားဖတ်ပြပြီး လက်မှတ်ထိုးစေ ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ - ရှေ့နေတွေကတော့ အမြင့်ဆုံး တရားလွှတ်တော်ချုပ်အထိ ဆက်တက်မယ် လို့ ဆိုပါတယ်။ ============
Source : https://goo.gl/yimJ3B
via IFTTT