Monday, March 13, 2017

Eleven Media Group

အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်မရှိ ရောင်းချသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်စစ်ဆေးရာ လုပ်ငန်းပေါင်း ၂၀၀ ခန့်မှာ ခွင့်ပြုချက်မရှိ ထုတ်လုပ်နေ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ရောင်းချသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်စစ်ဆေးရာ လုပ်ငန်းပေါင်း ၂၀၀ ခန့်မှာ ခွင့်ပြုချက်မရှိ ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စိစစ်တွေ့ရှိချက်အရ သိရသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေးပြီး ခွင့်ပြုချက်ဖြင့် တရားဝင် ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းပေါင်း ၉၉၇ ခုရှိပြီး ခွင့်ပြုချက်မရှိ ထုတ်လုပ်နေသည့် သောက်ရေသန့် ၂၀၀ ခန့်ရှိကြောင်း၊ တရားဝင် ခွင့်ပြုချက်မရှိသည့် လုပ်ငန်းများကို အရေးယူမှုများ ဆောင်ရွက်နေသော်လည်း ချက်ချင်းအရေးယူ၍ မရကြောင်းနှင့် တရားမဝင်သည့် တံဆိပ်များကို စျေးကွက်အတွင်း အမှန်တကယ် ရောင်းချမှု ရှိ မရှိစစ်ဆေးကာ ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။ သောက်ရေသန့်လုပ်ငန်းများ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းကို နောက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲဝေလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။ လက်ရှိ သောက်ရေသန့်လုပ်ငန်းနှင့် ပတ်သက်၍ အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းမှာ အကြိမ်ကြိမ်စစ်ဆေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရာတွင် လုပ်ငန်းကြန့်ကြာမှုများ ရှိနေသည့်အတွက် တိုင်းဒေသကြီးအလိုက် တာဝန်များ ခွဲဝေပေးသွားရန် စီစဉ်ထားကြောင်း၊ ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးကို စတင်လုပ်ဆောင်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းအတွင်းရှိ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ကို စတင်လုပ်ဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ သောက်ရေသန့်လုပ်ငန်းများအား အစားအသောက်ထုတ်လုပ် ခြင်းထောက်ခံချက်ရရှိရေးအတွက် GMP ကွင်းဆင်းစစ်ဆေးခြင်း၊ ရေ နမူနာကောက်ယူ၍ ဓာတုဗေဒ/ အဏုဇီဝ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးစဉ် ညွှန်ကြားချက်များ ပြင်ဆင်၍တင်ပြစေခြင်း၊ ဒုတိယအကြိမ် နှင့်တတိယအကြိမ်အဖြစ် ရေနမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ လုပ်ငန်းအားနည်းချက်များ ပြုပြင်စေပြီး စတုတ္ထအကြိမ် (နောက် ဆုံးအကြိမ် ) ရေနမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေ အမှတ်တံဆိပ်၊ ကွင်းဆင်းစဉ် ညွှန်ကြားချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံခြင်း၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ သို့တင်ပြခြင်းနှင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။ FDA အနေဖြင့် ထောက်ခံချက်ရရှိပြီးသည့် လုပ်ငန်းများအား လေးလတစ်ကြိမ် သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိ ပေးပို့စစ်ဆေးခြင်းများအပြင် စျေးကွက်အတွင်း သောက်ရေသန့်ဘူးများ၏ အရည်အသွေးကို စျေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း အစီအစဉ်ဖြင့် ကျပန်းနမူနာများ ကောက်ယူစစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ တင်ပြလျှောက်ထားသည့် သောက်ရေသန့်လုပ်ငန်းများနှင့် ထောက်ခံချက်ရရှိပြီး သက်တမ်းရှိ သောက်ရေသန့်လုပ်ငန်းများ စျေးကွက်နမူနာ စစ်ဆေးချက်အရ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိလျှင်သော် လည်းကောင်း၊ အရည်အသွေးပြည့် မီမှုမရှိလျှင်သော်လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ကို ဆိုင်းငံ့ခြင်း၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီမှတစ်ဆင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းကို တားမြစ်စေခြင်း၊ လုပ်ငန်းသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ပြီး ကိုက်ညီမှုရှိမှသာ ပြန်လည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချစေခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ Writer: အိသဥ္ဇာကျော်
Source : http://ift.tt/2mATMYw
via IFTTT

No comments:

Post a Comment