Wednesday, March 8, 2017

Aye Chan Mon

ခိုးရာလိုက်ပြေးသော နဝမတန်းကျောင်းသူတစ်ဦး တည်းခိုခန်းတွင် ချန်ထားခြင်းခံရ၍ မိမိကိုယ်ကိုယ် အဆုံးစီရင် By ဇော်မင်းထိုက် ပဲခူးတိုင်းဒေသကြီး ပြည် မြို့တွင် ခိုးရာလိုက်ပြေးလာသော နဝမတန်း ကျောင်းသူတစ်ဦး တည်းခိုခန်း၌ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု မတ်လ ၆ ရက်က ဖြစ်ပွားခဲ့ပြီး ခိုးယူပေါင်းသင်းသောအမျိုးသားသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် နေထိုင်သော အသက်(၃၀)အရွယ်အမျိုးသား သည် အသက်(၁၅) နှစ်အရွယ် ကျောင်းသူကို ခိုးယူပေါင်းသင်း ပြီး တည်းခိုခန်း၌ ထားခဲ့သဖြင့် မိမိကိုယ်ကိုယ်သေကြောင်းကြံခဲ့ ကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။ ‘‘တည်းခိုခန်းမှာ လာတည်း ခိုနေရင်း နှစ်ရက်မြောက်တဲ့နေ့မှာ ယောကျ်ားလေးဖြစ်သူက ဘဏ် မှာ ပိုက်ဆံသွားထုတ်ဦးမယ်ဆိုပြီး ကောင်မလေးကို တစ်ယောက် တည်း တည်းခိုခန်းမှာ အပ်ထားခဲ့ တယ်။ ကောင်လေးက သူ့မှတ်ပုံ တင်ကိုတော့ ထုတ်ယူသွားတယ်။ မနက်ကတည်းက ထွက်သွားတာ ညနေအထိ ပြန်မလာတော့တဲ့အ ခါ ရှောင်သွားတဲ့ သဘောမျိုးဖြစ် သွားတယ်။ အဲဒီမှာ မိန်းကလေး ငယ်က သေကြောင်းကြံသွား တယ်’’ဟု ၎င်းက ဆိုသည်။ ပြည်မြို့ အဝေးပြေးကား ဂိတ်အနီးရှိ တည်းခိုခန်းတွင် မတ်လ၅ ရက်က လာရောက်တည်းခိုနေစဉ် မတ်လ ၆ ရက်ညနေ၌ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပြီး ပြည်ဆေးရုံ၌ ည ၁၂ နာရီခန့်တွင် ကွယ်လွန်ခဲ့သည်။ သေကြောင်းကြံသူသည် ကိုကာကိုလာအချိုရည်တွင် ဓာတ်ဆီများရောထည့်၍ သောက်ခြင်း၊ ဝဲဘက် လက်ကောက်ဝတ်ကိုကာကိုလာဘူးခွံသတ္တုစဖြင့် လှီးဖြတ်ကာ သေကြောင်းကြံစည် ခြင်းဖြစ်ကြောင်း ရဲစခန်းမှ သိရ သည်။ အသက်မပြည့်သေးသော မိန်းကလေးကို ခိုးယူပေါင်းသင်း သော အမျိုးသားသည် ထွက် ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရန် ဆောင်ရွက်နေပြီး ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။ ‘‘ကောင်မလေးသေဆုံးသွား တာကိုတော့ ပြည်ရဲစခန်းမှာ သေ မှုသေခင်းပဲ ဖွင့်ခဲ့တယ်။ ကောင် မလေးရဲ့ အစ်ကိုဖြစ်သူနဲ့ အဆက်အသွယ်ရပြီး လိုက်လာတဲ့အခါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်း က ကောင်မလေးကို ခိုးယူပေါင်း သင်းသွားတယ်။ ကောင်လေးကို မတ်လ ၂ ရက်ကတည်းက အ သက် မပြည့်သူကို ခိုးယူပေါင်း သင်းမှုရာဇသတ်ကြီးပုဒ်မ ၃၆၃ နဲ့ တော်လတဲ့ရဲစခန်းမှာ အမှုဖွင့်ပြီး သားပါ။ မိသားစုတွေက လိုက်လံ စုံစမ်းဆဲမှာပဲ ဒီလိုဖြစ်ရပ်မျိုးဖြစ် သွားတယ်။ စခန်းက ရဲမေတွေ ရော၊ လူမှုကူညီမှုအသင်းတွေ ရော၊ ဆေးရုံရောစုပေါင်းပြီး ဂရု စိုက်ကြိုးစားကယ်တင်ပေမယ့် မရခဲ့ဘူး။ ငယ်ရွယ်တဲ့ မိန်းကလေး တွေ စိတ်ကစားတိုင်း စိတ်အလို မလိုက်ကြဖို့ သင်ခန်းစာပါပဲ’’ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
Source : http://ift.tt/2mzVb3A
via IFTTT

No comments:

Post a Comment