Tuesday, March 14, 2017

Myanmar Earthquake Committee

ရန်ကုန်မှာ ငလျင်လှုပ်တယ် လို့ သိရပြီဆိုရင် များသောအားဖြင့် ခုညဦးက လှုပ်ခဲ့တဲ့ တိုက်ကြီး ဒေသက ပြတ်ရွေ့ငယ်ကြောင့် ပဲ ဖြစ်ပါတယ်။ ဒီ ငလျင်ဇုံက အနောက်ပဲခူးရိုးမ ပြတ်ရွေ့ခေါ်တဲ့ ဖြစ်စဉ်ကြီး တစ်ခု ရဲ့ အခက်အမွှာ တစ်ခု ဖြစ်ပြီး ငလျင်ငယ်လေး တွေ (ပမာဏ ၅ ဝန်းကျင်) တစ်နှစ် တစ်ခါ နှစ်ခါ ဖြစ်လေ့ရှိပါတယ်။ ဒီထက် ကြီးတဲ့ ငလျင် ဖြစ်တတ်တဲ့ အနေအထား မျိုး မှတ်တမ်းမျိုး မရှိပေမယ့် ငလျင် အနက် က ၅ ကီလိုမီတာ ဝန်းကျင် မှာ ဖြစ်လို့ စိတ်လှုပ်ရှားဖွယ် ခံစားရတတ်တာပါ။ တကယ် တမ်း ရန်ကုန် ကို ချိန်းခြောက် တာက အရှေ့ဖက် က စစ်ကိုင်းပြတ်ရွေ့ ပဲခူးအဆစ်အပိုင်း (ပမာဏ ၇ ကျော် လှုပ်နိုင်)၊ နဲ့ အနောက် တောင်ဖက် ဒေးဒရဲ ပြတ်ရွေ့( ပမာဏ ၆ ကျော်လှုပ်နိုင်) တာတွေပါ။ ဒါတွေက တော့ နှစ် ၈၀ - ၁၀၀ မှ တစ်ကြိမ်လှုပ်တာ ဖြစ်ပါတယ်။ ဒီည ဖြစ်တဲ့ ဖြစ်စဉ်နဲ့ မဆိုင်ပါ။ ဒါပေမယ့် သတိ ဆိုတာ ပိုတယ် မရှိပါကြောင်း ရန်ကုန် ပြည်သူ အားလုံး ကို သတင်းပို့ အပ်ပါတယ်။
Source : http://ift.tt/2ngZ0vn
via IFTTT

No comments:

Post a Comment