အမျိုးသမီးတစ်ဦးကို လက်ဆွဲပြီး နောက်ပြောင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားကို ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ကမာရွတ်မြို့နယ် (၁) ရပ်ကွက်အတွင်း လာရောက်နေ ထိုင်သည့် အသက် (၃၅) နှစ်အ ရွယ် ဗီယက်နမ်နိုင်ငံသားတစ်ဦး က ရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးကို လက်ဆွဲကာ စနောက်ခဲ့ခြင်းကြောင့် ရပ်ကွက် နေသူများနှင့် အချေအတင်ဖြစ် ခဲ့ပြီး ဗီယက်နမ်နိုင်ငံသားကို အမှုဖွင့် အရေးယူထားကြောင်း သ တင်းရရှိသည်။ ကမာရွတ်မြို့နယ် (၁) ရပ် ကွက်အတွင်းရှိ အထပ်မြင့်တိုက် မြေညီထပ်တွင် ငှားရမ်းနေထိုင် သည့် ဗီယက်နမ်နိုင်ငံသားသည် မတ်လ ၁၀ ရက် ည ၈ နာရီခန့်က ရပ်ကွက်နေ အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦး ၎င်း၏ တိုက်ခန်းရှေ့မှ ဖြတ်သန်းစဉ် စနောက်ခဲ့ကြောင်း အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆို သည်။ ‘‘သူတို့က အဲဒီအခန်းမှာနေ တာ ၂ နှစ်လောက်ရှိပြီ။ အရင်က လည်း မူးပြီးသောင်းကျန်းလို့ အ ရေးယူဖူးတယ်။ အခုလည်း တစ် ခါထပ်ဖြစ်လို့ သူ့ကိုအမှုဖွင့်ပြီး အာမခံပေးဖို့ ရဲစခန်းကိုပြောထား ပါတယ်။ အခုကိစ္စမှာ မိန်းကလေး က တရားလိုလုပ်ပြီး ဖွင့်တာပေါ့။ နောက်ပြီး လဝကကလည်း သူ့ကို ထပ်အမှုဖွင့်ထားသေးတယ်’’ ဟု ၎င်းကဆိုသည်။ အဆိုပါ ဗီယက်နမ်နိုင်ငံ သားများသည် ယခင်ကလည်း နေအိမ်ရှေ့ ဖြတ်သွားသည့် မိန်း ကလေးများကို နောက်ပြောင်လေ့ရှိပြီး ယခုတစ်ကြိမ်တွင်မူ ၎င်းတို့အထဲမှ တစ်ဦးက NGO ဝန်ထမ်း ဆရာမတစ်ဦး၏ လက်ကိုဆွဲ၍ အခြားသူငယ်ချင်းများ က ဝိုင်းဝန်းလှောင်ပြောင်ကြ ကြောင်း ရပ်ကွက်နေသူတစ်ဦး ကဆိုသည်။ ‘‘သူတို့က အလုပ်ကြမ်းသမားတွေပါ။ ပညာရှင်တစ်ယောက်မှမပါဘူး။ ဒီတစ်ခေါက် အိမ်စာချုပ်ပြည့်ရင်တော့ သူတို့ကို ထပ်မငှားဖို့ အိမ်ရှင်ကိုလည်း ပြောထားပါတယ်။ ဖေ့စ်ဘွတ်ခ် မှာတက်နေသလို ဘိန်းရှူတယ် ဘာညာဆိုတာက မဟုတ်ပါဘူး’’ ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် လူစု လူဝေး ဖြစ်ပေါ်ခဲ့သော်လည်း ထိ ခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၎င်းကရှင်းပြသည်။ ‘‘သူတို့အလုပ်လုပ်တဲ့ ကုမ္ပဏီတော့မသိဘူး။ ILBC ဘေးနားက ဆောက်လုပ်ရေးလုပ် ငန်းခွင်မှာ အလုပ်လုပ်ကြတာ။ အဲဒီအဆောက်အအုံက ဗီယက်နမ်ကုမ္ပဏီကို ငှားပြီးဆောက်တာ ဆိုတော့ အဲဒီမှာ ဗီယက်နမ်နိုင်ငံသားတွေ အများကြီးပဲ’’ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။ ဗီယက်နမ်နိုင်ငံသားကို ကမာရွတ်မြို့မရဲစခန်းက ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်ကျူးလွန်ခြင်း ပုဒ်မ ၃၅၄ အပြင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကလည်း ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ကမာရွတ်မြို့မရဲစခန်း မှ သိရသည်။
Source : http://ift.tt/2mZwI8g
via IFTTT
No comments:
Post a Comment