Device နှစ်ခု တပြိုင်တည်း အားသွင်းပေးနိုင်မယ့် Samsung ရဲ့ Wireless Charger အသစ် Samsung ဟာ Galaxy စမတ်ဖုန်းတွေနဲ့ မကြာခင်ထွက်ရှိလာမယ့် Galaxy Watch တို့အတွက် Wireless Charger အသစ်တခု မိတ်ဆက်သွားဖို့ ရှိပါတယ်။ သြဂုတ်လ ၈ ရက်နေ့၊ Barclays Center မှာ ကျင်းပမယ့် Samsung ရဲ့ Unpacked ပွဲမတိုင်ခင်မှာ Wireless Charger Duo လို့ အမည်ပေးထားတဲ့ ဘူးဒီဇိုင်း ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာ ကြိုတင် ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ Samsung ရဲ့ ယခု ကြိုးမဲ့ အားသွင်းစနစ် အသစ်ဟာ Qi စနစ် ပါဝင်တဲ့ ဖုန်းနှစ်လုံး ဒါမှမဟုတ် Galaxy Watch နဲ့ ဖုန်းတလုံးတို့ကို တပြိုင်နက် အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကြိုးမဲ့ အားသွင်းစနစ် ဆိုပေမယ့် Fast Charging နည်းပညာလည်း ပါဝင်တဲ့အတွက် အားတခါ ပြည့်ဖို့အတွက် အကြာကြီး စောင့်ဆိုင်းနေစရာ လိုမှာ မဟုတ်ပါဘူး။ မကြာခင် ထွက်ရှိလာမယ့် Galaxy Note 9 ဖုန်းမှာ 4,000mAh ဘက်ထရီ ပါဝင်လာမှာ ဖြစ်ပြီး၊ အရင် Galaxy ဖုန်းတွေထက် ပိုမိုမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ယခု Wireless Charger Duo အသစ်ဟာ Galaxy Note 9 အတွက် လိုအပ်တဲ့ များပြားတဲ့ Output ပမာဏကို ပေးစွမ်းနိုင်မလားဆိုတာကတော့ မသိရသေးပါဘူး။ Samsung ရဲ့ Wireless Charger Duo အသစ်ဟာ လွန်ခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ AirPower နဲ့ အကြမ်းဖျဉ်းအားဖြင့် အတူတူပဲ ဖြစ်ပါတယ်။ Apple AirPower ကတော့ iPhone, Apple Watch နဲ့ AirPods စသဖြင့် Devices ၃ ခုအထိကို တပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ AirPower ထုတ်လုပ်ရာမှာ နည်းပညာ အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် အခုထိ မရောင်းချနိုင်သေးဘူးဖြစ်ပါတယ်။ Ref: The Verge The post Device နှစ်ခု တပြိုင်တည်း အားသွင်းပေးနိုင်မယ့် Samsung ရဲ့ Wireless Charger အသစ် appeared first on ဧရာဝတီ.
Source : https://ift.tt/2JNHOER
via IFTTT
No comments:
Post a Comment